• Follow Us on
Latest News

Home အစ္စရေး-အမေရိကန် ပူးတွဲလေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှု စတင်

အစ္စရေး-အမေရိကန် ပူးတွဲလေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှု စတင်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၇ (People Media)

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန်နိုင်ငံ ဥရောပတိုက်ကွပ်ကဲမှုဌာန (EUCOM) တို့က Juniper Falcom 2021 ဟု အမည်ဝှက်ပေးထားသည့် ပူးတွဲလေကြောင်းကာကွယ်ရေးလေ့ကျင့်မှုတစ်ရပ် စတင်ခဲ့ ကြောင်း အစ္စရေးသတင်းရင်းမြစ်များက ကြေညာလိုက်သည်။

 

ယခုစစ်ရေးလေ့ကျင့်မှုက ဒုံးကျည်တိုက်ခိုက်မှုအန္တရာယ်ကာကွယ်ရန်နှင့် အမေရိကန်နှင့် အစ္စရေးလေတပ်ဖွဲ့ တို့ကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ကြောင်း နှစ်နိုင်ငံတပ်မတော်များ က ပြောကြားခဲ့သည်။

 

နှစ်နှစ်လျှင်တစ်ကြိမ်ပြုလုပ်သည့် ယခုနှစ်စစ်ရေးလေ့ကျင့်မှုကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အပိုင်း နှစ်ပိုင်းဖြင့် ပြုလုပ်လျက်ရှိသည်။

 

စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ဖေဖော်ဝါရီလအတွင်း အစ္စရေးနှင့် အမေရိကန်တပ်ဖွဲ့များပါဝင်မှုဖြင့် ဂျာမနီနှင့် အမေရိကန်နိုင်ငံ၌ အဝေးထိန်းချုပ်စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ဒုတိယအပိုင်းကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ခဲ့သည်။

 

လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မှုများလုပ်ဆောင်ရန် သိမ်းပိုက်ထားသော နယ်မြေများသို့ အမေရိ ကန်တပ်ဖွဲ့များ စေလွှတ်ခဲ့ကြောင်း တိုင်းမ်အော့ဖ်အစ္စရေး သတင်းစာက ဖော်ပြခဲ့သည်။

 

Ref; Israel, US launch joint air defense drill

 

#PeopleMedia #EPN #international #အစ္စရေး #အမေရိကန်

(unicode)


……………………………………..

 


 


 


 


 


 


 

Ref; Israel, US launch joint air defense drill

 

#PeopleMedia #EPN #international #အစ်စရေး #အမရေိကနျ


Share this post