• Follow Us on
Latest News

Home အစ္စရေးလေကြောင်းတိုက်ခိုက်မှုကို ရော့ကတ်ဒုံး ၂၀၀ ခန့်ပစ်၍ ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့ လက်တုံ့ပြန်


Share this post




Ref; Xinhua


(Unicode)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကို ရော့ကတ်ဒုံး ၂၀၀ ခန့်ပစ်၍ ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့ လက်တုံ့ပြန် ……………………………………………………………

နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်း အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါလက်စတိုင်း အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့နဲ့ ဂါဇာကမ်းမြောင်ဒေသက တခြားလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံထဲကို ရော့ကတ်ဒုံး ၂၀၀ နီးပါးပစ်ခတ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ နံနက်အစောပိုင်းက အစ္စရေးရဲ့ဆီးရီးယားနိုင်ငံတွင်းလေကြောင်းတိုက်ခိုက်မှုမှာ ပါလက် စတိုင်းအကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူအယ် အက်တာ၊ ၄င်းရဲ့ ဇနီးဖြစ်သူနဲ့ အဖွဲ့ဝင် ၅ ဦး သေဆုံး ခဲ့ပါတယ်။

ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစ္စရေးလုပ်ရပ်အတွက် ရုပ်သံဗီဒီယိုဖိုင်က တစ်ဆင့် လက်တုံ့ပြန်သွားမယ့် ကြုံးဝါးခဲ့ပါတယ်။ အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသမှာရှိနေတဲ့ ၄င်းတို့အဖွဲ့ရဲ့ တည်နေရာတွေအားလုံးကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ဆောင်ရွက်လျက်ရှိနေ ပါတယ်။

Ref; Xinhua

#PeopleMedia #International


Share this post