• Follow Us on

Home အစ္စရေးသမ္မတရောက်ရှိနေစဉ်အတွင်း ဟူသီသူပုန်များပစ်ခတ်ခဲ့သောဒုံးကျည်အား UAE နိုင်ငံက ပစ်ချခဲ့

အစ္စရေးသမ္မတရောက်ရှိနေစဉ်အတွင်း ဟူသီသူပုန်များပစ်ခတ်ခဲ့သောဒုံးကျည်အား UAE နိုင်ငံက ပစ်ချခဲ့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁ (People Media)

 

အစ္စရေးသမ္မတ အိုင်းဆက်ဟာဇော့ နိုင်ငံတွင်းသို့အလည်အပတ်ရောက်ရှိနေစဉ်အတွင်း ယီမင်နိုင်ငံမှ ဟူသီသူ ပုန်များက အာရပ်ပြည်ထောင်စုစော်ဘွားများနိုင်ငံ (UAE) သို့ ဒုံးကျည်တစ်စင်းပစ်ခတ်ခဲ့ရာ အဆိုပါ ဒုံးကျည် အား ပစ်ချခဲ့ကြောင်း UAE နိုင်ငံက ကြေညာခဲ့သည်။

 

UAE တပ်မတော်က ယင်းဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ဖျက်ဆီးပစ်ကြောင်း၊ ဒုံးကျည်အပိုင်းအစများမှာ လူနေကျဲသောနယ်မြေထဲသို့ ကျရောက်သွားကြောင်း UAE ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။ သို့သော် အဆိုပါဒုံးကျည်သည် မည်သည့်နေရာသို့ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အသေးစိတ်ကို UAE အာဏာပိုင် များက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

 

ဟူသီသူပုန်များက ၎င်းတို့အနေဖြင့် UAE နိုင်ငံတွင်းထိရောက်အောင် ကြီးမားသောစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ ကြောင်း၊ နောက်ပိုင်းတွင် စစ်ဆင်ရေးနှင့်ပတ်သက်၍ အသေးစိတ်ကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း Wall Street Journal က ရေးသားခဲ့သည်။

 

ဒုံးကျည်ပစ်ခတ်မှုရှိသော်လည်း နိုင်ငံတွင်းရှိ အရပ်ဘက်လေကြောင်းလိုင်းအားလုံး ပုံမှန်အလုပ်လုပ်နေပြီး လေ  ကြောင်းလိုင်းအားလုံး ယခင်ကအတိုင်းပြေးဆွဲပေးလျက်ရှိသည်ဟု UAE အရပ်ဘက်လေကြောင်းအာဏာပိုင် များက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။

 

အစ္စရေးသမ္မတဟာဇော့ အဘူဒါဘီမြို့သို့ရောက်ရှိပြီး နာရီပိုင်းအတွင်း ဟူသီသူပုန်များက ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ အစ္စရေးနိုင်ငံနှင့် UAE နိုင်ငံတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးပုံမှန်ထူထောင်သွားရန် သဘောတူခဲ့သည့် အေဘရာဟမ်သဘောတူညီချက် (Abraham Accords) စာချုပ်ချုပ်ဆိုပြီးနောက် UAE နိုင်ငံ သို့ အစ္စရေးခေါင်းဆောင်တစ်ဦး အလည်အပတ်လာရောက်ခဲ့သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

 

“မိတ်ဆွေတို့နိုင်ငံရဲ့ လုံခြုံရေးလိုအပ်ချက်ကို အပြည့်အဝထောက်ခံပါတယ်ခင်ဗျား။ မိတ်ဆွေတို့နိုင်ငံရဲ့ လုံခြုံ ရေးကို ထိခိုက်စေတဲ့ ဘယ်လိုပုံစံအပြုအမူအပြောအဆိုမျိုးကိုမဆို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပါတယ်။” ဟု အစ္စရေးသမ္မတဟာဇော့က UAE မင်းသား ရှိတ်ခ်မိုဟာမက်ဘင်ဇယက်အယ်လ်နာယန်း ကို ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

လတ်တလောသီတင်းပတ်များအတွင်း အီရန်နိုင်ငံကထောက်ပံ့ထားသော ဟူသီသူပုန်များအနေဖြင့် UAE နိုင်ငံ ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ ယခုအကြိမ်သည် တတိယမြောက်အကြိမ်ဖြစ်သည်။

 

ယီမင်နိုင်ငံတွင် နိုင်ငံ၏မြောက်ပိုင်းဒေသကို ဟူသီသူပုန်များကထိန်းချုပ်ထားရာ ယီမင်အစိုးရတပ်များက လတ် တလောကာလများအတွင်း ဟူသီသူပုန်များကို ပြန်လည်တိုက်ထုတ်လျက်ရှိသည်။

 

Ref: UAE shoots down missile fired by Yemen’s Houthis as Israeli president visits

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: UAE shoots down missile fired by Yemen’s Houthis as Israeli president visits

 

#PeopleMedia


Share this post