• Follow Us on

Home အတည္ျပဳလူနာႏွင့္ ထိေတြ႕ၿပီးေနာက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ၫႊန္ၾကားေရးမွဴးခ်ဳပ္ အသြားအလာ ကန္႔ သတ္ေစာင့္ၾကည့္မႈခံယူေန

အတည္ျပဳလူနာႏွင့္ ထိေတြ႕ၿပီးေနာက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ၫႊန္ၾကားေရးမွဴးခ်ဳပ္ အသြားအလာ ကန္႔ သတ္ေစာင့္ၾကည့္မႈခံယူေန

Share this post

ဂ်ီနီဗာ၊ ႏို၀င္ဘာ ၂
 
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေၾကာင္း အတည္ျပဳသူတေယာက္ႏွင့္ထိေတြ႕သျဖင့္ အသြားအလာကန္႔သတ္ ေစာင့္ၾကည့္မႈခံယူေနေၾကာင္းႏွင့္ ေရာဂါလကၡဏာမ႐ွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O) ၫႊန္ၾကားေရးမွဴးခ်ဳပ္ တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီယီးစပ္စ္က တနဂၤေႏြေန႔တြင္ေျပာသည္။
 
ကမာၻ႔က်န္းမာေရးအဖြဲ႔လုပ္ထံုးလုပ္နည္းမ်ားအတိုင္း အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈခံယူေနၿပီး အိမ္မွအလုပ္လုပ္သြားမည္ဟုလည္းေျပာသည္။
 
တက္ဒ႐ို႕စ္သည္ ကမာၻ႔ကပ္ေရာဂါကိုရင္ဆိုင္ရာတြင္ ကုလသမဂၢက်န္းမာေရးေအဂ်င္စီကို ဦးေဆာင္ ေနသူျဖစ္သည္။
 
က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားအတိုင္း လိုက္နာၾကရန္အေရးႀကီးေၾကာင္းလည္း တြစ္တာတြင္တိုက္တြန္းသည္။
 
ကမာၻ႔ကပ္ေရာဂါကူးစက္ခံရသူ ၄၆ သန္းေက်ာ္ေနၿပီး ေသဆံုးသူ ၁.၂ သန္းေက်ာ္ေနၿပီျဖစ္သည္။
 
ဥေရာပတိုက္တြင္လည္း ၿပီးခဲ့သည့္သီတင္းပတ္ ၅ ပတ္အတြင္း အတည္ျပဳလူနာ ၂ ဆျမင့္တက္လာၿပီး တနဂၤေႏြေန႔တြင္ အတည္ျပဳလူနာ ၁၀ သန္းေက်ာ္ခဲ့သည္။
 
ေအာက္တိုဘာလတြင္ လက္တင္အေမရိကႏွင့္အာ႐ွတိုက္တို႔တြင္ အတည္ျပဳလူနာ ၁၀ သန္းေက်ာ္ခဲ့သည္။
 
Ref : WHO chief in quarantine after contact tests positive for COVID-19
 
#PeopleMedia
 
(unicode)
အတည်ပြုလူနာနှင့် ထိတွေ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် အသွားအလာ ကန့် သတ်စောင့်ကြည့်မှုခံယူနေ
……………………………………………………..
 
ဂျီနီဗာ၊ နိုဝင်ဘာ ၂
 
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုသူတယောက်နှင့်ထိတွေ့သဖြင့် အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူနေကြောင်းနှင့် ရောဂါလက္ခဏာမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O) ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီးစပ်စ်က တနင်္ဂနွေနေ့တွင်ပြောသည်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့လုပ်ထုံးလုပ်နည်းများအတိုင်း အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေပြီး အိမ်မှအလုပ်လုပ်သွားမည်ဟုလည်းပြောသည်။
 
တက်ဒရို့စ်သည် ကမ္ဘာ့ကပ်ရောဂါကိုရင်ဆိုင်ရာတွင် ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီကို ဦးဆောင် နေသူဖြစ်သည်။
 
ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်အရေးကြီးကြောင်းလည်း တွစ်တာတွင်တိုက်တွန်းသည်။
 
ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူ ၄၆ သန်းကျော်နေပြီး သေဆုံးသူ ၁.၂ သန်းကျော်နေပြီဖြစ်သည်။
 
ဥရောပတိုက်တွင်လည်း ပြီးခဲ့သည့်သီတင်းပတ် ၅ ပတ်အတွင်း အတည်ပြုလူနာ ၂ ဆမြင့်တက်လာပြီး တနင်္ဂနွေနေ့တွင် အတည်ပြုလူနာ ၁၀ သန်းကျော်ခဲ့သည်။
 
အောက်တိုဘာလတွင် လက်တင်အမေရိကနှင့်အာရှတိုက်တို့တွင် အတည်ပြုလူနာ ၁၀ သန်းကျော်ခဲ့သည်။
 
Ref : WHO chief in quarantine after contact tests positive for COVID-19
 
#PeopleMedia

Share this post