• Follow Us on

Home အတိတ္တြင္ျဖစ္ခဲ့သည္မ်ားကို အျပစ္တင္ေန၍မရဘဲ ျဖစ္ခဲ့သည္မ်ားကို သင္ခန္းစာယူ၍ ပစၥဳပၸန္တြင္ ရွိေနၾကသူမ်ားက အနာဂတ္ကို ေကာင္းေအာင္ဖန္တီးၾကရမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္ေျပာဆို 

အတိတ္တြင္ျဖစ္ခဲ့သည္မ်ားကို အျပစ္တင္ေန၍မရဘဲ ျဖစ္ခဲ့သည္မ်ားကို သင္ခန္းစာယူ၍ ပစၥဳပၸန္တြင္ ရွိေနၾကသူမ်ားက အနာဂတ္ကို ေကာင္းေအာင္ဖန္တီးၾကရမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္ေျပာဆို 

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အတိတ္တြင္ျဖစ္ခဲ့သည္မ်ားကို အျပစ္တင္ေန၍ရမည္မဟုတ္ဘဲ ျဖစ္ခဲ့သည္မ်ားကို သင္ခန္းစာယူ၍ ပစၥဳပၸန္တြင္ရွိေနၾကသူမ်ားက အနာဂတ္ကို ေကာင္းေအာင္ဖန္တီးၾကရမည္ျဖစ္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာၾကားသည္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဒီဇင္ဘာ ၁၇ ရက္ေန႔ မြန္းလြဲပိုင္းတြင္ အိႏၵိယႏိုင္ငံမွ လူသားခ်င္းစာနာေထာက္ထားမႈေခါင္းေဆာင္ႏွင့္ ၿငိမ္းခ်မ္းေရးသံတမန္ႀကီး တစ္ဦးျဖစ္သည့္ Sri Sri Ravi Shankar အား Virtual Meeting ျဖင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ထုတ္ျပန္ထား သည္။

ထိုသို႔ ေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ မိမိတို႔ႏိုင္ငံအေနျဖင့္ ျပည္တြင္း ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ အတိတ္တြင္ျဖစ္ခဲ့သည္မ်ားကို အျပစ္တင္ေန၍ ရမည္မဟုတ္ဘဲ ျဖစ္ခဲ့သည္မ်ားကို သင္ခန္းစာယူ၍ ပစၥဳပၸန္တြင္ရွိေနၾကသူမ်ားက အနာဂတ္ကို ေကာင္းေအာင္ဖန္တီး ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဆက္လက္ၿပီး Sri Sri Ravi Shankar မွလည္း ပဋိပကၡမ်ားကိုေျဖရွင္းေဆာင္႐ြက္ရာတြင္ အခ်င္းခ်င္း တစ္ဦးႏွင့္တစ္ဦး နီးကပ္စြာ ဆက္ဆံ၍ နားလည္မႈရွိစြာျဖင့္ ေနထိုင္ေျပာဆိုလုပ္ကိုင္ၾကရန္၊ မိမိတို႔၏ ဘ၀ကိုျဖတ္သန္းရာတြင္ တစ္ဦးႏွင့္တစ္ဦး နားလည္စြာျဖင့္ျဖတ္သန္းရန္လိုၿပီး အျမင္မတူသည့္လူမ်ားၾကားတြင္ ေကာင္းမြန္သည့္ အေၾကာင္းအရာမ်ား၊ ျဖစ္စဥ္မ်ားႏွင့္ ေကာင္းမြန္သည့္ အနာဂတ္တို႔ကို မ်ိဳးဆက္သစ္မ်ားသို႔ လက္ဆင့္ကမ္းေပးႏိုင္ေရး ေဆာင္႐ြက္ၾကရန္ႏွင့္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ရာတြင္ မိမိတို႔က်င့္သုံးသည့္ နည္းလမ္းမ်ားကို ကိုယ္ခ်င္းစာတရား လက္ကိုင္ထား၍ ခိုင္ခိုင္မာမာျဖင့္ က်င့္သုံးေဆာင္ ႐ြက္ပါက ေအာင္ျမင္မည္ျဖစ္ေၾကာင္း ယင္းေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွလည္း ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ မိမိအေနျဖင့္ ျပင္းျပသည့္ စိတ္ဆႏၵျဖင့္ ႀကိဳးစား ေဆာင္႐ြက္လ်က္ရွိသည္ဟု ေျပာၾကားခဲ့ၾကေၾကာင္း ေဖာ္ျပပါရွိသည္။

#PeopleMedia #အိႏၵိယ #ျမန္မာ

(unicode)
အတိတ်တွင်ဖြစ်ခဲ့သည်များကို အပြစ်တင်နေ၍မရဘဲ ဖြစ်ခဲ့သည်များကို သင်ခန်းစာယူ၍ ပစ္စုပ္ပန်တွင် ရှိနေကြသူများက အနာဂတ်ကို ကောင်းအောင်ဖန်တီးကြရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောဆို …………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အတိတ်တွင်ဖြစ်ခဲ့သည်များကို အပြစ်တင်နေ၍ရမည်မဟုတ်ဘဲ ဖြစ်ခဲ့သည်များကို သင်ခန်းစာယူ၍ ပစ္စုပ္ပန်တွင်ရှိနေကြသူများက အနာဂတ်ကို ကောင်းအောင်ဖန်တီးကြရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး တစ်ဦးဖြစ်သည့် Sri Sri Ravi Shankar အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထား သည်။

ထိုသို့ ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အတိတ်တွင်ဖြစ်ခဲ့သည်များကို အပြစ်တင်နေ၍ ရမည်မဟုတ်ဘဲ ဖြစ်ခဲ့သည်များကို သင်ခန်းစာယူ၍ ပစ္စုပ္ပန်တွင်ရှိနေကြသူများက အနာဂတ်ကို ကောင်းအောင်ဖန်တီး ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး Sri Sri Ravi Shankar မှလည်း ပဋိပက္ခများကိုဖြေရှင်းဆောင်ရွက်ရာတွင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ဆက်ဆံ၍ နားလည်မှုရှိစွာဖြင့် နေထိုင်ပြောဆိုလုပ်ကိုင်ကြရန်၊ မိမိတို့၏ ဘဝကိုဖြတ်သန်းရာတွင် တစ်ဦးနှင့်တစ်ဦး နားလည်စွာဖြင့်ဖြတ်သန်းရန်လိုပြီး အမြင်မတူသည့်လူများကြားတွင် ကောင်းမွန်သည့် အကြောင်းအရာများ၊ ဖြစ်စဉ်များနှင့် ကောင်းမွန်သည့် အနာဂတ်တို့ကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရာတွင် မိမိတို့ကျင့်သုံးသည့် နည်းလမ်းများကို ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ ခိုင်ခိုင်မာမာဖြင့် ကျင့်သုံးဆောင် ရွက်ပါက အောင်မြင်မည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလည်း ငြိမ်းချမ်းရေးရရှိရေးအတွက် မိမိအနေဖြင့် ပြင်းပြသည့် စိတ်ဆန္ဒဖြင့် ကြိုးစား ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြကြောင်း ဖော်ပြပါရှိသည်။

#PeopleMedia #အိန္ဒိယ #မြန်မာ


Share this post