• Follow Us on

Home အထူးၾကပ္မတ္ကုသေဆာင္မ်ားကိုေလေအးေပးစက္တပ္မထားပါက ဆရာ၀န္မ်ားကို COVID-19 ေရာဂါကူးစက္မခံရေစေၾကာင္း အိႏၵိယသုေတသီမ်ားေလ့လာေတြ႕႐ွိ

အထူးၾကပ္မတ္ကုသေဆာင္မ်ားကိုေလေအးေပးစက္တပ္မထားပါက ဆရာ၀န္မ်ားကို COVID-19 ေရာဂါကူးစက္မခံရေစေၾကာင္း အိႏၵိယသုေတသီမ်ားေလ့လာေတြ႕႐ွိ

Share this post

ဘန္ဂလူ႐ူ၊ ေအာက္တိုဘာ ၂၀
 
COVID-19 ေရာဂါလူနာမ်ားကိုကုသေပးေနသည့္ေဆး႐ံုမ်ားမွ အထူးၾကပ္မတ္ကုသေဆာင္မ်ားကို ေလေအးေပးစက္မ်ားတပ္ဆင္မထားျခင္းအားျဖင့္ ဆရာ၀န္မ်ားကို ေရာဂါကူးစက္မႈကန္႔သတ္ႏိုင္ေၾကာင္း ထိပ္တန္းအိႏိၵယသုေတသနအင္စတီက်ဴ႕တခု၏ေလ့လာမႈအရသိရသည္။
 
ကမာၻတ၀န္းမွေ႐ွ႕တန္းက်န္းမာေရးလုပ္သားမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ဒဏ္ကိုခံေနရၿပီး အိႏၵိယႏိုင္ငံတြင္ COVID-19 ေၾကာင့္ ဆရာ၀န္အေယာက္ ၅၀၀ ေက်ာ္ေသဆံုးခဲ့သည္။
 
“အလယ္မွာထားရတဲ့ေလေအးေပးစက္စနစ္ေတြရဲ႕ေလေၾကာင္းလည္ပတ္မႈေၾကာင့္ တန္ဖိုး႐ွိတဲ့က်န္းမာေရး၀န္ထမ္းေတြကို ေရာဂါကူးစက္မႈေတြသိသိသာသာျဖစ္လာေစၿပီး ဆရာ၀န္ေတြ၊ သူနာျပဳေတြေသဆံုးေနရပါတယ္” ဟု အိႏိၵယႏိုင္ငံ၏အေကာင္းဆံုးသိပၸံတကၠသိုလ္မ်ားထဲပါ၀င္သည့္ ဘန္ဂလူ႐ူမွ အိႏၵိယသိပၸံအင္စတီက်ဴ႕၏ေလ့လာမႈအရသိရသည္။
 
ေလေၾကာင္းျပန္လည္လည္ပတ္မႈေလွ်ာ့ခ်ျခင္းႏွင့္ ျပင္ပေလအသံုးျပဳမႈႁမွင့္တင္ျခင္းသည္ အလံုပိတ္ခန္းမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈေလွ်ာ့ခ်ႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔ကေျပာသည္။
 
ယခင္ေလ့လာခ်က္မ်ားအရ အပူပိုင္းေဒသႏိုင္ငံမ်ားတြင္ ေလေအးေပးစက္မ်ားဖြင့္ထားျခင္းေၾကာင့္ အလံုပိတ္ခန္းမ်ားတြင္ေျခာက္ေသြ႕မသြားေစရန္ သတိထားသင့္ေၾကာင္း အၾကံျပဳခ်က္မ်ား႐ွိေနၿပီး အခန္းတြင္စိုထိုင္းဆ ၄၀ ႏွင့္ ၆၀ ရာခိုင္ႏႈန္းၾကားထားပါက ဗိုင္းရပ္စ္ေလမွတဆင့္ပ်ံ႕ႏွံ႔မႈေလ်ာ့က်ႏိုင္ေၾကာင္းလည္း အသိေပးသည္။
 
ေလေအးေပးစက္မ႐ွိပါက အထူးၾကပ္မတ္ကုသေဆာင္မ်ားကို ေလမႈတ္သည့္ပန္ကာမ်ားတပ္ဆင္ေပးထားသင့္ၿပီး အျပင္တြင္ေလျပန္မထုတ္ခင္ ဆပ္ျပာအေျခခံသည့္ေလစစ္ထုတ္မႈ သို႔မဟုတ္ အလြန္ပူေသာေရေႏြးတို႔ျဖင့္ သန္႔စင္သင့္ေၾကာင္းလည္း အိႏၵိယေလ့လာမႈတြင္ေဖာ္ျပသည္။
 
ေလေအးေပးစက္လိုအပ္သည့္ၾကပ္မတ္ေဆာင္မ်ားတြင္ COVID-19 အထူးၾကပ္မတ္ကုသေဆာင္မ်ားကို အျခားၾကပ္မတ္ေဆာင္မ်ား၏ေလေအးေပးစက္စနစ္မ်ားႏွင့္ ခ်ိတ္ဆက္မထားရဘဲ စစ္ထုတ္ျခင္းအတြက္ ကူးစက္ခံရထားရသည့္ေလမ်ားကိုဆြဲထုတ္ရန္ ေလမႈတ္ထုတ္သည့္ပန္ကာမ်ားတပ္ဆင္ထားသင့္ေၾကာင္းလည္း ေလ့လာမႈတြင္ေဖာ္ျပသည္။
 
Ref : ICUs without air-conditioning could shield doctors from COVID-19 Study
 
#PeopleMedia
 
(unicode)
အထူးကြပ်မတ်ကုသဆောင်များကိုလေအေးပေးစက်တပ်မထားပါက ဆရာဝန်များကို COVID-19 ရောဂါကူးစက်မခံရစေကြောင်း အိန္ဒိယသုတေသီများလေ့လာတွေ့ရှိ
…………………………………………….
 
ဘန်ဂလူရူ၊ အောက်တိုဘာ ၂၀
 
COVID-19 ရောဂါလူနာများကိုကုသပေးနေသည့်ဆေးရုံများမှ အထူးကြပ်မတ်ကုသဆောင်များကို လေအေးပေးစက်များတပ်ဆင်မထားခြင်းအားဖြင့် ဆရာဝန်များကို ရောဂါကူးစက်မှုကန့်သတ်နိုင်ကြောင်း ထိပ်တန်းအိန္ဒိယသုတေသနအင်စတီကျူ့တခု၏လေ့လာမှုအရသိရသည်။
 
ကမ္ဘာတဝန်းမှရှေ့တန်းကျန်းမာရေးလုပ်သားများသည် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကိုခံနေရပြီး အိန္ဒိယနိုင်ငံတွင် COVID-19 ကြောင့် ဆရာဝန်အယောက် ၅၀၀ ကျော်သေဆုံးခဲ့သည်။
 
“အလယ်မှာထားရတဲ့လေအေးပေးစက်စနစ်တွေရဲ့လေကြောင်းလည်ပတ်မှုကြောင့် တန်ဖိုးရှိတဲ့ကျန်းမာရေးဝန်ထမ်းတွေကို ရောဂါကူးစက်မှုတွေသိသိသာသာဖြစ်လာစေပြီး ဆရာဝန်တွေ၊ သူနာပြုတွေသေဆုံးနေရပါတယ်” ဟု အိန္ဒိယနိုင်ငံ၏အကောင်းဆုံးသိပ္ပံတက္ကသိုလ်များထဲပါဝင်သည့် ဘန်ဂလူရူမှ အိန္ဒိယသိပ္ပံအင်စတီကျူ့၏လေ့လာမှုအရသိရသည်။
 
လေကြောင်းပြန်လည်လည်ပတ်မှုလျှော့ချခြင်းနှင့် ပြင်ပလေအသုံးပြုမှုမြှင့်တင်ခြင်းသည် အလုံပိတ်ခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုလျှော့ချနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောသည်။
 
ယခင်လေ့လာချက်များအရ အပူပိုင်းဒေသနိုင်ငံများတွင် လေအေးပေးစက်များဖွင့်ထားခြင်းကြောင့် အလုံပိတ်ခန်းများတွင်ခြောက်သွေ့မသွားစေရန် သတိထားသင့်ကြောင်း အကြံပြုချက်များရှိနေပြီး အခန်းတွင်စိုထိုင်းဆ ၄၀ နှင့် ၆၀ ရာခိုင်နှုန်းကြားထားပါက ဗိုင်းရပ်စ်လေမှတဆင့်ပျံ့နှံ့မှုလျော့ကျနိုင်ကြောင်းလည်း အသိပေးသည်။
 
လေအေးပေးစက်မရှိပါက အထူးကြပ်မတ်ကုသဆောင်များကို လေမှုတ်သည့်ပန်ကာများတပ်ဆင်ပေးထားသင့်ပြီး အပြင်တွင်လေပြန်မထုတ်ခင် ဆပ်ပြာအခြေခံသည့်လေစစ်ထုတ်မှု သို့မဟုတ် အလွန်ပူသောရေနွေးတို့ဖြင့် သန့်စင်သင့်ကြောင်းလည်း အိန္ဒိယလေ့လာမှုတွင်ဖော်ပြသည်။
 
လေအေးပေးစက်လိုအပ်သည့်ကြပ်မတ်ဆောင်များတွင် COVID-19 အထူးကြပ်မတ်ကုသဆောင်များကို အခြားကြပ်မတ်ဆောင်များ၏လေအေးပေးစက်စနစ်များနှင့် ချိတ်ဆက်မထားရဘဲ စစ်ထုတ်ခြင်းအတွက် ကူးစက်ခံရထားရသည့်လေများကိုဆွဲထုတ်ရန် လေမှုတ်ထုတ်သည့်ပန်ကာများတပ်ဆင်ထားသင့်ကြောင်းလည်း လေ့လာမှုတွင်ဖော်ပြသည်။
 
Ref : ICUs without air-conditioning could shield doctors from COVID-19 Study
 
#PeopleMedia

Share this post