• Follow Us on

Home အဆင့်မြှင့်တင်ထားသည့် ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်အသစ် အမေရိကန်ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

အဆင့်မြှင့်တင်ထားသည့် ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်အသစ် အမေရိကန်ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃ (People Media)

 

အမေရိကန်ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့ (MDA – Missile Defense Agency) သည် မြေပြင်အခြေစိုက်တိုက် ချင်းပစ်ဒုံးကျည်များကြားဖြတ်တိုက်ခိုက်ရေးစနစ် (GMD system) တွင်ပါဝင်သည့် ကြားဖြတ်တိုက်ခိုက်ရေးဒုံး ကျည်များ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်အတွက် အဆင့်သုံးဆင့်မြှင့်တင်ပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် ပုံစံတူဒုံးကျည်တစ်စင်းကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ကြောင်းသိရသည်။

 

GMD စနစ်သည် အီရန်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံမှ ပစ်လွှတ်မည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များကို ပစ် ချပြီးမည့်စနစ်အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

EKV (Exoatmospheric Kill Vehicle) ခေါ် ရန်သူ့ဒုံးကျည်ကို လေထုအတွင်းပစ်ခတ်ဖျက်ဆီးပစ်သည့် ပုံစံတူဒုံး ကျည်ပစ်လွှတ်ခြင်းသည် အဆင့်သုံးဆင့်မြှင့်တင်ထားသည့် ဒုံးကျည်၏ ပထမဦးဆုံးအဆင့် စမ်းသပ်ပစ်ခတ်မှု ဖြစ်ကြောင်းသိရသည်။

 

EKV ဒုံးကျည်သည် မြေပြင်အခြေစိုက်ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်အုပ်စုမှ ဒုံးကျည်ဖြစ်ပြီး ရန်သူ၏မြန်နှုန်း မြင့်ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်တိုက်ခိုက်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

“2-/3-Stage selectable GBI လို့ လူသိများတဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒီဒုံးကျည်ဟာ ရန်သူ့ခြိမ်းခြောက်မှုကို ပြန်လည်တုံ့ပြန်ပြီး ကိုယ့်နိုင်ငံကိုယ်ကာကွယ်တဲ့နေရာမှာ ပိုမိုပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့ စွမ်းရည်ပေးနိုင်စွမ်း ရှိပါတယ်။” ဟု အမေရိကန်ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့ (MDA) ကပြောသည်။

 

အမေရိကန်ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့ (MDA) အနေဖြင့် စစ်ရေးစမ်းသပ်လေ့ကျင့်မှုကုန်ကျစရိတ်သက်သာ စေရန် ယခုကဲ့သို့ EKV ပုံစံတူဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။ “ကနဦး ညွှန်ပြချက်တွေအရသိရတာကတော့ စမ်းသပ်ပစ်ခတ်မှုဟာ လိုအပ်ချက်တွေအတိုင်းပြည့်မီအောင်ဆောင်ရွက် နိုင်ခဲ့သော်လည်း လက်နက်စနစ်၏ဆောင်ရွက်ချက်များကို ဆုံးဖြတ်နိုင်ရန်အတွက် အချက်အလက်များကို လေ့ လာဆန်းစစ်ရန် ပရိုဂရမ်အရာရှိများအနေဖြင့် ဆက်လက်ဆန်းစစ်လေ့လာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

 

Ref: Missile Defense Agency successfully tests new booster for homeland missile defense system

 

#PeopleMedia

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 


 


 

Ref: Missile Defense Agency successfully tests new booster for homeland missile defense system

 

#PeopleMedia


Share this post