• Follow Us on

Home အဆင့်မြှင့်တင်ထားသော F/A-18 Super Hornet တိုက်လေယာဉ်များ အမေရိကန်လေတပ် လက်ခံရရှိမည်

အဆင့်မြှင့်တင်ထားသော F/A-18 Super Hornet တိုက်လေယာဉ်များ အမေရိကန်လေတပ် လက်ခံရရှိမည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄ (People Media)

 

F/A-18 Super Hornet တိုက်လေယာဉ်များကို အဆင့်မြင့်တင်ထားသည့် Block III Super Hornets တိုက် လေယာဉ်အသစ် ခုနစ်ဆယ့်ရှစ်စင်း ယခုသီတင်းပတ်အတွင်း Patuxent River လေတပ်စခန်းသို့ ရောက်ရှိ မည်ဖြစ်ကြောင်း အမေရိကန်ရေတပ်သတင်းထုတ်ပြန်ချက်အရသိရသည်။

 

Block III Super Hornets တိုက်လေယာဉ်သည် အမေရိကန်ရေတပ်တွင် နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင် လာခဲ့သည့် Super Hornet တိုက်လေယာဉ်ကို အဆင့်မြင့်တင်ထားသည့် မူကွဲတိုက်လေယာဉ်အသစ်တစ်မျိုး ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းကာလတွင် Super Hornet တိုက်လေယာဉ်များကို စတင်အသုံးပြုစဉ် ကတည်းက လေယာဉ်လေးငါးစီးကို အဆင့်မြင့်တင်ခြင်း၊ လေယာဉ်သက်တမ်းမြင့်တင်အသုံးပြုနိုင်အောင်ပြုပြင် ခြင်းများပြုလုပ်ခဲ့သည်။

 

ယခုအသစ်ရောက်ရှိလာမည့် Block III တိုက်လေယာဉ်များကို ကယ်လီဖိုးနီးယားရှိ Naval Air Weapons Station China Lake ပို့ဆောင်သွားမည်ဖြစ်ကြောင်း ရေတပ်ကသတင်းထုတ်ပြန်ခဲ့သည်။ ယင်းလေယာဉ်များ သည် အဆိုပါစစ်စခန်းတွင် စစ်ဆင်ရေးအတွက် လေ့ကျင့်ပျံသန်းခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်။

 

Super Hornet တိုက်လေယာဉ်များကို ၂၀၄၀ ပြည့်နှစ်လွန်ကာလများအထိ ကြာရှည်အသုံးခံနိုင်ရန် အမေရိ ကန်ရေတပ်က စီစဉ်ထားသည်။ ရေတပ်သည် F-35C တိုက်လေယာဉ်များ မရောက်အချင်း ကြားကာလ  လစ် ဟာမှုကို ဖြည့်ဆည်းသွားရန်အတွက် အဆင့်မြှင့်တင်ထားသည့် Super Hornet  တိုက်လေယာဉ်များကို အသုံး ပြုသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

 

Block III Super Hornet တိုက်လေယာဉ်အသစ်တစ်စင်းကို အဆင့်မြှင့်တင်တည်ဆောက်ခြင်းသည် F-15EX Eagle II တိုက်လေယာဉ်နှင့် နှိုင်းယှဉ်နိုင်ကြောင်းသိရသည်။ တိုက်လေယာဉ်နှစ်မျိုးစလုံးမှာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်အုပ်ကို အစားထိုးရန်အတွက် စတုတ္ထမျိုးဆက်တိုက်လေယာဉ်ကို အဆင့်မြှင့်တင်ထားသည့် မျိုးဆက်သစ်အင်ဂျင်နီယာများ၏ကြိုးပမ်းမှုဖြစ်သည်။

 

Block III Super Hornet တိုက်လေယာဉ်များကို သက်တမ်းတစ်လျှောက် အနည်းဆုံး (နာရီ ၁,၀၀၀ ) နာရီ တစ်သောင်းပျံသန်းနိုင်ရန် မျှော်လင့်ထားသည်။ Block III Super Hornet တိုက်လေယာဉ်ကို အဆင့်မြှင့်တင် ရာတွင် လေယာဉ်မှူးအခန်းအသစ်ပြန်လည်တည်ဆောက်ထားခြင်း၊ စက်ပစ္စည်းဖွဲ့စည်းပုံအသစ်များထည့်သွင်း ထားခြင်း၊ ခေတ်မီကွန်ရက်များထည့်သွင်းထားခြင်း၊ ရေဒါအချက်ပြစနစ်များအဆင့်မြှင့်တင်ထားခြင်းများ ဆောင် ရွက်ထားကြောင်းသိရသည်။

 

အနာဂတ်ကာလခြိမ်းခြောက်မှုများကို ကြိုတင်မျှော်လင့်ပြင်ဆင်ထားပြီး ကာကွယ်ရေးကန်ထရိုက်တာဘိုးရင်း ကုမ္ပဏီနှင့် အမေရိကန်ရေတပ်တို့ ပူးပေါင်း၍ အဆင့်မြှင့်တင်ထုတ်လုပ်ထားသည့် Block III Super Hornet တိုက်လေယာဉ်များများမှာ မကြာမီရောက်ရှိလာတော့မည်ဖြစ်သည်။ Block II F/A-18 မူကွဲတိုက်လေယာဉ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၀၈ ခုနှစ်တွင် တပ်ဖြန့်ချထားခဲ့သည်။

 

Ref: The Navy’s Upgraded F/A-18 Super Hornet Is Finally Here

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: The Navy’s Upgraded F/A-18 Super Hornet Is Finally Here

 

#PeopleMedia


Share this post