• Follow Us on

Home အဓိကပြည်နယ်များတွင် ထရမ့်နှင့် ဘိုင်ဒန်တို့ ပြိုင်ဆိုင်မှုပြင်းထန်နေ


Share this post

ဝါရှင်တန်၊ နိုဝင်ဘာ ၎
 
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
အဓိကပြည်နယ်များတွင် ထရမ့်နှင့် ဘိုင်ဒန်တို့ ပြိုင်ဆိုင်မှုပြင်းထန်နေ
……………………………………
 
ဝါရှင်တန်၊ နိုဝင်ဘာ ၄
 
ရီပတ်ဘလစ်ကန်ပါတီမှအမေရိကန်သမ္မတဒေါ်နယ် ထရမ့်နှင့် ဒီမိုကရတ်သမ္မတလောင်း ဂျိုး ဘိုင်ဒန်တို့၏ အစောပိုင်းမဲရလဒ်များအရ အရေးပါသောပြည်နယ်များတွင် ပြိုင်ဆိုင်မှုပြင်းထန်နေသည်။
 
အရေးပါသောဖလော်ရီဒါပြည်နယ်တွင် မဲအားလုံးနီးပါးရေတွက်ပြီးချိန်တွင် မစ္စတာ ထရမ့်က မစ္စတာ ဘိုင်ဒန်ထက် အသာရနေသည်။
 
အခြားသောအရေးပါသည့်ဂျော်ဂျီယာ၊ ပန်ဆယ်ဗေးနီယား၊ ဝစ္စကိုဆင်၊ မစ်ချီဂန်နှင့် မြောက်ကာရိုလိုင်းနား ပြည်နယ်တို့တွင် ရလဒ်များမရေရာသေးချေ။
 
မဲပေးမှုသည် ရေရှည်နှင့်ခါးသီးသောပြိုင်ပွဲဖြစ်သည်။
 
အင်္ဂါနေ့တွင်ကျရောက်သောအမေရိကန်ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲပေးထားသူသန်း ၁၀၀ ကျော်ရှိပြီး ရာစုနှစ်တခုအတွင်း စံချိန်တင်ကြိုတင်မဲပေးသည့်ပမာဏဖြစ်သည်။
 
ကွန်ဂရက်လွှတ်တော်ကိုထိန်းချုပ်နိုင်ရန်လည်း ပါတီများကကြိုးစားနေသည်။
 
Ref : US Election 2020 Results show tight Trump-Biden race in key states
 
#PeopleMedia

Share this post