• Follow Us on

Home အစၥလာမ္မစ္အစြန္းေရာက္မ်ားကိုတိုက္ခိုက္ျခင္းသာျဖစ္ေၾကာင္း ျပင္သစ္သမၼတတံု႔ျပန္

အစၥလာမ္မစ္အစြန္းေရာက္မ်ားကိုတိုက္ခိုက္ျခင္းသာျဖစ္ေၾကာင္း ျပင္သစ္သမၼတတံု႔ျပန္

Share this post

ပဲရစ္၊ ႏို၀င္ဘာ ၅

Financial Times သတင္းစာတြင္ သူေျပာသည္ဟုဆိုကာကိုးကားေရးသားခဲ့ၿပီးေနာက္ သတင္းစာ၀က္ဆိုက္မွ ဖ်က္ခဲ့ သည့္ေဆာင္းပါးတခုကိုတံု႔ျပန္သည့္အေနျဖင့္ ျပင္သစ္ႏိုင္ငံသည့္ အစၥလာမ္မစ္အစြန္းေရာက္မ်ားကို တိုက္ခိုက္ေနျခင္းျဖစ္ၿပီး အစၥလာမ္ဘာသာကိုတိုက္ခိုက္ေနျခင္းမဟုတ္ေၾကာင္း ျပင္သစ္သမၼတ အီမန္ႏ်ဴရယ္ မက္ခ႐ြန္ကေျပာသည္။

အဂၤါေန႔တြင္ျဖန္႔ခ်ိခဲ့သည့္ Financial Times သတင္းေထာက္တေယာက္ကေရးသားခဲ့သည့္အေတြးအျမင္ေဆာင္းပါးတြင္ မက္ခ႐ြန္၏အစၥလာမ္မ်ားကိုခြဲျခားဆက္ဆံသည့္႐ွဳတ္ခ်မႈသည္ ျပင္သစ္မွမြတ္ဆလင္မ်ားအတြက္ ဆိုး႐ြားသည့္ ပတ္၀န္းက်င္တခုျဖစ္လာသည့္အႏၲရာယ္မ်ားေနသည္ဟု ပါ၀င္သည္။

ေနာက္ပိုင္းတြင္း ထိုေဆာင္းပါးကို သတင္းစာ၀က္ဆိုက္မွဖယ္႐ွားခဲ့ၿပီး အခ်က္အလက္အမွားမ်ားပါ၀င္ေနသည္ဟု သတိျပဳစာေဖာ္ျပထားသည္။

ၿပီးခဲ့သည့္လတြင္ တမန္ေတာ္မိုဟာမက္ကာတြန္းပံုကို ေက်ာင္းသားမ်ားအားျပခဲ့သည့္ေက်ာင္းဆရာေခါင္းျဖတ္သတ္ခံ ရၿပီးေနာက္ သာသာေရးေစာ္ကားမႈေျမာက္သည့္႐ုပ္ေျပာင္မ်ားကိုခြင့္ျပဳသည့္ဥပေဒအား မည္သည့္အခါတြင္မွ ဖ်က္သိမ္းမည္မဟုတ္ေၾကာင္း မက္ခ႐ြန္ကေၾကညာခဲ့သည္။

ထိုေနာက္ပိုင္း မြတ္ဆလင္ႏိုင္ငံမ်ားက ျပင္သစ္ထုတ္ကုန္မ်ားကိုသပိတ္ေမွာက္ျခင္းႏွင့္ ဆႏၵျပျခင္းမ်ား႐ွိေနၿပီး ၿပီးခဲ့သည့္သီတင္းပတ္ကုန္၌ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာျပင္သစ္သံ႐ံုးကို ၀င္စီးရန္ႀကိဳးစားမႈမ်ားအထိ႐ွိခဲ့သည္။

Ref : Macron: France fighting Islamist extremism, not Islam

#PeopleMedia

(unicode)
အစ္စလာမ်မစ်အစွန်းရောက်များကိုတိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ပြင်သစ်သမ္မတတုံ့ပြန်
…………………………………..

ပဲရစ်၊ နိုဝင်ဘာ ၅

Financial Times သတင်းစာတွင် သူပြောသည်ဟုဆိုကာကိုးကားရေးသားခဲ့ပြီးနောက် သတင်းစာဝက်ဆိုက်မှ ဖျက်ခဲ့ သည့်ဆောင်းပါးတခုကိုတုံ့ပြန်သည့်အနေဖြင့် ပြင်သစ်နိုင်ငံသည့် အစ္စလာမ်မစ်အစွန်းရောက်များကို တိုက်ခိုက်နေခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာကိုတိုက်ခိုက်နေခြင်းမဟုတ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကပြောသည်။

အင်္ဂါနေ့တွင်ဖြန့်ချိခဲ့သည့် Financial Times သတင်းထောက်တယောက်ကရေးသားခဲ့သည့်အတွေးအမြင်ဆောင်းပါးတွင် မက်ခရွန်၏အစ္စလာမ်များကိုခွဲခြားဆက်ဆံသည့်ရှုတ်ချမှုသည် ပြင်သစ်မှမွတ်ဆလင်များအတွက် ဆိုးရွားသည့် ပတ်ဝန်းကျင်တခုဖြစ်လာသည့်အန္တရာယ်များနေသည်ဟု ပါဝင်သည်။

နောက်ပိုင်းတွင်း ထိုဆောင်းပါးကို သတင်းစာဝက်ဆိုက်မှဖယ်ရှားခဲ့ပြီး အချက်အလက်အမှားများပါဝင်နေသည်ဟု သတိပြုစာဖော်ပြထားသည်။

ပြီးခဲ့သည့်လတွင် တမန်တော်မိုဟာမက်ကာတွန်းပုံကို ကျောင်းသားများအားပြခဲ့သည့်ကျောင်းဆရာခေါင်းဖြတ်သတ်ခံ ရပြီးနောက် သာသာရေးစော်ကားမှုမြောက်သည့်ရုပ်ပြောင်များကိုခွင့်ပြုသည့်ဥပဒေအား မည်သည့်အခါတွင်မှ ဖျက်သိမ်းမည်မဟုတ်ကြောင်း မက်ခရွန်ကကြေညာခဲ့သည်။

ထိုနောက်ပိုင်း မွတ်ဆလင်နိုင်ငံများက ပြင်သစ်ထုတ်ကုန်များကိုသပိတ်မှောက်ခြင်းနှင့် ဆန္ဒပြခြင်းများရှိနေပြီး ပြီးခဲ့သည့်သီတင်းပတ်ကုန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာပြင်သစ်သံရုံးကို ဝင်စီးရန်ကြိုးစားမှုများအထိရှိခဲ့သည်။

Ref : Macron: France fighting Islamist extremism, not Islam

#PeopleMedia


Share this post