• Follow Us on

Home အထည်ဆိုင်များမှ ဖက်ရှင်အရုပ်မများ၏ ဦးခေါင်းများကို ဖြတ်ပစ်ရန် တာလီဘန်များက ဆိုင်ရှင်များကို အမိန့်ပေး

အထည်ဆိုင်များမှ ဖက်ရှင်အရုပ်မများ၏ ဦးခေါင်းများကို ဖြတ်ပစ်ရန် တာလီဘန်များက ဆိုင်ရှင်များကို အမိန့်ပေး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (People Media)

 

လူရုပ်များသည် အစ္စလာမ်မစ်ဥပဒေကို ချိုးဖောက်သည်ဟူသောအကြောင်းပြချက်ဖြင့် ဈေးဆိုင်များတွင်ရှိသော ဖက်ရှင်မရုပ်များ၏ ဦးခေါင်းများကို ဖြတ်ပစ်ရန် အာဖဂန်နစ္စတန်အနောက်ပိုင်းရှိ ဈေးဆိုင်ပိုင်ရှင်များအား တာလီ ဘန်များက အမိန့်ပေးခဲ့သည်။

 

အမျိုးသမီးဖက်ရှင်ရုပ်မှ ဦးခေါင်းများကို အမျိုးသားများက လွှများဖြင့်ဖြတ်နေသောပုံများကို လူမှုကွန်ရက်ပေါ်က ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရသည်။

 

သြဂုတ်လအတွင်း တာလီလန်များအာဏာပြန်ရလာကတည်းက တာလီဘန်များက ၎င်းတို့၏ ပြင်းထန်သော အစ္စလာမ်မစ်ဥပဒေများကို ပြဋ္ဌာန်းခဲ့ရာ လွတ်လပ်မှုများ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ လွတ်လပ်မှုများကို ဖြတ်တောက်ခံခဲ့ရသည်။

 

“ဖက်ရှင်ရုပ်တွေ၊ အရုပ်မတွေက အစ္စလာမ်မစ်ရှရီယာဥပဒေနဲ့ ဆန့်ကျင်နေတာမို့ ဖက်ရှင်မရုပ်တွေရဲ့ ဦးခေါင်း တွေကို ဖြတ်ပစ်ဖို့ ဆိုင်ပိုင်ရှင်တွေကို ကျွန်တော်တို့ အမိန့်ပေးထားပါတယ်။” ဟု ဟီရတ်မြို့ရှိ သုစရိုက်မြှင့်တင် ရေးနှင့် ဒုစရိုက်ကာကွယ်ရေးဝန်ကြီးဌာနအကြီးအကဲ အေဇက်ရာမန်က AFP သတင်းဌာနကိုပြောသည်။

 

“တကယ်လို့ ဆိုင်ရှင်တွေက အရုပ်မဦးခေါင်းတွေကို ဖုံးထားမယ်ဆိုရင် ဒါမှမဟုတ် ဖက်ရှင်မရုပ်တွေကို ဝှက် ထားမယ်ဆိုရင် အလာဟ်ရှင်မြတ်ရဲ့တမန်တော်က သူတို့ဈေးဆိုင်တွေ၊ အိမ်တွေထဲကို ဝင်လာမှာမဟုတ်တော့ သလို သူတို့ကိုလည်း ကောင်းချီးပေးတော့မှာမဟုတ်တော့ဘူး။” ဟု အထည်ဆိုင်ပိုင်ရှင်အချို့က ကနဦးတွင် ၎င်းတို့အရုပ်များကို ပလတ်စတစ်စများဖြင့် ဖုံးအုပ်ထားပြီးနောက် ၎င်းက ဖြည့်စွက်ပြောသည်။

 

တာလီဘန်များသည် ယနေ့အချိန်အထိ ဖက်ရှင်ရုပ်များ သို့မဟုတ် ရုပ်တုများနှင့်ပတ်သက်၍ မည်သည့်အမျိုး သားရေးမူဝါဒကိုမှ ချမှတ်ထားခြင်းမရှိသေးသော်လည်း တာလီဘန်တို့၏ အစ္စလာမ်မစ်ဥပဒေအဓိပ္ပာယ်ဖွင့်ဆို  ချက်အရ လူသားရုပ်တုများဖော်ပြခြင်းကို တားမြစ်ထားသည်။

 

တာလီဘန်တို့ ပထမဦးဆုံးအကြိမ်အာဏာရရှိခဲ့သည့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တာလီဘန်များသည် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်နှစ်ဆူကို ဗုံးဖြင့်ဖောက်ခွဲခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ နာကျည်းမှုကိုရခဲ့သည်။

 

တာလီဘန်များအာဏာရရှိလာကတည်းက ၎င်းတို့သည် အမျိုးသမီးများကို အလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်ခဲ့သလို အစိုးရလုပ်ငန်းများမှ အမျိုးသမီးများကို ထုတ်ပယ်ပစ်ရုံသာမက ပြည်နယ်လေးငါးခုတွင် မိန်းကလေးငယ်များကို အခြေခံပညာရေးကျောင်းများသို့ တက်ရောက်ခွင့်ပိတ်ပင်တားဆီးခဲ့သည်။

 

ခရီးဝေးသွားမည့်အမျိုးသမီးများအနေဖြင့် ဆွေမျိုးရင်းချာ ယောကျာ်းလေးတစ်ဦးမပါရှိပါက ယင်းအမျိုးသမီးကို ခရီးဝေးသွားလာခွင့်မပြုကြောင်း ကဘူးမြို့ရှိတာလီဘန်အာဏာပိုင်များက လွန်ခဲ့သည့်သီတင်းပတ်က ပြော ကြားခဲ့သည်။

 

အစ္စလာမစ်မစ်ဝါဒီတာလီဘန်များသည် အရက်သေစာရောင်းချသူများကို ဝင်ရောက်ဖမ်းဆီးခြင်း၊ မူးယစ်ဆေး ဝါးစွဲနေသူများကို ဖမ်းဆီးခြင်းနှင့် တေးဂီတ/သီချင်းများကို ပိတ်ပင်တားဆီးခြင်းများ တိုးမြှင့်ပြုလုပ်ခဲ့သည်။

 

Ref: Taliban Order Shop Owners to Behead Mannequins

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Taliban Order Shop Owners to Behead Mannequins

 

#PeopleMedia


Share this post