• Follow Us on

Home အတ္တလန်တာအခြေစိုက်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ဟိုက်ပါဆောနစ်လေယာဉ်ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသ

အတ္တလန်တာအခြေစိုက်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ဟိုက်ပါဆောနစ်လေယာဉ်ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂ (People Media)

 

ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာ အခြေစိုက်လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက ယင်းကုမ္ပဏီကထုတ် လုပ်လိုက်သော Mach 5 (အသံထက်ငါးဆကျော်မြန်သော) ဟိုက်ပါဆောနစ်လေယာဉ်ရှေ့ပြေးပုံစံကို ထုတ် ဖော်ပြသလိုက်ရာ တက်ရောက်ကြည့်ရှုသူများ စိတ်ဝင်စားခဲ့ကြောင်းသိရသည်။

 

ဟိုက်ပါဆောနစ်လေယာဉ် ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသလိုက်ခြင်းသည် လေယာဉ်ထုတ်လုပ်မှုနှင့် ပေါင်းစပ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းကို သရုပ်ပြလိုက်ခြင်းပင်ဖြစ်ကြောင်း လေယာဉ်ထုတ်လုပ်သည့် ဟားမတ်စ်ကော်ပိုရေးရှင်း ကပြောသည်။

 

ကုမ္ပဏီအနေဖြင့် မည်သည့်လေယာဉ်ကမှ ပုံစံမယူဘဲ လေးလအတွင်း လေယာဉ်ကို ကိုယ်တိုင် ပုံစံရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ ပေါင်းစပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်ကုမ္ပဏီ၏ Chief Operating Officer စကိုင်း လားရှုဖတ်ဒ်က ရှင်းပြသည်။

 

QuarterHouse ဟုခေါ်သော လေယာဉ်စမ်းသပ်မောင်းနှံပျံသန်းရန် သြဂုတ်လအတွင်းက အမေရိကန်လေတပ် ထံမှ ဒေါ်လာသန်း ၆၀ တန်ကြေးရှိ ကန်ထရိုက်ကို ဟားမတ်စ်ကုမ္ပဏီက ရရှိခဲ့ခြင်းဖြစ်သည်။

 

စမ်းသပ်မောင်းနှင်မှုသည် GE J85 တာဘိုဂျက်အင်ဂျင်ကိုအခြေခံတည်ဆောက်ထားသော turbine-based combined cycle engine နှင့်ပတ်သက်၍ ကုမ္ပဏီ၏တရားဝင်ပိုင်ဆိုင်မှုကို သက်သေပြသွားမည်ဖြစ်ပြီး မြန်နှုန်း မြင့်မောင်းသူမဲ့လေယာဉ်ထဲတွင် ပထမဦးဆုံးလေယာဉ်ဖြစ်ကြောင်း ကုမ္ပဏီက ပြောဆိုခဲ့သည်။

 

ဟားမတ်စ်ကုမ္ပဏီသည် ကုမ္ပဏီ၏ပွဲမတိုးဖူးသေးသော အင်ဂျင်အသစ်စက်စက်ကိုအသုံးပြု၍ ကမ္ဘာ့အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်သည့်လေယာဉ်ကို ထုတ်လုပ်သွားရန် ရည်ရွယ်ထားသည်။

 

ဟားမတ်စ်ကုမ္ပဏီသည် မြန်နှုန်းမြင့်လေယာဉ်စမ်းသပ်ပျံသန်းမှုစီမံချက်ကို ပြင်ဆင်ရာတွင် သမရိုးကျမဟုတ် သောနည်းလမ်းကို အသုံးပြုသွားမည်ဖြစ်သည်။

 

Ref: Atlanta-Based Startup Unveils Hypersonic Aircraft Prototype

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Atlanta-Based Startup Unveils Hypersonic Aircraft Prototype

 

#PeopleMedia


Share this post