• Follow Us on

Home အထက်မင်းလှတွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ ၂၀ ဦးအနက် ၆ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချ မှတ်ခဲ့ပြီး အသက်မပြည့်သေးသည့် ကျား/မ ၁၄ ဦးကို လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထား

အထက်မင်းလှတွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ ၂၀ ဦးအနက် ၆ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချ မှတ်ခဲ့ပြီး အသက်မပြည့်သေးသည့် ကျား/မ ၁၄ ဦးကို လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထား

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ (People Media)
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့တွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ ၂၀ ဦးအနက် ၆ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အသက်မပြည့်သေးသည့် ကျား/မ ၁၄ ဦးကို လူငယ်သင်တန်းကျောင်း တွင် ထိန်းသိမ်းထားရန်အမိန့်ချမှတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အထက်မင်းလှမြို့ သွေးကျောက်ကျေးရွာအုပ်စု ဇိုင်ရှည်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းအချိန်တွင် ယင်းဘင်္ဂါလီ ၂၀ ဦးအနက် ၆ ဦးကိုအလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။
မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် CDM ကမ်ပိန်း ပြုလုပ်နေ၍ဖမ်းဆီးရမိခဲ့သော ဘင်္ဂလီ(၂၀)ဦးကို တရားစွဲဆိုရန်အတွက် အသက်အထောက်အထားအဖြစ် ဆေးစစ်မှုခံယူရန် အခက်အခဲရှိသည်ဟုလည်း ဆို သည်။
ဆေးစစ်မှုခံယူရန်အတွက်တပ်နယ်မှူးထံ အကူအညီတောင်းခံခဲ့ရာတပ်နယ်မှူးမှ ကပစ(၁၀)မှဆေးဗိုလ်ကြီး ဇော်မင်းနိုင်မှလာရောက်ကူညီပေးခဲ့ပြီးနောက် လဝကမှူး ဦးအောင်ပြည်စိုးမှ မင်းလှမြို့နယ်တရားရုံးတွင် ၎င်း ဘင်္ဂါလီများကို ၁၉၄၉ ခုနှစ် အမတ အက်ဥပဒေပုဒ်မ ၆(၂)၊၆(၃)အရ မြို့နယ်တရားရုံးသို့ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
မင်းလှမြို့နယ်တရားရုံးမှ ဘင်္ဂါလီ ကျား(၅)ဦး၊မ(၁)ဦးကို အလုပ်နှင့်ထောင်ဒဏ်(၂)နှစ်အမိန့်ချမှတ်ခဲ့ပြီး အသက် မပြည့်သေးသူလူငယ်အသက်(၁၃/၁၆)နှစ်ကြား ကျား (၁၃)ဦး၊ မ (၁) ဦး စုစုပေါင်း ၁၄ ဦးကို မန္တလေးလူငယ် သင်တန်းကျောင်းတွင် နှစ်နှစ်ထိန်းသိမ်းထားရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
#PeopleMedia #မကွေးတိုင်း #ဘင်္ဂလီ
(unicode)
………………………………………


Share this post