• Follow Us on
Latest News

Home အဆိုေတာ္ယုန္ေလး ႐ုပ္ရွင္႐ိုက္ကူးထုတ္လုပ္ခြင့္ တစ္ႏွစ္ရပ္ဆိုင္းျခင္း ကို ႐ုပ္ရွင္အစည္းအ႐ုံးအစည္းအေ၀း ကခ်မွတ္

အဆိုေတာ္ယုန္ေလး ႐ုပ္ရွင္႐ိုက္ကူးထုတ္လုပ္ခြင့္ တစ္ႏွစ္ရပ္ဆိုင္းျခင္း ကို ႐ုပ္ရွင္အစည္းအ႐ုံးအစည္းအေ၀း ကခ်မွတ္

Share this post

အဆိုေတာ္ယုန္ေလး႐ုပ္ရွင္ ႐ိုက္ကူးထုတ္လုပ္ခြင့္ကို တစ္ႏွစ္ရပ္ဆိုင္းလိုက္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးကသိရသည္။

ၾသဂုတ္လ ၇ ရက္ေန႔က်င္းပေသာ အမႈအစည္းအေ၀းတြင္ အဆိုပါ အဆိုေတာ္ယုန္ေလးကိစၥကို ဆုံးျဖတ္ခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုေတာ္ယုန္ေလးသည္ စည္းလုံးသင့္ၿပီ ျမန္မာျပည္ MTV ကို ႐ိုက္ကူးထုတ္လႊင့္ရာတြင္ ျပကြက္တခ်ိဳ႕မွာ ႏိုင္ငံေခါင္းေဆာင္ကိုလုပ္ႀကံသည့္ ႐ိုက္ကြင္း႐ိုက္ကြက္မ်ားအေပၚ လူမႈကြန္ရက္တြင္ ေ၀ဖန္ေျပာဆိုမႈမ်ား ရွိခဲ့ၿပီးေနာက္ ႐ုပ္ရွင္အစည္းအ႐ုံးက အစည္းအေ၀းထိုင္ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါစည္းလုံးသင့္ၿပီ ျမန္မာျပည္ MTV တြင္ သီဆိုခဲ့ေသာအဆိုေတာ္အခ်ိဳ႕ႏွင့္ သ႐ုပ္ေဆာင္မ်ားမွလည္း အဆိုေတာ္ ယုန္ေလး၏ MTV တစ္ခုလုံးကို အျပည့္အ၀မသိရွိဘဲ ေတးသီခ်င္းသာသီဆိုေပးခဲ့ရေၾကာင္း မီဒီယာမ်ားသို႔ ျပန္လည္ရွင္းလင္းမႈမ်ားလည္းလုပ္ေဆာင္ခဲ့သည္။

Photo – ဦးေအးၾကဴေလး(FB)

#PeopleMedia

(unicode)
အဆိုတော်ယုန်လေး ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခွင့် တစ်နှစ်ရပ်ဆိုင်းခြင်း ကို ရုပ်ရှင်အစည်းအရုံးအစည်းအဝေး ကချမှတ်
…………………………………………………

အဆိုတော်ယုန်လေးရုပ်ရှင် ရိုက်ကူးထုတ်လုပ်ခွင့်ကို တစ်နှစ်ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကသိရသည်။

ဩဂုတ်လ ၇ ရက်နေ့ကျင်းပသော အမှုအစည်းအဝေးတွင် အဆိုပါ အဆိုတော်ယုန်လေးကိစ္စကို ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုတော်ယုန်လေးသည် စည်းလုံးသင့်ပြီ မြန်မာပြည် MTV ကို ရိုက်ကူးထုတ်လွှင့်ရာတွင် ပြကွက်တချို့မှာ နိုင်ငံခေါင်းဆောင်ကိုလုပ်ကြံသည့် ရိုက်ကွင်းရိုက်ကွက်များအပေါ် လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပြီးနောက် ရုပ်ရှင်အစည်းအရုံးက အစည်းအဝေးထိုင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစည်းလုံးသင့်ပြီ မြန်မာပြည် MTV တွင် သီဆိုခဲ့သောအဆိုတော်အချို့နှင့် သရုပ်ဆောင်များမှလည်း အဆိုတော် ယုန်လေး၏ MTV တစ်ခုလုံးကို အပြည့်အဝမသိရှိဘဲ တေးသီချင်းသာသီဆိုပေးခဲ့ရကြောင်း မီဒီယာများသို့ ပြန်လည်ရှင်းလင်းမှုများလည်းလုပ်ဆောင်ခဲ့သည်။

Photo – ဦးအေးကြူလေး(FB)

#PeopleMedia


Share this post