• Follow Us on

Home အထက္တန္းသင္႐ုိးသစ္ေရးဆြဲမႈတြင္ လိင္အသိပညာေပးထည့္သြင္းေဖာ္္ျပရာ၌ မည္သည့္ပံုစံသင္ၾကားရမည္ ကို ဆရာ/ဆရာမမ်ားမသိေသးေၾကာင္း ေက်ာင္းအုပ္တစ္ဦးေျပာဆို

အထက္တန္းသင္႐ုိးသစ္ေရးဆြဲမႈတြင္ လိင္အသိပညာေပးထည့္သြင္းေဖာ္္ျပရာ၌ မည္သည့္ပံုစံသင္ၾကားရမည္ ကို ဆရာ/ဆရာမမ်ားမသိေသးေၾကာင္း ေက်ာင္းအုပ္တစ္ဦးေျပာဆို

Share this post

ရန္ကုန္၊ ေမ ၁၆

သင္႐ုိးသစ္ေရးဆြဲမႈတြင္ လိင္အသိပညာေပးထည့္သြင္းေဖာ္ျပရာ၌ မည္သည့္ပံုစံသင္ၾကားရမည္ကို ဆရာ/ ဆရာမမ်ားမသိေသးေၾကာင္း က၀ၿမိဳ႕နယ္ ရစ္ကန္ဘူတာ အလယ္တန္းေက်ာင္းအုပ္ ဦးေအာင္ေက်ာ္သူ ကေျပာသည္။

လိင္အသိပညာေပးသင္ၾကားမႈႏွင့္ပတ္သက္ၿပီး ဆရာ/ဆရာမမ်ားမွ သင္တန္းမ်ားမတက္ရွိရေသးသည့္အတြက္ မည္သည့္္ပံုစံျဖင့္ သင္ၾကားရမည္ကို မည္သူမွမသိေသးေၾကာင္း၊ ဗဟိုအဆင့္ပဲသိရေသးေၾကာင္း ဦးေအာင္ ေက်ာ္သူက PeopleMedia ေျပာသည္။

အထက္တန္းသင္႐ုိးသစ္ေရးစဲြမႈတြင္ လိင္အသိပညာေပးအေၾကာင္းအရာမ်ားပါ၀င္ေနသည့္အတြက္ လူမႈကြန္ ရက္စာမ်က္ႏွာတြင္ ေ၀ဖန္ေျပာဆိုမႈမ်ားျပားေနသည့္အေပၚ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။

“ဒါေတြကိ္ုသင္ျပတဲ့အခါမွာ အထက္တန္းေက်ာင္းသားေတြဆိ္ုေတာ့ နည္းနည္းေတာ့ သင္ရတာအခက္အခဲရွိ တယ္။ ခက္ေတာ့ခက္ေနမွာေပါ့ေနာ္။ ကၽြန္ေတာ္တို႔ျမန္မာလူမ်ိဳးအေနျဖင့္ဆိုရင္ ေျပာေလ့ေျပာထမရွိတဲ့အရာ ေတြေပါ့ဗ်ာ။ သင္ၾကားဆရာေပၚ မူတည္တယ္ဗ်။ သင္ၾကားတဲ့ဆရာက ဒါကို ပညာေပးကိုပညာေပးလိုသင္ၾကား မႈလည္းျဖစ္ေစရမယ္။ ေျပာတဲ့အခါမွာလည္း ဒီအေၾကာင္းအရာေတြကို ကေလးေတြကို ေပၚလြင္ေအာင္ေျပာရ မယ္”ဟု ရစ္ကန္ဘူတာ အလယ္တန္းေက်ာင္းအုပ္ ဦးေအာင္ေက်ာ္သူကေျပာသည္။

လိင္အသိပညာေပးသင္ၾကားမႈနွင့္ပတ္သက္ၿပီး ေက်ာင္းသားမ်ားကို ေဆာင္ရန္ေရွာင္ရန္ ေျပာျပေပးသင့္ ေၾကာင္း၊ အရြယ္မတိုင္မွီမျဖစ္သင့္တာမျဖစ္ေအာင္ သင္ၾကားေပးသင့္ေၾကာင္း၊ ေနာက္ဆံုးကိုယ္၀န္ေဆာင္သည့္ အေၾကာင္းအရာမ်ားက္ိုပါ ထည့္သြင္းသင္ၾကားေပးရမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။ ေက်ာင္းသားမ်ားကို လိင္အသိပညာေပးသင္ၾကားရာတြင္ ဆရာ/ဆရာမေတြအေနျဖင့္ ျပ႒ာန္းၿပီးသာစာအုပ္ေတြကို အဆင္ေျပ ေအာင္ သင္ၾကားေပးသြားမည္ဟု ရစ္ကန္ဘူတာ အလယ္တန္းေက်ာင္းအုပ္ ဦးေအာင္ေက်ာ္သူကေျပာသည္။

#PeopleMedia

(Unicode)
အထက်တန်းသင်ရိုးသစ်ရေးဆွဲမှုတွင် လိင်အသိပညာပေးထည့်သွင်းဖော်ပြရာ၌ မည်သည့်ပုံစံသင်ကြားရမည် ကို ဆရာ/ဆရာမများမသိသေးကြောင်း ကျောင်းအုပ်တစ်ဦးပြောဆို
…………………………………………………

ရန်ကုန်၊ မေ ၁၆

သင်ရိုးသစ်ရေးဆွဲမှုတွင် လိင်အသိပညာပေးထည့်သွင်းဖော်ပြရာ၌ မည်သည့်ပုံစံသင်ကြားရမည်ကို ဆရာ/ ဆရာမများမသိသေးကြောင်း ကဝမြို့နယ် ရစ်ကန်ဘူတာ အလယ်တန်းကျောင်းအုပ် ဦးအောင်ကျော်သူ ကပြောသည်။

လိင်အသိပညာပေးသင်ကြားမှုနှင့်ပတ်သက်ပြီး ဆရာ/ဆရာမများမှ သင်တန်းများမတက်ရှိရသေးသည့်အတွက် မည်သည့်ပုံစံဖြင့် သင်ကြားရမည်ကို မည်သူမှမသိသေးကြောင်း၊ ဗဟိုအဆင့်ပဲသိရသေးကြောင်း ဦးအောင် ကျော်သူက PeopleMedia ပြောသည်။

အထက်တန်းသင်ရိုးသစ်ရေးစွဲမှုတွင် လိင်အသိပညာပေးအကြောင်းအရာများပါဝင်နေသည့်အတွက် လူမှုကွန် ရက်စာမျက်နှာတွင် ဝေဖန်ပြောဆိုမှုများပြားနေသည့်အပေါ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

“ဒါတွေကိ်ုသင်ပြတဲ့အခါမှာ အထက်တန်းကျောင်းသားတွေဆိ်ုတော့ နည်းနည်းတော့ သင်ရတာအခက်အခဲရှိ တယ်။ ခက်တော့ခက်နေမှာပေါ့နော်။ ကျွန်တော်တို့မြန်မာလူမျိုးအနေဖြင့်ဆိုရင် ပြောလေ့ပြောထမရှိတဲ့အရာ တွေပေါ့ဗျာ။ သင်ကြားဆရာပေါ် မူတည်တယ်ဗျ။ သင်ကြားတဲ့ဆရာက ဒါကို ပညာပေးကိုပညာပေးလိုသင်ကြား မှုလည်းဖြစ်စေရမယ်။ ပြောတဲ့အခါမှာလည်း ဒီအကြောင်းအရာတွေကို ကလေးတွေကို ပေါ်လွင်အောင်ပြောရ မယ်”ဟု ရစ်ကန်ဘူတာ အလယ်တန်းကျောင်းအုပ် ဦးအောင်ကျော်သူကပြောသည်။

လိင်အသိပညာပေးသင်ကြားမှုနှင့်ပတ်သက်ပြီး ကျောင်းသားများကို ဆောင်ရန်ရှောင်ရန် ပြောပြပေးသင့် ကြောင်း၊ အရွယ်မတိုင်မှီမဖြစ်သင့်တာမဖြစ်အောင် သင်ကြားပေးသင့်ကြောင်း၊ နောက်ဆုံးကိုယ်ဝန်ဆောင်သည့် အကြောင်းအရာများက်ိုပါ ထည့်သွင်းသင်ကြားပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ကျောင်းသားများကို လိင်အသိပညာပေးသင်ကြားရာတွင် ဆရာ/ဆရာမတွေအနေဖြင့် ပြဋ္ဌာန်းပြီးသာစာအုပ်တွေကို အဆင်ပြေ အောင် သင်ကြားပေးသွားမည်ဟု ရစ်ကန်ဘူတာ အလယ်တန်းကျောင်းအုပ် ဦးအောင်ကျော်သူကပြောသည်။

#PeopleMedia


Share this post