• Follow Us on

Home အဇာဘိုင္ဂ်န္ႏိုင္ငံ၏ ဒုတိယအႀကီးဆံုးၿမိဳ႕ကို အာေမးနီးယားတပ္ဖြဲ႕မ်ားဗံုးႀကဲ

အဇာဘိုင္ဂ်န္ႏိုင္ငံ၏ ဒုတိယအႀကီးဆံုးၿမိဳ႕ကို အာေမးနီးယားတပ္ဖြဲ႕မ်ားဗံုးႀကဲ

Share this post

ဘာကူ၊ ေအာက္တိုဘာ ၅

အျငင္းပြား နာေဂၚႏို-ကာရာဘာ့ေဒသအေရးတိုက္ခိုက္မႈမ်ားျပင္းထန္လာခ်ိန္တြင္ အဇာဘိုင္ဂ်န္ႏိုင္ငံ၏ ဒုတိယအႀကီးဆံုးၿမိဳ႕ဂန္ဂ်ာကို အာေမးနီးယားတပ္ဖြဲ႔မ်ားက ဗံုးႀကဲခဲ့သည္။

ထိုေဒသည္ အဇာဘိုင္ဂ်န္ပိုင္နက္ျဖစ္ေသာ္လည္း အာေမးနီးယားလူမ်ိဳးစုမ်ားက စီမံခန္႔ခြဲေနသည္။

အဇာဘိုင္ဂ်န္တပ္ဖြဲ႔မ်ားက ေဒသၿမိဳ႕ေတာ္ စတီပါနာကာ့တ္ကို ဗံုးႀကဲခဲ့ၿပီးေနာက္ ဂန္ဂ်ာစစ္ေလဆိပ္ကို တိုက္ခိုက္ခဲ့သည္ဟု အာဏာပိုင္မ်ားဟုမိမိကိုယ္ကိုေျပာေနသူမ်ားကေျပာသည္။

ဂန္ဂ်ာမွစစ္ဘက္ဆိုင္ရာအေဆာက္အအံုမ်ားတိုက္ခိုက္ခံခဲ့ရျခင္းမ႐ွိေၾကာင္း အဇာဘိုင္ဂ်န္ဘက္ကေျပာသည္။

ၿပီးခဲ့သည့္တနဂၤေႏြမွစ၍ ႐ြာ ၇ ႐ြာကိုထိန္းခ်ဳပ္ထားႏုိင္ေၾကာင္း အဇာဘိုင္ဂ်န္စစ္တပ္ကေျပာၿပီး ေ႐ွ႕တန္း အေျခအေနမ်ားတြင္တိုးတက္မႈ႐ွိေနေၾကာင္း အျငင္းပြားနယ္ေျမဘက္ကေျပာသည္။

အပစ္ရပ္သေဘာတူႏိုင္ရန္ ျပင္သစ္၊ ႐ု႐ွားႏွင့္ အေမရိကန္မွညွိႏႈိင္းသူမ်ားႏွင့္ ေစ့စပ္ေဆြးေႏြးရန္ အဆင္ သင့္႐ွိေနသည္ဟု ယခုတစ္ပတ္အေစာပိုင္းတြင္ အာေမးနီးယားကေျပာသည္။

တူရကီႏုိင္ငံကပြင့္ပြင့္လင္းလင္းေထာက္ခံထားသည့္အဇာဘိုင္ဂ်န္ႏိုင္ငံက အျငင္းပြားနယ္ေျမမွႏွင့္ ပတ္ ၀န္းက်င္မွ အာေမးနီယားလူမ်ိဳးစုတပ္ဖြဲ႔မ်ားသိမ္းယူထားသည့္နယ္ေျမမ်ားမွအာေမးနီးယားတပ္ဖြဲ႔မ်ား ဆုတ္ခြာေရးေတာင္းဆိုေနသည္။

ယခုတိုက္ပြဲမ်ားေၾကာင့္ ႏွစ္ဖက္ေသဆံုးသူ ရာဂဏန္း႐ွိေနသည္။ ယခုတိုက္ပြဲမ်ားသည္ ႏွစ္ ၃၀ နီးပါး ညွိႏိႈင္း၍မရေသးသည့္ႏွစ္ႏိုင္ငံၾကား ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အျပင္းထန္ဆံုးတိုက္ပြဲမ်ားျဖစ္သည္။

Ref : Nagorno-Karabakh conflict: Major cities hit as heavy fighting continues

#PeopleMedia

(Unicode)
အဇာဘိုင်ဂျန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ကို အာမေးနီးယားတပ်ဖွဲ့များဗုံးကြဲ
………………………………………….

ဘာကူ၊ အောက်တိုဘာ ၅

အငြင်းပွား နာဂေါ်နို-ကာရာဘာ့ဒေသအရေးတိုက်ခိုက်မှုများပြင်းထန်လာချိန်တွင် အဇာဘိုင်ဂျန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဂန်ဂျာကို အာမေးနီးယားတပ်ဖွဲ့များက ဗုံးကြဲခဲ့သည်။

ထိုဒေသည် အဇာဘိုင်ဂျန်ပိုင်နက်ဖြစ်သော်လည်း အာမေးနီးယားလူမျိုးစုများက စီမံခန့်ခွဲနေသည်။

အဇာဘိုင်ဂျန်တပ်ဖွဲ့များက ဒေသမြို့တော် စတီပါနာကာ့တ်ကို ဗုံးကြဲခဲ့ပြီးနောက် ဂန်ဂျာစစ်လေဆိပ်ကို တိုက်ခိုက်ခဲ့သည်ဟု အာဏာပိုင်များဟုမိမိကိုယ်ကိုပြောနေသူများကပြောသည်။

ဂန်ဂျာမှစစ်ဘက်ဆိုင်ရာအဆောက်အအုံများတိုက်ခိုက်ခံခဲ့ရခြင်းမရှိကြောင်း အဇာဘိုင်ဂျန်ဘက်ကပြောသည်။

ပြီးခဲ့သည့်တနင်္ဂနွေမှစ၍ ရွာ ၇ ရွာကိုထိန်းချုပ်ထားနိုင်ကြောင်း အဇာဘိုင်ဂျန်စစ်တပ်ကပြောပြီး ရှေ့တန်း အခြေအနေများတွင်တိုးတက်မှုရှိနေကြောင်း အငြင်းပွားနယ်မြေဘက်ကပြောသည်။

အပစ်ရပ်သဘောတူနိုင်ရန် ပြင်သစ်၊ ရုရှားနှင့် အမေရိကန်မှညှိနှိုင်းသူများနှင့် စေ့စပ်ဆွေးနွေးရန် အဆင် သင့်ရှိနေသည်ဟု ယခုတစ်ပတ်အစောပိုင်းတွင် အာမေးနီးယားကပြောသည်။

တူရကီနိုင်ငံကပွင့်ပွင့်လင်းလင်းထောက်ခံထားသည့်အဇာဘိုင်ဂျန်နိုင်ငံက အငြင်းပွားနယ်မြေမှနှင့် ပတ် ဝန်းကျင်မှ အာမေးနီယားလူမျိုးစုတပ်ဖွဲ့များသိမ်းယူထားသည့်နယ်မြေများမှအာမေးနီးယားတပ်ဖွဲ့များ ဆုတ်ခွာရေးတောင်းဆိုနေသည်။

ယခုတိုက်ပွဲများကြောင့် နှစ်ဖက်သေဆုံးသူ ရာဂဏန်းရှိနေသည်။ ယခုတိုက်ပွဲများသည် နှစ် ၃၀ နီးပါး ညှိနှိုင်း၍မရသေးသည့်နှစ်နိုင်ငံကြား ပြီးခဲ့သည့်နှစ်များအတွင်း အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်သည်။

Ref : Nagorno-Karabakh conflict: Major cities hit as heavy fighting continues

#PeopleMedia


Share this post