• Follow Us on

Home အတည်ပြုနိုင်ခြင်းမရှိသော မှားယွင်းသည့်သတင်းအချက်အလက်များအပေါ်အခြေခံကာ တစ်ဖက်သတ်စွပ်စွဲ မှုများကို လက်မခံဘဲပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

အတည်ပြုနိုင်ခြင်းမရှိသော မှားယွင်းသည့်သတင်းအချက်အလက်များအပေါ်အခြေခံကာ တစ်ဖက်သတ်စွပ်စွဲ မှုများကို လက်မခံဘဲပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၃ (People Media)

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burge ner သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၁၀ ရက်တွင် နယူးယောက် စံတော်ချိန် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်ခဲ့မှုအပေါ် သူမအနေဖြင့် အတည် ပြုနိုင်ခြင်းမရှိသော မှားယွင်းသည့်သတင်းအချက်အလက်များအပေါ် အခြေခံကာ တစ်ဖက်သတ်စွပ်စွဲ ပြော ကြားထားခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် လိုက်သည်။

 

သတင်းစာရှင်းလင်းမှု၌ ပြောကြားရာတွင် အကြမ်းဖက်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြားမှ အစိုးရ၏ ဒီမိုကရေစီကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် သက်ဆိုင်ရာ မြန်မာအာဏာပိုင်များမှ ပုံမှန်ထုတ်ပြန် အသိပေးနေသည့် သတင်းအချက်အလက်များကို လျစ်လျူရှုခဲ့ကြောင်း သိရသည်။

 

ထို့ပြင် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဖွဲ့စည်းစေလိုကြောင်းဖြင့် အဆိုပြုမှုများသည် မြန်မာနိုင်ငံအပေါ် မလို လားအပ်သော နိုင်ငံရေးဖိအားပေးသည့်သဘောသက်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံအနေဖြင့် အာဆီ ယံဘုံသဘောတူညီချက် (၅) ချက်အား အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း ပြသသည့်အနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခန့်အပ်မှုအား လက်ခံခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

 

အိမ်စောင့်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းစဉ်များကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအစီအစဉ်အား နိုင်ငံတစ်ဝှမ်း ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် တရားမဝင်နှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw- CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government- NUG) နှင့် ၎င်းတို့ကို ထောက်ခံသူများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများတွင် တိုက်ခိုက်မှုများရှိကြောင်း ဝမ်းနည်းဖွယ် တွေ့ရှိ ရကြောင်း အထူးကိုယ်စားလှယ်အနေဖြင့် ပြောကြားရာတွင် အကြမ်းဖက်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဖော်ပြထားခြင်းမရှိဘဲ နိုင်ငံ၏အခြေအနေကို ပြင်ပမှ ဝင်ရောက်စွက်ဖက်လိုသူများဘက်မှ ချဲ့ကားပြော ကြားခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။

 

သို့ပါ၍ အထူးကိုယ်စားလှယ်အနေဖြင့် သူမအား ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပြုသဘော၊ ဘက်လိုက်မှုမရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ဆောင်ရွက်သွားရန် တိုက်တွန်းသည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ပြောကြားချက်များသည် ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသည့် လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများအပါအဝင် ကုလသမဂ္ဂပဋိညာဉ်စာ တမ်းပါ အခြေခံမူများကို ချိုးဖောက်ရာရောက်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

 

#PeopleMedia #MOFA

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 

#PeopleMedia #MOFA


Share this post