• Follow Us on

Home အစ္စရေးနိုင်ငံအနေဖြင့် ဆိုးရွားသောတုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ကို ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း အီရန်သတိပေး

အစ္စရေးနိုင်ငံအနေဖြင့် ဆိုးရွားသောတုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ကို ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း အီရန်သတိပေး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅ (People Media)

 

အစ္စရေးနိုင်ငံက အီရန်နိုင်ငံကို စစ်ရေးအရခြိမ်းခြောက်လာသည့်အတွက် အစ္စရေးနိုင်ငံအနေဖြင့် ဆိုးရွားသော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ကို ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ အ တွင်းရေးမှူး အလီရှမ်ခါနီက အောက်တိုဘာလ ၂၄ ရက်နေ့က တွစ်တာတွင်ရေးသားခဲ့သည်။

 

အီရန်နိုင်ငံက နျူကလီးယားပိုင်ဆိုင်ခွင့်ရရှိရန်ကြိုးပမ်းလာပြီး ယင်းကြိုးပမ်းမှုကိုတားဆီးရန်လိုအပ်ပါက အစ္စရေး နိုင်ငံတစ်နိုင်ငံတည်းက လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဘန်းနီး ဂန့်ဇ်ကလည်း ပြောဆိုခဲ့သည်။

 

“အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကိုတားဆီးဖို့ အစ္စရေးမှာ နည်းလမ်းမျိုးစုံရှိပါတယ်။ အဲဒီလိုတားဆီးဖို့လည်း ချီ တုံချတုံဖြစ်နေမှာ မဟုတ်ပါဘူး။ အီရန်နိုင်ငံနျူကလီးယားမရရှိအောင် တားဆီးဖို့အတွက် အနာဂတ်မှာ အစ္စရေး နိုင်ငံအနေနဲ့ လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ဂန့်ဇ်က သြဂုတ်လ ၂ ၅ရက်နေ့ကပြော ဆိုခဲ့ကြောင်း Daily Sabah သတင်းဌာနတွင်ဖော်ပြခဲ့သည်။

 

အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အီရန်နိုင်ငံကိုတိုက်ခိုက်ရန် အစီအစဉ်များရေးဆွဲမှုကို အစ္စရေးအစိုးရက အထူးအရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း အစ္စရေးကာကွယ်ရေးဦးစီးချုပ် အဗီးကိုချာဗီက လည်း စက်တင်ဘာလ ၇ ရက်နေ့ကပြောသည်။

 

လတ်တလောကာလ သဘောတူထားသည့်အတိုင်း အရှေ့အလယ်ပိုင်းတွင် အီရန်နိုင်ငံအင်အား ကြီးထွားမလာ စေရန် ရည်ရွယ်ပြီး အစ္စရေးကာကွယ်ရေးဘတ်ဂျက်ကိုတိုးမြှင့်တောင်းခံထားကြောင်း Walla သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် အဗီးကိုချာဗီက ပြောသည်။

 

အနာဂတ်ကာလ အီရန်နျူကလီးယားအစီအစဉ်ကို တိုက်ခိုက်သွားနိုင်ရေး စစ်ရေးပြင်ဆင်မှုအဖြစ်အသုံးပြုရန် ကာကွယ်ရေးဘတ်ဂျက် အစ္စရေးငွေ ရှပ်ခဲစ် ၅ ဘီလျံ (ဒေါ်လာ ၁.၅ ဘီလျံ) ကို အစ္စရေးအစိုးရက အတည်ပြု ပေးခဲ့ကြောင်း အစိုးရပိုင် အမှတ် ၁၂ ရုပ်သံလိုင်းက အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့သည်။

 

“အီရန်နိုင်ငံကို ကျူးကျော်စော်ကားဖို့ ဒေါ်လာ ၁.၅ ဘီလျံကို အကုန်အကျခံပြီး ဘတ်ဂျက်ခွဲဝေနေမယ့်အစား အစ္စရေးနိုင်ငံအနေနဲ့ အီရိန်နိုင်ငံက ဆိုးဆိုးရွားရွားတိုက်ခိုက်လာမယ့်တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးသွား မယ့် အပျက်အစီးတွေကို ပြန်လည်ပြုပြင်နိုင်ဖို့အတွက် ဒေါ်လာဘီလျံပေါင်းများစွာကို ထောက်ပံ့နိုင်ဖို့အတွက်ပဲ အဓိက အာရုံစိုက်ဆောင်ရွက်သင့်ပါတယ်” ဟု ရေတပ်ဗိုလ်ချုပ်ကြီး အလီရှမ်ခါနီကပြောသည်။

 

Ref: Iran warns Israel must wait for ‘shocking’ response as Tel Aviv makes open military threats

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Iran warns Israel must wait for ‘shocking’ response as Tel Aviv makes open military threats

 

#PeopleMedia


Share this post