• Follow Us on
Latest News

Home အဆင့္ျမင့္ပညာေက်ာင္းမ်ားမဖြင့္ေသးဘဲ အြန္လိုင္းမွတစ္ဆင့္ ဆရာႏွင့္ ေက်ာင္းသား သင္ၾကားသင္ယူမႈ ျပဳလုပ္မည္

အဆင့္ျမင့္ပညာေက်ာင္းမ်ားမဖြင့္ေသးဘဲ အြန္လိုင္းမွတစ္ဆင့္ ဆရာႏွင့္ ေက်ာင္းသား သင္ၾကားသင္ယူမႈ ျပဳလုပ္မည္

Share this post

ရန္ကုန္၊ ဇူလိုင္ – ၉

အဆင့္ျမင့္ပညာေက်ာင္းမ်ားမဖြင့္ေသးဘဲ အြန္လိုင္းမွတစ္ဆင့္ ဆရာႏွင့္ ေက်ာင္းသားမ်ား သင္ၾကား၊ သင္ယူမႈ ျပဳလုပ္မည္ျဖစ္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွသိရသည္။

အဆင့္ျမင့္ပညာေက်ာင္းမ်ားဖြင့္လွစ္မည့္အေနအထားႏွင့္ပတ္သက္၍ ဇူလိုင္ ၉ ရက္ People Media မွ ဆက္ သြယ္ေမးျမန္းရာတြင္ အဆင့္ျမင့္ပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာသိန္း၀င္းကေျပာသည္။

“အဆင့္ျမင့္က ေက်ာင္းဖြင့္ဖို႔မလုပ္ေသးဘူး။ အြန္လိုင္းနဲ႔လုပ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ျပင္ဆင္ေနတယ္။ အြန္ လိုင္းနဲ႔သြားဖို႔ လုပ္ေနတယ္”ဟု ၎ကေျပာသည္။

ပညာေရး၀န္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာနလက္ေအာက္တြင္ တကၠသိုလ္ေက်ာင္းေပါင္း ၁၀၀ ေက်ာ္ရွိၿပီး COVID-19 ကာလအတြင္း စာေမးပြဲေျဖဆိုျခင္းရက္မ်ားကိုပါေရႊ႕ေျပာင္းျခင္းတို႔ လုပ္ခဲ့သည္။

“အြန္လိုင္းနဲ႔ သင္ၾကားေရးကိုသြားဖို႔လုပ္ေနတယ္။ zoom video နဲ႔သြားဖို႔ေလ။ သူ့မွာက အပလီေကးရွင္းေတြ အမ်ိဳးမ်ိဳးရွိတယ္ေလ။ စာသင္လို႔ရတဲ့ zoom တို႔ စာသင္ရင္းနဲ႔ ပါဝါပြိဳင့္ျပတာတို႔ ဝႈိက္ဘုတ္မွာ ေရးသလိုမ်ိဳး ေရးတာတို႔ အဲဒီအပလီေကးရွင္းေတြအမ်ိဳးမ်ိဳးရွိေတာ့ အဲဒါေတြသုံးၿပီးေတာ့ ေလာေလာဆယ္မွာ သင္ဖို႔အစျပဳ ေနတာေပါ႔။ ဒီဇူလိုင္လထဲမွာ စသင္မယ္။ၿပီးေတာ့ ကြၽန္ေတာ္တို႔က ႏိုင္ငံျခားသားသင္တန္းေတြရွိတယ္ေလ။ ႏိုင္ငံျခားသား လာတက္ေနရတဲ့အတန္းေတြက သူတို႔ျပန္သြားရၿပီးေတာ့ ျပန္လာလို႔မရဘူး။ သူတို႔မွာလည္း ပညာသင္ကာလကစေနၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ ျမန္မာစာဌာနအေနနဲ႔ေတာ့ သူတို႔ကေနစသင္မယ္။ ပုံမွန္ ေက်ာင္းသူေက်ာင္းသားကေတာ့ ပညာသင္ကာလျပန္စၿပီဆိုတာနဲ႔ ဒီလိုသင္တာေရာ အေသးစိတ္လုပ္လို႔ ရသမွ်လည္း လုပ္မွာေပါ႔။ တစ္ၿပိဳင္ထဲသြားမွာပါ’’ဟု ရန္ကုန္တကၠသိုလ္ျမန္မာစာဌာနမွ ပါေမာကၡဌာနမွဴး ေဒါက္တာေအာင္ျမင့္ဦးကေျပာသည္။

#PeopleMedia #ပညာေရး

(unicode)
အဆင့်မြင့်ပညာကျောင်းများမဖွင့်သေးဘဲ အွန်လိုင်းမှတစ်ဆင့် ဆရာနှင့် ကျောင်းသား သင်ကြားသင်ယူမှု ပြုလုပ်မည်
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၉

အဆင့်မြင့်ပညာကျောင်းများမဖွင့်သေးဘဲ အွန်လိုင်းမှတစ်ဆင့် ဆရာနှင့် ကျောင်းသားများ သင်ကြား၊ သင်ယူမှု ပြုလုပ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။

အဆင့်မြင့်ပညာကျောင်းများဖွင့်လှစ်မည့်အနေအထားနှင့်ပတ်သက်၍ ဇူလိုင် ၉ ရက် People Media မှ ဆက် သွယ်မေးမြန်းရာတွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းကပြောသည်။

“အဆင့်မြင့်က ကျောင်းဖွင့်ဖို့မလုပ်သေးဘူး။ အွန်လိုင်းနဲ့လုပ်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်နေတယ်။ အွန် လိုင်းနဲ့သွားဖို့ လုပ်နေတယ်”ဟု ၎င်းကပြောသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တွင် တက္ကသိုလ်ကျောင်းပေါင်း ၁၀၀ ကျော်ရှိပြီး COVID-19 ကာလအတွင်း စာမေးပွဲဖြေဆိုခြင်းရက်များကိုပါရွှေ့ပြောင်းခြင်းတို့ လုပ်ခဲ့သည်။

“အွန်လိုင်းနဲ့ သင်ကြားရေးကိုသွားဖို့လုပ်နေတယ်။ zoom video နဲ့သွားဖို့လေ။ သူ့မှာက အပလီကေးရှင်းတွေ အမျိုးမျိုးရှိတယ်လေ။ စာသင်လို့ရတဲ့ zoom တို့ စာသင်ရင်းနဲ့ ပါဝါပွိုင့်ပြတာတို့ ဝှိုက်ဘုတ်မှာ ရေးသလိုမျိုး ရေးတာတို့ အဲဒီအပလီကေးရှင်းတွေအမျိုးမျိုးရှိတော့ အဲဒါတွေသုံးပြီးတော့ လောလောဆယ်မှာ သင်ဖို့အစပြု နေတာပေါ့။ ဒီဇူလိုင်လထဲမှာ စသင်မယ်။ပြီးတော့ ကျွန်တော်တို့က နိုင်ငံခြားသားသင်တန်းတွေရှိတယ်လေ။ နိုင်ငံခြားသား လာတက်နေရတဲ့အတန်းတွေက သူတို့ပြန်သွားရပြီးတော့ ပြန်လာလို့မရဘူး။ သူတို့မှာလည်း ပညာသင်ကာလကစနေပြီဆိုတော့ ကျွန်တော်တို့ မြန်မာစာဌာနအနေနဲ့တော့ သူတို့ကနေစသင်မယ်။ ပုံမှန် ကျောင်းသူကျောင်းသားကတော့ ပညာသင်ကာလပြန်စပြီဆိုတာနဲ့ ဒီလိုသင်တာရော အသေးစိတ်လုပ်လို့ ရသမျှလည်း လုပ်မှာပေါ့။ တစ်ပြိုင်ထဲသွားမှာပါ’’ဟု ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအောင်မြင့်ဦးကပြောသည်။

#PeopleMedia #ပညာရေး


Share this post