• Follow Us on

Home အတိတ္ကလုပ္ရပ္မ်ားေၾကာင့္ ျပင္သစ္ႏိုင္ငံသားသန္းခ်ီကိုသတ္ခြင့္ မြတ္ဆလင္မ်ားတြင္႐ွိေၾကာင္း မေလး႐ွား၀န္ႀကီးခ်ဳပ္ေဟာင္း မဟာသီယာ မိုဟာမက္ေျပာ

အတိတ္ကလုပ္ရပ္မ်ားေၾကာင့္ ျပင္သစ္ႏိုင္ငံသားသန္းခ်ီကိုသတ္ခြင့္ မြတ္ဆလင္မ်ားတြင္႐ွိေၾကာင္း မေလး႐ွား၀န္ႀကီးခ်ဳပ္ေဟာင္း မဟာသီယာ မိုဟာမက္ေျပာ

Share this post

ကြာလာလမ္ပူ၊ ေအာက္တိုဘာ ၃၀
 
အတိတ္ကာလက လူအစုလိုက္အျပံဳလိုက္သတ္ျဖတ္မႈမ်ားေၾကာင့္ ျပင္သစ္ႏိုင္ငံသားသန္းခ်ီကို မြတ္ဆလင္မ်ားကသတ္ခြင့္႐ွိေၾကာင္း မေလး႐ွား၀န္ႀကီးခ်ဳပ္ေဟာင္း မဟာသီယာ မိုဟာမက္က တြစ္တာတြင္ေျပာခဲ့ၿပီးေနာက္ပိုင္း ေဒါသတႀကီးတံု႔ျပန္ေျပာဆိုမႈမ်ား႐ွိေနသည္။
 
ၾကာသပေတးေန႔တြင္ ျပင္သစ္ႏိုင္ငံ၌ အမ်ိဳးသမီးႀကီးတေယာက္ ေခါင္းျဖတ္ခံရလုနီးပါးျဖစ္ရပ္ျဖစ္ခဲ့ၿပီးေနာက္ မဟာသီယာက ယခုမွတ္ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။
 
ယခုလအေစာပိုင္းတြင္လည္း တမန္ေတာ္မိုဟာမက္ကာတြန္းပံုမ်ားကို ေက်ာင္းသားကေလးငယ္မ်ား ကိုျပသခဲ့ၿပီး လြတ္လပ္စြာေျပာဆိုခြင့္ႏွင့္ယံုၾကည္ကိုးကြယ္ခြင့္တို႔အေၾကာင္းသင္ၾကားေပးသည့္ ေက်ာင္းဆရာတေယာက္ကို ပဲရစ္ၿမိဳ႕ဆင္ေျခဖံုးတြင္ေခါင္းျဖတ္ခံရၿပီး ထိုျဖစ္ရပ္မတိုင္ခင္ ၂ ပတ္ခန္႔ကလည္း ခြဲထြက္မႈကိုတိုက္ဖ်က္ရန္အစီအစဥ္တခုကို ျပင္သစ္သမၼတ အီမန္ႏ်ဳရယ္ မက္ခ႐ြန္ကေၾကညာခဲ့ခ်ိန္တြင္ ကမာၻတ၀န္း၌ အစၥလာမ္ဘာသာ အၾကပ္အတည္းၾကံဳေတြ႕ေနရသည္ဟုေျပာခဲ့ၿပီးေနာက္ ေ၀ဖန္မႈမ်ား႐ွိခဲ့သည္။
 
၂၀၁၈ ခုႏွစ္မွ ယခုႏွစ္၊ မတ္လအထိ မေလး႐ွား၀န္ႀကီးခ်ဳပ္ျဖစ္ခဲ့သည့္မဟာသီယာက ၾကာသပေတးေန႔ျဖစ္ရပ္အေပၚမွတ္ခ်က္ျပဳရာတြင္ မြတ္ဆလင္မ်ားက သတ္ျဖတ္မႈကို ခြင့္မျပဳေသာ္လည္း အျခားသူမ်ား၏စံတန္ဖိုးမ်ားကို မေလးမစားမလုပ္သင့္ေၾကာင္း သတိေပးသည္။
 
“သူက လူယဥ္ေက်းလို႔ မက္ခ႐ြန္က မျပသခဲ့ဘူး။ ေစာ္ကားေမာ္ကားေျပာခဲ့တဲ့ေက်ာင္းဆရာသတ္ခံရတာ အတြက္ အစၥလာမ္ဘာသာနဲ႔မြတ္ဆလင္ေတြကို အျပစ္တင္ၿပီးေတာ့ ကမာၻဦးလူသားလိုျပဳမူခဲ့တယ္” ဟု မဟာသီယာကေျပာသည္။
 
“ဒါေပမဲ့ ဘာသာကိုအတိအလင္းမေလးမစားလုပ္ၿပီး ေဒါသထြက္တဲ့လူေတြက လူသတ္တာပဲ။ ျပင္သစ္ေတြကလည္း သူတို႔သမိုင္းမွာ လူသန္းနဲ႔ခ်ီၿပီးသတ္ခဲ့တယ္။ မြတ္ဆလင္ေတြအမ်ားအျပားပါတယ္။ မြတ္ဆလင္ေတြမွာလည္း အတိတ္ကလူအံုနဲ႔က်င္းနဲ႔သတ္ခံခဲ့ရတာေတြအတြက္ ေဒါသထြက္ခြင့္နဲ႔ ျပင္သစ္ႏိုင္ငံသားသန္းနဲ႔ခ်ီကိုသတ္ခြင့္႐ွိတယ္” ဟု ေျပာသည္။
 
“ဒါေပမဲ့ အားလံုးထည့္စဥ္းစားရင္ မြတ္ဆလင္ေတြက မ်က္လံုးတလံုးအတြက္ မ်က္လံုးတလံုးဥပေဒကို မက်င့္သံုးဘူး။ ျပင္သစ္ေတြလည္း မသံုးသင့္ဘူး။ အဲဒီလိုလုပ္ရမယ့္အစား ျပင္သစ္ေတြအေနနဲ႔ တျခားလူေတြရဲ႕ခံစားခ်က္ေတြကိုေလးစားတတ္ေအာင္ သင္ေပးသင့္တယ္”ဟုလည္း အႀကံျပဳသည္။
 
မစၥတာ မဟာသီယာ၏မွတ္ခ်က္ေၾကာင့္ သူ၏တြစ္တာပို႔စ္ကိုဖ်က္ရန္ က်ယ္က်ယ္ျပန္႔ျပန္႔ေတာင္းဆိုေနၾကၿပီး ထိုစာမ်ားသည္ အၾကမ္းဖက္မႈမ်ားျဖစ္ေစရန္ လႈံ႕ေဆာ္မႈျဖစ္သည္ဟု အခ်ိဳ႕ကေဖာ္ျပေနသည္။
 
ထိုျဖစ္ရပ္ႏွင့္စပ္လ်ဥ္း၍ မဟာသီယာက ပို႔စ္ဆယ္ခုေက်ာ္ေရးသားခဲ့ၿပီး ေဒါသထြက္ခြင့္ႏွင့္သတ္ျဖတ္ခြင့္႐ွိ သည္ဆိုေသာပို႔စ္ကို တြစ္တာက ဖ်က္သိမ္းခဲ့သည္။
 
ျပင္သစ္အစိုးရႏွင့္ ျပင္သစ္ႏွင့္အျခားႏိုင္ငံမ်ား႐ွိမြတ္ဆလင္မ်ားၾကား တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ မဟာသီယာက ယခုကဲ့သို႔မွတ္ခ်က္ျပဳျခင္းျဖစ္သည္။
 
Ref : Muslims have a right to ‘kill millions of French people’ over past actions, former Malaysian PM suggests
 
#PeopleMedia
 
(unicode)
အတိတ်ကလုပ်ရပ်များကြောင့် ပြင်သစ်နိုင်ငံသားသန်းချီကိုသတ်ခွင့် မွတ်ဆလင်များတွင်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ပြော
………………………………………………….
 
ကွာလာလမ်ပူ၊ အောက်တိုဘာ ၃၀
 
အတိတ်ကာလက လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် ပြင်သစ်နိုင်ငံသားသန်းချီကို မွတ်ဆလင်များကသတ်ခွင့်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က တွစ်တာတွင်ပြောခဲ့ပြီးနောက်ပိုင်း ဒေါသတကြီးတုံ့ပြန်ပြောဆိုမှုများရှိနေသည်။
 
ကြာသပတေးနေ့တွင် ပြင်သစ်နိုင်ငံ၌ အမျိုးသမီးကြီးတယောက် ခေါင်းဖြတ်ခံရလုနီးပါးဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် မဟာသီယာက ယခုမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
 
ယခုလအစောပိုင်းတွင်လည်း တမန်တော်မိုဟာမက်ကာတွန်းပုံများကို ကျောင်းသားကလေးငယ်များ ကိုပြသခဲ့ပြီး လွတ်လပ်စွာပြောဆိုခွင့်နှင့်ယုံကြည်ကိုးကွယ်ခွင့်တို့အကြောင်းသင်ကြားပေးသည့် ကျောင်းဆရာတယောက်ကို ပဲရစ်မြို့ဆင်ခြေဖုံးတွင်ခေါင်းဖြတ်ခံရပြီး ထိုဖြစ်ရပ်မတိုင်ခင် ၂ ပတ်ခန့်ကလည်း ခွဲထွက်မှုကိုတိုက်ဖျက်ရန်အစီအစဉ်တခုကို ပြင်သစ်သမ္မတ အီမန်နျုရယ် မက်ခရွန်ကကြေညာခဲ့ချိန်တွင် ကမ္ဘာတဝန်း၌ အစ္စလာမ်ဘာသာ အကြပ်အတည်းကြုံတွေ့နေရသည်ဟုပြောခဲ့ပြီးနောက် ဝေဖန်မှုများရှိခဲ့သည်။
 
၂၀၁၈ ခုနှစ်မှ ယခုနှစ်၊ မတ်လအထိ မလေးရှားဝန်ကြီးချုပ်ဖြစ်ခဲ့သည့်မဟာသီယာက ကြာသပတေးနေ့ဖြစ်ရပ်အပေါ်မှတ်ချက်ပြုရာတွင် မွတ်ဆလင်များက သတ်ဖြတ်မှုကို ခွင့်မပြုသော်လည်း အခြားသူများ၏စံတန်ဖိုးများကို မလေးမစားမလုပ်သင့်ကြောင်း သတိပေးသည်။
 
“သူက လူယဉ်ကျေးလို့ မက်ခရွန်က မပြသခဲ့ဘူး။ စော်ကားမော်ကားပြောခဲ့တဲ့ကျောင်းဆရာသတ်ခံရတာ အတွက် အစ္စလာမ်ဘာသာနဲ့မွတ်ဆလင်တွေကို အပြစ်တင်ပြီးတော့ ကမ္ဘာဦးလူသားလိုပြုမူခဲ့တယ်” ဟု မဟာသီယာကပြောသည်။
 
“ဒါပေမဲ့ ဘာသာကိုအတိအလင်းမလေးမစားလုပ်ပြီး ဒေါသထွက်တဲ့လူတွေက လူသတ်တာပဲ။ ပြင်သစ်တွေကလည်း သူတို့သမိုင်းမှာ လူသန်းနဲ့ချီပြီးသတ်ခဲ့တယ်။ မွတ်ဆလင်တွေအများအပြားပါတယ်။ မွတ်ဆလင်တွေမှာလည်း အတိတ်ကလူအုံနဲ့ကျင်းနဲ့သတ်ခံခဲ့ရတာတွေအတွက် ဒေါသထွက်ခွင့်နဲ့ ပြင်သစ်နိုင်ငံသားသန်းနဲ့ချီကိုသတ်ခွင့်ရှိတယ်” ဟု ပြောသည်။
 
“ဒါပေမဲ့ အားလုံးထည့်စဉ်းစားရင် မွတ်ဆလင်တွေက မျက်လုံးတလုံးအတွက် မျက်လုံးတလုံးဥပဒေကို မကျင့်သုံးဘူး။ ပြင်သစ်တွေလည်း မသုံးသင့်ဘူး။ အဲဒီလိုလုပ်ရမယ့်အစား ပြင်သစ်တွေအနေနဲ့ တခြားလူတွေရဲ့ခံစားချက်တွေကိုလေးစားတတ်အောင် သင်ပေးသင့်တယ်”ဟုလည်း အကြံပြုသည်။
 
မစ္စတာ မဟာသီယာ၏မှတ်ချက်ကြောင့် သူ၏တွစ်တာပို့စ်ကိုဖျက်ရန် ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုနေကြပြီး ထိုစာများသည် အကြမ်းဖက်မှုများဖြစ်စေရန် လှုံ့ဆော်မှုဖြစ်သည်ဟု အချို့ကဖော်ပြနေသည်။
 
ထိုဖြစ်ရပ်နှင့်စပ်လျဉ်း၍ မဟာသီယာက ပို့စ်ဆယ်ခုကျော်ရေးသားခဲ့ပြီး ဒေါသထွက်ခွင့်နှင့်သတ်ဖြတ်ခွင့်ရှိ သည်ဆိုသောပို့စ်ကို တွစ်တာက ဖျက်သိမ်းခဲ့သည်။
 
ပြင်သစ်အစိုးရနှင့် ပြင်သစ်နှင့်အခြားနိုင်ငံများရှိမွတ်ဆလင်များကြား တင်းမာမှုများမြင့်တက်နေချိန်တွင် မဟာသီယာက ယခုကဲ့သို့မှတ်ချက်ပြုခြင်းဖြစ်သည်။
 
Ref : Muslims have a right to ‘kill millions of French people’ over past actions, former Malaysian PM suggests
 
#PeopleMedia

Share this post