• Follow Us on

Home အတားအဆီးမ်ားကို ဖ်က္ဆီးထားရန္ တ႐ုတ္သမၼတႏွင့္ထိပ္သီးအစည္းအေ၀းအၿပီးတြင္ အီးယူေျပာ

အတားအဆီးမ်ားကို ဖ်က္ဆီးထားရန္ တ႐ုတ္သမၼတႏွင့္ထိပ္သီးအစည္းအေ၀းအၿပီးတြင္ အီးယူေျပာ

Share this post

ဘရပ္ဆဲလ္၊ စက္တင္ဘာ ၁၅

ေစ်းကြက္ဖြင့္ထားရန္၊ လူနည္းစုကိုေလးစားရန္ႏွင့္ ေဟာင္ေကာင္ကိုၿဖိဳခြဲမႈမွေနာက္ဆုတ္ရန္ တ႐ုတ္သမၼတ ႐ွီက်င့္ဖ်င္ကို ဥေရာသမဂၢ(အီးယူ)ေခါင္းေဆာင္မ်ားက တနလၤာေန႔တြင္ေျပာၿပီး ဥေရာပကို ကုန္သြယ္ေရးတြင္အသာစီးယူ၍ရမည္မဟုတ္ဟုလည္း အခိုင္အမာေျပာသည္။

အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံၾကားထိပ္တိုက္ေတြ႕ဆံုေနမႈတြင္ အီးယူက တစ္ဖက္မွရပ္တည္မည္မ ဟုတ္ေၾကာင္းျပသလိုေသာအေနျဖင့္ အဖြဲ႔အမႈေဆာင္ခ်ဳပ္ႏွင့္ဥကၠ႒တို႔သာမက ဂ်ာမနီ၀န္ႀကီးခ်ဳပ္အန္ဂ်လာ မာကယ္ကလည္း တ႐ုတ္ႏိုင္ငံထံ ျပတ္သားေသာသတင္းစကားပါးခဲ့သည္။

ဗီဒီယိုညီလာခံကိုသဘာပတိအျဖစ္တာ၀န္ယူေသာ ဥေရာပေကာင္စီဥကၠ႒ ခ်ားလ္စ္ မီခ်ယ္က ဥေရာပသည္ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ကစားကြင္းမဟုတ္ေၾကာင္း လြတ္လပ္မွ်တသည့္ကုန္သြယ္မႈျဖစ္ေရးကတိ က၀တ္မ်ား တ႐ုတ္ႏိုင္ငံကမတည္ဟုေျပာရာတြင္ ဥပမာထားေျပာသည္။

ႏွစ္ဘက္ကုန္သြယ္မႈတန္ဖိုးတစ္ေန႔လွ်င္ ယူ႐ိုသန္း ၁၀၀၀ ေက်ာ္႐ွိေနၿပီး အီးယူသည္ တ႐ုတ္၏အဓိကကုန္သြ ယ္မႈမိတ္ဖက္ျဖစ္ခ်ိန္တြင္ အီးယူကုန္စည္ႏွင့္၀န္ေဆာင္မႈအတြက္ တ႐ုတ္သည္ အေမရိကန္ေနာက္ဒုတိယေန ရာတြင္႐ွိေနသည္။

႐ွီသည္ ထိပ္သီးညီလာခံအၿပီးသတင္းစာ႐ွင္းလင္းရာတြင္ မပါ၀င္ခဲ့ဘဲ ပူးတြဲထုတ္ျပန္ခ်က္ပါမ႐ွိေသာ္လည္း တ႐ုတ္အေရးတြင္၀င္ေရာက္စြက္ဖက္မႈမ်ားကို ႐ွီက ျငင္းဆိုခဲ့ေၾကာင္း ႏိုင္ငံပိုင္႐ွင္ဟြာသတင္းေအဂ်င္စီ ကေဖာ္ျပသည္။

သံမဏိအလြန္အကၽြံထုတ္လုပ္ျခင္းမွ အေနာက္ႏိုင္ငံမ်ား၏ဉာဏမူပိုင္ခြင့္မ်ားခ်ိဳးေဖာက္ေနျခင္းအထိ ကမာၻ႔ကုန္သြယ္ေရးစည္းမ်ဥ္းမ်ားကို တ႐ုတ္ႏိုင္ငံကခ်ိဳးေဖာက္ေနေၾကာင္း အီးယူကစြပ္စြဲထားၿပီး တ႐ုတ္ႏိုင္ငံက ျငင္းဆိုထားသည္။

Ref : Tear down your barriers, EU says after summit with China’s Xi

#PeopleMedia

(unicode)
အတားအဆီးများကို ဖျက်ဆီးထားရန် တရုတ်သမ္မတနှင့်ထိပ်သီးအစည်းအဝေးအပြီးတွင် အီးယူပြော
……………………………………………………

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅

ဈေးကွက်ဖွင့်ထားရန်၊ လူနည်းစုကိုလေးစားရန်နှင့် ဟောင်ကောင်ကိုဖြိုခွဲမှုမှနောက်ဆုတ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဥရောသမဂ္ဂ(အီးယူ)ခေါင်းဆောင်များက တနင်္လာနေ့တွင်ပြောပြီး ဥရောပကို ကုန်သွယ်ရေးတွင်အသာစီးယူ၍ရမည်မဟုတ်ဟုလည်း အခိုင်အမာပြောသည်။

အမေရိကန်နှင့်တရုတ်နိုင်ငံကြားထိပ်တိုက်တွေ့ဆုံနေမှုတွင် အီးယူက တစ်ဖက်မှရပ်တည်မည်မ ဟုတ်ကြောင်းပြသလိုသောအနေဖြင့် အဖွဲ့အမှုဆောင်ချုပ်နှင့်ဥက္ကဋ္ဌတို့သာမက ဂျာမနီဝန်ကြီးချုပ်အန်ဂျလာ မာကယ်ကလည်း တရုတ်နိုင်ငံထံ ပြတ်သားသောသတင်းစကားပါးခဲ့သည်။

ဗီဒီယိုညီလာခံကိုသဘာပတိအဖြစ်တာဝန်ယူသော ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မီချယ်က ဥရောပသည် ကစားသမားတစ်ယောက်ဖြစ်ပြီး ကစားကွင်းမဟုတ်ကြောင်း လွတ်လပ်မျှတသည့်ကုန်သွယ်မှုဖြစ်ရေးကတိ ကဝတ်များ တရုတ်နိုင်ငံကမတည်ဟုပြောရာတွင် ဥပမာထားပြောသည်။

နှစ်ဘက်ကုန်သွယ်မှုတန်ဖိုးတစ်နေ့လျှင် ယူရိုသန်း ၁၀၀၀ ကျော်ရှိနေပြီး အီးယူသည် တရုတ်၏အဓိကကုန်သွ ယ်မှုမိတ်ဖက်ဖြစ်ချိန်တွင် အီးယူကုန်စည်နှင့်ဝန်ဆောင်မှုအတွက် တရုတ်သည် အမေရိကန်နောက်ဒုတိယနေ ရာတွင်ရှိနေသည်။

ရှီသည် ထိပ်သီးညီလာခံအပြီးသတင်းစာရှင်းလင်းရာတွင် မပါဝင်ခဲ့ဘဲ ပူးတွဲထုတ်ပြန်ချက်ပါမရှိသော်လည်း တရုတ်အရေးတွင်ဝင်ရောက်စွက်ဖက်မှုများကို ရှီက ငြင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်ရှင်ဟွာသတင်းအေဂျင်စီ ကဖော်ပြသည်။

သံမဏိအလွန်အကျွံထုတ်လုပ်ခြင်းမှ အနောက်နိုင်ငံများ၏ဉာဏမူပိုင်ခွင့်များချိုးဖောက်နေခြင်းအထိ ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းများကို တရုတ်နိုင်ငံကချိုးဖောက်နေကြောင်း အီးယူကစွပ်စွဲထားပြီး တရုတ်နိုင်ငံက ငြင်းဆိုထားသည်။

Ref : Tear down your barriers, EU says after summit with China’s Xi

#PeopleMedia


Share this post