• Follow Us on

Home အဆင့်မြှင့်တင်ထားသော အေဝပ်လေယာဉ် ရုရှားလေတပ် လက်ခံရရှိ

အဆင့်မြှင့်တင်ထားသော အေဝပ်လေယာဉ် ရုရှားလေတပ် လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၁ (People Media)

 

ရုရှားနိုင်ငံမှ Vega Group နှင့် Beriev Aircraft ကုမ္ပဏီတို့သည် သတ္တမမြောက်အဆင့်မြှင့်တင်ထားသော A-50U တာဝေးလေကြောင်းကြိုတင်အချက်ပေးနှင့် ထိန်းချုပ်ရေးလေယာဉ် (အေဝပ်လေယာဉ်) ကို ရုရှားလေ ကြောင်းတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။

 

အဆင့်မြှင့်တင်ထားသော A-50M အေဝပ်လေယာဉ်သည် အီလက်ထရောနစ်စနစ်နှင့် လေကြောင်းသွားလာမှုစ နစ်များပိုမိုအဆင့်မြင့်လာပြီး လေယာဉ်အလေးချိန်ကို လျှော့ချထားကာ လောင်စာဆီနှင့် တာဝေးပျံသန်းနိုင်စွမ်း ကို မြှင့်တင်ထားသည်။ လေယာဉ်တွင် အခန်းများတိုးချဲ့ထားကာ လေယာဉ်အမှုထမ်းများအတွက် အနားယူခန်း နှင့် အနားယူစားသောက်ခန်းငယ်စားတစ်ခုကိုပါ ထည့်သွင်းထားသည်။

 

“အဆင့်မြှင့်တင်ထားတဲ့ အေဝပ်လေယာဉ်ဟာ လေယာဉ်အမျိုးအစားအသစ်တွေကို စုံစမ်းထောက်လှမ်းနိုင်တဲ့ အပြင် အရင်အေဝပ်လေယာဉ်ဟောင်းထက် လေယာဉ်အများအပြားကို ခြေရာခံထောက်လှမ်းနိုင်ပြီး ရန်သူ့လေ ယာဉ်တွေကို တိုက်ခိုက်မယ့် မိမိတိုက်လေယာဉ်အများအပြားကို လမ်းညွှန်ပေးနိုင်ပါတယ်။” ဟု Vega Group နှင့် Beriev Aircraft ကုမ္ပဏီတို့၏ မိခင်ကုမ္ပဏီဖြစ်သော Rostec ကုမ္ပဏီကပြောသည်။

 

လေယာဉ်တွင်ပါရှိသည့် Shmel II radio ဆက်သွယ်ရေးစက်သည် ကြိမ်နှုန်းမြင့်ရေဒီယိုအသံလွှင့်ချက်ဖြင့် ကီ လိုမီတာ ၂၀၀၀ (၁၂၄၃ မိုင်) ဝန်းကျင်မှ ထုတ်လွှင့်နေသော အသံလွှင့်ချက်များနှင့် ကြိမ်နှုန်းလတ် ရေဒီယို အ သံလွှင့်ချက်ဖြင့် ကီလိုမီတာ ၄၀၀ (၂၄၉ မိုင်) ဝန်းကျင်မှ ထုတ်လွှင့်နေသော အသံလွှင့်ချက်များကို ဖမ်းယူ၍ ရန်သူ့တပ်တည်ကို ခြေရာခံနိုင်သည်။ ယင်းလေယာဉ်သည် ပစ်မှတ် ၄၀ ကို တိုက်ရိုက်ကြားဖြတ်ဝင်ရောက်ဖမ်း ယူနေစဉ်အတွင်း တစ်ပြိုင်တည်းမှာပင် ပစ်မှတ် ၃၀၀ ကို ခြေရာခံနိုင်စွမ်းရှိသည်။

 

Ilyushin Il-76 သယ်ယူပို့ဆောင်ရေးလေယာဉ်ကိုယ်ထည်ကို အခြေခံတည်ဆောက်ထားသော A-50M လေ ယာဉ်သည် ၁၉၈၄ ခုနှစ်တွင် Tupolev Tu-126 “Moss” အေဝပ်လေယာဉ်ကိုအစားထိုးသည့်အနေဖြင့် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ A-50M အေဝပ်လေယာဉ်အဆင့်မြင့်တင်မည့်သတင်းကို ၁၉၉၅ ခုနှစ်တွင် ကြေညာခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။

 

ယင်းလေယာဉ်ကို ၂၀၀၈ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် စမ်းသပ်ခဲ့ပြီး ရုရှားလေတပ်က ၎င်းတို့၏ ပထမဦးဆုံး A-50U အေဝပ်လေယာဉ်ကို သုံးနှစ်အကြာတွင် လက်ခံရရှိခဲ့သည်။ ဒုတိယနှင့် တတိယမြောက်လေယာဉ်များ ကို ၂၀၁၄ ခုနှစ် မတ်လတွင် လက်ခံရရှိခဲ့ပြီး စတုတ္ထမြောက်လေယာဉ်ကို ၂၀၁၇ ခုနှစ် မတ်လတွင် ရရှိခဲ့သည်။ ယခုလာမည့် A-50U အေဝပ်လေယာဉ်ကို ၂၀၂၃ ခုနှစ်အတွင်း ပို့ဆောင်သွားရန် စီစဉ်ထားသည်။

 

A-50U အေဝပ်လေယာဉ်သည် အလျား ၄၆.၅ မီတာ (၁၅၃ ပေ) ရှည်လျားပြီး တောင်ပံတစ်ဖက်မှ အခြားတစ် ဖက်အထိ ၅၀.၅ မီတာ (၁၆၆ ပေ) ရှည်လျားသည်။ တစ်နာရီလျှင် အမြင့်ဆုံး ကီလိုမီတာ ၈၀၀ (၄၉၅ မိုင်) ပျံ သန်းနိုင်ပြီး ကီလိုမီတာ ၉,၀၀၀ (၅,၅၉၂ မိုင်) အထိ မရပ်နားဘဲပျံသန်းနိုင်ကြောင်းသိရသည်။

 

Ref: Russian Air Force Receives Upgraded Early Warning Aircraft

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Russian Air Force Receives Upgraded Early Warning Aircraft

 

#PeopleMedia


Share this post