• Follow Us on

Home အစုိးရမွ သတင္းသမားမ်ားကုိ က်ပ္သိန္း(၃၀၀)ေထာက္ပံ့၊ ေထာက္ပံံ့ေငြေၾကးမ်ားကုိ လက္ခံရယူလုိမႈ ရွိ/မရွိ သည္ ကုိယ္တုိင္ဆုံးျဖတ္ရမည့္ကိစၥဟု ေကာင္စီဆုိ

အစုိးရမွ သတင္းသမားမ်ားကုိ က်ပ္သိန္း(၃၀၀)ေထာက္ပံ့၊ ေထာက္ပံံ့ေငြေၾကးမ်ားကုိ လက္ခံရယူလုိမႈ ရွိ/မရွိ သည္ ကုိယ္တုိင္ဆုံးျဖတ္ရမည့္ကိစၥဟု ေကာင္စီဆုိ

Share this post

ရန္ကုန္၊ စက္တင္ဘာ ၃၀
 
ႏုိင္ငံေတာ္အစုိးရမွ COVID-19 ကာလ၌ အခက္အခဲရွိေနသည့္ သတင္းသမားမ်ားကုိ ေထာက္ပံ့ႏုိင္ရန္ ေငြက်ပ္သိန္း (၃၀၀)ကုိ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီကုိ လႊဲေျပာင္းေပးျပီးျဖစ္ပါတယ္။
 
လက္ရွိအခ်ိန္၌ အဆုိပါ က်ပ္သိန္း(၃၀၀) မွ သတင္းသမားမ်ားကုိ ေထာက္ပံ့ႏုိင္ရန္ သတင္းေထာက္ တစ္ဦးလွ်င္ က်ပ္(၃၀၀၀၀)ေသာင္းခန္႔ လ်ာထားပါတယ္။ ထုိသုိ႔ ေပးအပ္ရာတြင္လည္း ေထာက္ပံ့ေငြကုိ လက္ခံရယူမႈရွိ/မရွိသည္ သတင္းသမားမ်ား ကုိယ္တုိင္ဆုံးျဖတ္ရမည့္ကိစၥျဖစ္တယ္လုိ႔ ေကာင္စီက ဆုိပါတယ္။
 
“သတင္းေထာက္ကိုေပးတာဆိုေတာ့ လက္မခံတဲ့သတင္းေထာက္လည္းရွိမွာပဲ။ လက္မခံဘူးဆိုတာ မလိုအပ္ လို႔လည္းျဖစ္နိုင္တယ္။ အစိုးရထံက မလုိခ်င္လို႔လဲျဖစ္နိုင္တယ္။ ဒါကတစ္ဦးခ်င္းရဲ႕ဆုံးျဖတ္ခ်က္ေပါ့ေနာ္။ ဒါကတစ္ဦးခ်င္း လြတ္လပ္စြာ ဆုံးျဖတ္လို႔ရပါတယ္။ မီဒီယာကိုအစိုးရကနိုင္ငံသားေတြအေနနဲ႔ ကူညီဖို႔ ၀တ္တရားရွိတယ္။ သို႔ေသာ္ မီဒီယာက နိုင္ငံသားထဲမွာမွ အုပ္စုတစ္စုေပါ့ေနာ္ မီဒီယာတိုက္ကို ေပးတာလဲ မဟုတ္ဘူးဆိုေတာ့ ဒီဟာက ဘာမေရးရ ညာမေရးရ ပါလာတာလဲမဟုတ္ဘူး။ ဒါက ဘာမွေႏွာင္ႀကိဳးမရွိပါဘူး။ အကူအညီလိုအပ္တဲ့သူေတြမလိုအပ္တဲ့သူမယူလဲျပႆနာမရွိပါဘူး”ဟု ေကာင္စီဝင္ ဦးျမင့္ေက်ာ္က ေျပာပါတယ္။
 
အဆိုပါ ေထာက္ပံ့ေငြက်ပ္ သိန္း ၃၀၀ ကို သတင္းမီဒီယာေကာင္စီကလက္ခံရယူထားၿပီးျဖစ္ကာ မီဒီယာကြန္ ရက္အဖြဲ႕မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးၿပီးမွသာ တစ္ဦးခ်င္းေထာက္ပံ့မႈမ်ား ေဆာင္ရြက္ရန္ ေကာင္စီက စီစဥ္ထားပါ တယ္။
 
“ျပန္ၾကားေရးရဲ႕ ေထာက္ပံ့ေငြ က်ပ္သိန္း ၃၀၀ ကိုေတာ့ ကြၽန္ေတာ္တို႔ေကာင္စီက တာ၀န္ယူလက္ခံထား လိုက္ၿပီ။ ၿပီးရင္အဖြဲ႕ေတြတိုင္ပင္ၿပီးေတာ့ ဘယ္လိုလူမ်ိဳးေတြေပးမလဲဆိုတာကို ကြၽန္ေတာ္တို႔ ျပန္လည္ေဆြး ေႏြးဖို႔မလုပ္ရေသးဘူး။ ေလာေလာဆယ္ေငြသားလက္ခံထားတဲ့အဆင့္ပဲရွိေသးတယ္။ အမွန္တကယ္ လိုအပ္တဲ့ သတင္းသမားေတြလက္ထဲေရာက္ရွိေရးအတြက္ အစည္းအေဝးလုပ္ၿပီးမွသိရမွာပါ။ သိန္း ၃၀၀ က တစ္ေယာက္ ကို သုံးေသာင္းႏူန္းသတ္မွတ္ထားေတာ့ အေယာက္တစ္ေထာင္ပဲေပးလို႔ရမွာမို႔လို႔ တကယ္လိုအပ္တဲ့ သတင္း သမားေတြျဖစ္ဖို႔ လိုအပ္တယ္” ေကာင္စီအတြင္းေရးမွဴး ဦးေက်ာ္စြာမင္းကလည္း အတည္ျပဳေျပာဆုိခဲ့ပါတယ္။
 
Photo – Myanmar Press Council
 
#PeopleMedia #MyanmarPressCouncil #ျပန္ၾကားေရး
 
(Unicode)
အစိုးရမှ သတင်းသမားများကို ကျပ်သိန်း(၃၀၀)ထောက်ပံ့၊ ထောက်ပံံ့ငွေကြေးများကို လက်ခံရယူလိုမှု ရှိ/မရှိ သည် ကိုယ်တိုင်ဆုံးဖြတ်ရမည့်ကိစ္စဟု ကောင်စီဆို
………………………………………………
 
ရန်ကုန်၊ စက်တင်ဘာ ၃၀
 
နိုင်ငံတော်အစိုးရမှ COVID-19 ကာလ၌ အခက်အခဲရှိနေသည့် သတင်းသမားများကို ထောက်ပံ့နိုင်ရန် ငွေကျပ်သိန်း (၃၀၀)ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို လွှဲပြောင်းပေးပြီးဖြစ်ပါတယ်။
 
လက်ရှိအချိန်၌ အဆိုပါ ကျပ်သိန်း(၃၀၀) မှ သတင်းသမားများကို ထောက်ပံ့နိုင်ရန် သတင်းထောက် တစ်ဦးလျှင် ကျပ်(၃၀၀၀၀)သောင်းခန့် လျာထားပါတယ်။ ထိုသို့ ပေးအပ်ရာတွင်လည်း ထောက်ပံ့ငွေကို လက်ခံရယူမှုရှိ/မရှိသည် သတင်းသမားများ ကိုယ်တိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်တယ်လို့ ကောင်စီက ဆိုပါတယ်။
 
“သတင်းထောက်ကိုပေးတာဆိုတော့ လက်မခံတဲ့သတင်းထောက်လည်းရှိမှာပဲ။ လက်မခံဘူးဆိုတာ မလိုအပ် လို့လည်းဖြစ်နိုင်တယ်။ အစိုးရထံက မလိုချင်လို့လဲဖြစ်နိုင်တယ်။ ဒါကတစ်ဦးချင်းရဲ့ဆုံးဖြတ်ချက်ပေါ့နော်။ ဒါကတစ်ဦးချင်း လွတ်လပ်စွာ ဆုံးဖြတ်လို့ရပါတယ်။ မီဒီယာကိုအစိုးရကနိုင်ငံသားတွေအနေနဲ့ ကူညီဖို့ ဝတ်တရားရှိတယ်။ သို့သော် မီဒီယာက နိုင်ငံသားထဲမှာမှ အုပ်စုတစ်စုပေါ့နော် မီဒီယာတိုက်ကို ပေးတာလဲ မဟုတ်ဘူးဆိုတော့ ဒီဟာက ဘာမရေးရ ညာမရေးရ ပါလာတာလဲမဟုတ်ဘူး။ ဒါက ဘာမှနှောင်ကြိုးမရှိပါဘူး။ အကူအညီလိုအပ်တဲ့သူတွေမလိုအပ်တဲ့သူမယူလဲပြဿနာမရှိပါဘူး”ဟု ကောင်စီဝင် ဦးမြင့်ကျော်က ပြောပါတယ်။
 
အဆိုပါ ထောက်ပံ့ငွေကျပ် သိန်း ၃၀၀ ကို သတင်းမီဒီယာကောင်စီကလက်ခံရယူထားပြီးဖြစ်ကာ မီဒီယာကွန် ရက်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးပြီးမှသာ တစ်ဦးချင်းထောက်ပံ့မှုများ ဆောင်ရွက်ရန် ကောင်စီက စီစဉ်ထားပါ တယ်။
 
“ပြန်ကြားရေးရဲ့ ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ကိုတော့ ကျွန်တော်တို့ကောင်စီက တာဝန်ယူလက်ခံထား လိုက်ပြီ။ ပြီးရင်အဖွဲ့တွေတိုင်ပင်ပြီးတော့ ဘယ်လိုလူမျိုးတွေပေးမလဲဆိုတာကို ကျွန်တော်တို့ ပြန်လည်ဆွေး နွေးဖို့မလုပ်ရသေးဘူး။ လောလောဆယ်ငွေသားလက်ခံထားတဲ့အဆင့်ပဲရှိသေးတယ်။ အမှန်တကယ် လိုအပ်တဲ့ သတင်းသမားတွေလက်ထဲရောက်ရှိရေးအတွက် အစည်းအဝေးလုပ်ပြီးမှသိရမှာပါ။ သိန်း ၃၀၀ က တစ်ယောက် ကို သုံးသောင်းနူန်းသတ်မှတ်ထားတော့ အယောက်တစ်ထောင်ပဲပေးလို့ရမှာမို့လို့ တကယ်လိုအပ်တဲ့ သတင်း သမားတွေဖြစ်ဖို့ လိုအပ်တယ်” ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းကလည်း အတည်ပြုပြောဆိုခဲ့ပါတယ်။
 
Photo – Myanmar Press Council
 
#PeopleMedia #MyanmarPressCouncil #ပြန်ကြားရေး

Share this post