• Follow Us on

Home အဓိပၸာယ္ကင္းမဲ့တဲ့ တစ္ဖက္သတ္အပစ္ရပ္မႈေတြနဲ႔ ေပ်ာက္ဆံုးသြားႏိုင္ တဲ့ ထာ၀ရၿငိမ္းခ်မ္းေရးေမွ်ာ္လင့္ခ်က္

အဓိပၸာယ္ကင္းမဲ့တဲ့ တစ္ဖက္သတ္အပစ္ရပ္မႈေတြနဲ႔ ေပ်ာက္ဆံုးသြားႏိုင္ တဲ့ ထာ၀ရၿငိမ္းခ်မ္းေရးေမွ်ာ္လင့္ခ်က္

Share this post

ျမန္မာႏိုင္ငံမွာ တပ္မေတာ္နဲ႔ အာရကန္တပ္မေတာ္ AA၊ ျမန္မာ့အမ်ိဳးသားဒီမိုကရက္တစ္ၫႊန္႔ေပါင္း တပ္မေတာ္ MNDAA နဲ႔ တေအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA တို႔ၾကား အျပန္အလွန္တစ္ဖက္သတ္ အပစ္ရပ္တယ္လို႔ ေၾကညာေလ့႐ွိပါတယ္။ တပ္မေတာ္က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၈ ရက္မွာ ပထမဆံုးတစ္ဖက္ သတ္အပစ္ရပ္ခဲ့ၿပီးေတာ့ တပ္မေတာ္က ၃ ႀကိမ္ဆက္တိုက္အပစ္ရပ္သက္တမ္းတိုးေပးခဲ့တဲ့ေနာက္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕ကလည္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာ ၉ ရက္မွာ သူတို႔ရဲ႕ပထမဆံုးအပစ္ရပ္မႈကို ျပန္ေၾကညာခဲ့ပါ တယ္။

ႏွစ္ဖက္စလံုးကေတာ့ တစ္ဖက္သတ္အပစ္ရပ္တယ္လို႔ ၅ ႀကိမ္ေၾကညာခဲ့ၿပီးပါၿပီ။ မတူညီတဲ့အခ်ိန္ေတြမွာ ေၾက ညာခဲ့တာျဖစ္ၿပီး ၾကာခ်ိန္ရက္ေပါင္းေတာ္ေတာ္မ်ားမ်ား ျခံဳငံုမိေလ့႐ွိပါတယ္။ ဒါေပမဲ့ ႏွစ္ဖက္စလံုးကို ၿခံဳငံုမိေန တဲ့တစ္ခ်ိန္တည္း အပစ္ရပ္ကာလေတြဟာ အကန္႔အသတ္လည္း႐ွိေနတာပါ။ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာနဲ႔ ၂၀၂၀ ျပည့္ႏွစ္၊ ေမလတို႔ၾကားမွာဆိုရင္ စုစုေပါင္း အပစ္ရပ္ကာလ ၃၃ ရက္ပဲၾကာပါတယ္။ ဒါေပမဲ့ အပစ္ရပ္ ကာလေတြထဲမွာေတာင္ တပ္မေတာ္နဲ႔ ေျမာက္ပုိင္းမဟာမိတ္ေတြက တိုက္ပြဲေတြရပ္ဖို႔ ဒါမွမဟုတ္ ေလ်ာ့သြားဖို႔ မစီမံႏိုင္ခဲ့ပါဘူး။

အဲဒီအစား ႐ွမ္း၊ ခ်င္းနဲ႔ ရခိုင္ျပည္နယ္ေတြမွာ တံု႔ျပန္တိုက္ခိုက္မႈေတြျဖစ္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္း ရပ္ကမာၻ႔ကပ္ေဘးနဲ႔ ႀကံဳေနရေပမဲ့ AA နဲ႔ တပ္မေတာ္တို႔ၾကား ခ်င္းနဲ႔ ရခိုင္ျပည္နယ္ေတြမွာျဖစ္ေနတဲ့ တိုက္ပြဲ ေတြေၾကာင့္ လူေထာင္ခ်ီေဘးလြတ္ရာေ႐ႊ႕ေျပာင္းေနၾကပါတယ္။ AA အျပင္ တပ္မေတာ္ဟာ ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလက တစ္ႏိုင္ငံလံုးအပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားတဲ့ ကရင္အမ်ိဳး သားအစည္းအ႐ံုး KNU နဲ႔လည္း တိုက္ပြဲေတြျဖစ္ေနပါတယ္။ တစ္ဖက္သတ္အပစ္ရပ္ထားတယ္ဆိုတာဟာ ေဆြးေႏြးၫွိႏႈိင္းမႈေတြကေနတစ္ဆင့္ ႏွစ္ဖက္သေဘာတူအပစ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ ရည္ ႐ြယ္ေပမဲ့ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းက ႐ွမ္းျပည္နယ္ မူဆယ္ၿမိဳ႕မွာ ၁ ႀကိမ္၊ က်ိဳင္းတံုၿမိဳ႕မွာ ၂ ႀကိမ္ စုစု ေပါင္းေဆြးေႏြးမႈ ၃ ႀကိမ္ပဲလုပ္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာမွာ ေနာက္ဆံုးေဆြးေႏြးမႈျဖစ္ခဲ့ၿပီးတဲ့ေနာက္ ေအာက္တိုဘာမွာ ေနာက္တစ္ႀကိမ္ ေဆြးေႏြးဖို႔ စီစဥ္ခဲ့ေပမဲ့ အေကာင္အထည္မေပၚခဲ့ပါဘူး။ အခုႏွစ္ ဇန္နဝါရီလတုန္းက တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွာ ႏွစ္ ဖက္အလြတ္သေဘာေတြ႕ဆံုခဲ့ၿပီး ေဖေဖာ္ဝါရီလလယ္မွာ ၾကန္႔ၾကာေနတဲ့တရား၀င္ ေဆြးေႏြးမႈေတြျပန္စဖို႔ သေဘာတူခဲ့ေပမဲ့ ကံမေကာင္းအေၾကာင္းမလွစြာပဲ ေဆြးေႏြးမႈေတြျဖစ္ေျမာက္ေအာင္လုပ္ေပးေနတဲ့ တ႐ုတ္ အစိုးရကလည္း ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါကို ထိန္းခ်ဳပ္ေနတာေၾကာင့္ ေဆြးေႏြးပြဲအေကာင္အထည္ မေပၚ ခဲ့ပါဘူး။ တိုက္ပြဲေတြမျဖစ္ေအာင္ ဒါမွမဟုတ္ ေလ်ာ့လာေအာင္မလုပ္ႏိုင္ခဲ့လို႔ တစ္ဖက္သတ္အပစ္ရပ္မႈ ကိုယ္ တိုင္ကလည္း အဓိပၸာယ္မဲ့လာပံုေပၚေနပါတယ္။ တစ္ဖက္သတ္အပစ္ရပ္မႈေတြဟာ ေဆြးေႏြးၫွိႏႈိင္းမႈေတြရဲ႕ စမွတ္ပါ။

ႏွစ္ဖက္သေဘာတူအပစ္ရပ္စာခ်ဳပ္ေတြကသာ ရခိုင္ျပည္နယ္နဲ႔ က်န္တဲ့ေနရာေတြမွာ တိုက္ပြဲေတြပိုမ်ားလာတာ ကို ရပ္တန္႔ႏိုင္မွာပါ။ ျငင္းဆိုလို႔မရတာကေတာ့ ႏွစ္ဖက္သေဘာတူအပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မယ္ဆိုရင္ ၿငိမ္း ခ်မ္းေရးကို ဦးတည္ေ႐ြ႕လ်ားဖို႔ လံုး၀မ႐ွိမျဖစ္လိုအပ္ပါတယ္။ ၿပီးခဲ့တဲ့က်ိဳင္းတံုအစည္းအေ၀းမွာ အခ်က္ ၇ ခ်က္ ကို သေဘာာတူႏိုင္ခဲ့ၿပီးတဲ့ေနာက္ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြဟာ လက္႐ွိအခ်ိန္နဲ႔ အခြင့္ အေရးကို ျဖဳန္းတီးမေနသင့္ပါဘူး။ သူတို႔သေဘာတူခဲ့တဲ့အခ်က္ ၇ ခ်က္ကေတာ့

(၁)လက္နက္ကိုင္ပဋိပကၡေတြရပ္ဆိုင္းေရးနဲ႔ ႏွစ္ဖက္သေဘာတူအပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆိုေရး ေဆြးေႏြးဖို႔
(၂)ျပည္တြင္းေ႐ႊ႕ေျပာင္းသူမ်ားအေရးကိုင္တြယ္ေျဖ႐ွင္းဖို႔ (၃)အပစ္ရပ္စည္းကမ္းေတြသတ္မွတ္ဖို႔
(၄)ေနာက္ထပ္တိုက္ပြဲေတြေ႐ွာင္ႏိုင္ဖို႔ ဆက္သြယ္ေရး႐ံုးေတြတည္ေထာင္ဖို႔
(၅)အျပန္အလွန္ယံုၾကည္မႈတည္ေဆာက္ဖို႔ ႏွစ္ဖက္စလံုးကဖမ္းဆီးတာေတြေ႐ွာင္ၾကဥ္ဖို႔
(၆)NCA လုပ္ငန္းစဥ္ကိုေဆြးေႏြးဖို႔နဲ႔
(၇)ပဋိပကၡေျဖ႐ွင္းေရးယႏၲရားတစ္ခုတည္ေထာင္ေရးေဆြးေႏြးဖို႔ တို႔ျဖစ္ပါတယ္။

မတူညီတဲ့တိုင္းရင္းသားလက္နက္ကိုင္ေတြဆီ အထူးေပးပို႔မႈေတြျပဳလုပ္ျခင္းအားျဖင့္ တပ္မေတာ္က မၾကာေသး ခင္မွာ တိုင္းရင္းသားလက္နက္ကိုင္ေတြဆီ COVID-19 သံခင္းတမန္ခင္းနည္းလမ္းေတြ ျဖန္႔က်က္ေနရာခ်ထား ေနပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးက ဗိုလ္ခ်ဳပ္ခြန္သန္႔ေဇာ္ထူးက ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕/ တပ္မေတာ္ (KIO/A)ရဲ႕ ေစာင္ၾကည့္ကန္႔သတ္သူေတြကိုထားတဲ့ေနရာေတြဆီသြားေရာက္ခဲ့ၿပီးေနာက္ ခြဲစိတ္ ခန္းသံုးႏွာေခါင္းစည္း၊ N95 ႏွာေခါင္းစည္း၊ မ်က္ႏွာအကာအကြယ္ေတြလို COVID-19 ကာကြယ္ေရးပစၥည္း ၅၉ ထုပ္ျဖန္႔ခ်ိေပးခဲ့သလို အစားအစာေတြလည္းေပးခဲ့ပါတယ္။ အလားတူပဲ တပ္မေတာ္ရဲ႕ အေ႐ွ႕ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴးဗိုလ္မွဴးခ်ဳပ္ ကိုကိုေမာင္က KNU၊ KNU/KNLA ၿငိမ္းခ်မ္းေရးေကာင္စီနဲ႔ DKBA ကလိုထူးေဖာ ကရင္အဖြဲ႕ KKO တို႔ကို ပစၥည္းေတြျဖန္႔ေ၀ေပးခဲ့ၿပီး အေ႐ွ႕အလယ္ပိုင္းတြင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္သန္း ႏိုင္တို႔က ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA နဲ႔ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီတို႔ကိုလည္း ျဖန္႔ခ်ိခဲ့ပါ တယ္။ ဒါေပမဲ့ တပ္မေတာ္ဟာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြကိုေတာ့ ကိုယ္စားလွယ္ေစလႊတ္တာမ်ိဳး မ႐ွိေသး ပါဘူး။

တပ္မေတာ္ရဲ႕မၾကာေသးခင္က သံခင္းတမန္ခင္းလႈပ္႐ွားမႈေတြက အထူးသျဖင့္ KIO အပါအ၀င္ အဖြဲ႕ေတြနဲ႔ ယံု ၾကည္မႈတည္ေဆာက္ရာမွာ အေထာက္အကူျဖစ္ေစမွာပါ။ ဒီအခ်က္ကေတာ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ တစ္ေပါင္းတည္းျဖစ္တဲ့ KIO ဟာ တပ္မေတာ္နဲ႔ ႏွစ္ဖက္သေဘာတူအပစ္ရပ္သေဘာတူစာခ်ဳပ္ေတြခ်ဳပ္ဆိုႏိုင္ဖို႔ လုပ္ေနတာဆိုတာေၾကာင့္ပါ။ ဘံုရန္သူျဖစ္တဲ့ COVID-19 ကို တိုက္ခိုက္ႏိုင္ဖို႔ သက္ဆိုင္ရာအားလံုးက အာ႐ံု ထားေနတယ္ဆိုတာ နားလည္ႏိုင္ေပမဲ့ တပ္မေတာ္၊ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔နဲ႔ KIO တို႔က ႏွစ္ဖက္သေဘာ တူအပစ္ရပ္စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ တစ္ဆို႔ေနတဲ့ေဆြးေႏြးမႈေတြကို ျပန္စသင့္ပါတယ္။

လက္ေတြ႕က်ၿပီး အက်ိဳး႐ွိတဲ့ညိႏႈိင္းေဆြးေႏြးမႈအတြက္ အစမ္းသေဘာမူေဘာင္ေတြခ်မွတ္ႏိုင္ဖို႔ ႏွစ္ဖက္စလံုးက တြန္းအားေပးသင့္ပါတယ္။ အဲဒီလိုပူးေပါင္းေဆာင္႐ြက္မႈမ႐ွိဘူးဆိုရင္ေတာ့ အခြင့္အေရးေကာင္းေပ်ာက္ဆံုးေန မယ့္အျပင္ ႏွစ္ဖက္သေဘာတူအပစ္ရပ္သေဘာတူညီခ်က္ရဖို႔အလားအလာကိုလည္း ဖမ္းရခက္ေနဦးမွာပါ။ အဲဒီလိုဆိုရင္ေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ကတိေပးထားတဲ့ ၂၀၂၀ ျပည့္ႏွစ္မွာ ထာ၀ရၿငိမ္းခ်မ္းေရးရေရးဆိုတဲ့ေမွ်ာ္လင့္ခ်က္ေတြလည္း ေမွးမွိန္ေပ်ာက္ကြယ္သြားမွာျဖစ္ပါတယ္။

Ref : Myanmar’s Meaningless Unilateral Ceasefires #PeopleMedia The Diplomat မဂၢဇင္းတြင္ ကခ်င္ျပည္နယ္မွႏိုင္ငံေရးေလ့လာဆန္းစစ္သူ Joe Kumbun ေရးသားသည့္ Myanmar’s Meaningless Unilateral Ceasefires ကို ဘာသာျပန္ဆိုသည္။

#PeopleMedia

(unicode)
အဓိပ္ပာယ်ကင်းမဲ့တဲ့ တစ်ဖက်သတ်အပစ်ရပ်မှုတွေနဲ့ ပျောက်ဆုံးသွားနိုင်တဲ့ ထာဝရငြိမ်းချမ်းရေးမျှော်လင့်ချက်
………………………………………

မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ အာရကန်တပ်မတော် AA၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ်ညွှန့်ပေါင်း တပ်မတော် MNDAA နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား အပြန်အလှန်တစ်ဖက်သတ် အပစ်ရပ်တယ်လို့ ကြေညာလေ့ရှိပါတယ်။ တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ပထမဆုံးတစ်ဖက် သတ်အပစ်ရပ်ခဲ့ပြီးတော့ တပ်မတော်က ၃ ကြိမ်ဆက်တိုက်အပစ်ရပ်သက်တမ်းတိုးပေးခဲ့တဲ့နောက် မြောက်ပိုင်း မဟာမိတ်အဖွဲ့ကလည်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ သူတို့ရဲ့ပထမဆုံးအပစ်ရပ်မှုကို ပြန်ကြေညာခဲ့ပါ တယ်။

နှစ်ဖက်စလုံးကတော့ တစ်ဖက်သတ်အပစ်ရပ်တယ်လို့ ၅ ကြိမ်ကြေညာခဲ့ပြီးပါပြီ။ မတူညီတဲ့အချိန်တွေမှာ ကြေ ညာခဲ့တာဖြစ်ပြီး ကြာချိန်ရက်ပေါင်းတော်တော်များများ ခြုံငုံမိလေ့ရှိပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးကို ခြုံငုံမိနေ တဲ့တစ်ချိန်တည်း အပစ်ရပ်ကာလတွေဟာ အကန့်အသတ်လည်းရှိနေတာပါ။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာနဲ့ ၂၀၂၀ ပြည့်နှစ်၊ မေလတို့ကြားမှာဆိုရင် စုစုပေါင်း အပစ်ရပ်ကာလ ၃၃ ရက်ပဲကြာပါတယ်။ ဒါပေမဲ့ အပစ်ရပ် ကာလတွေထဲမှာတောင် တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တွေက တိုက်ပွဲတွေရပ်ဖို့ ဒါမှမဟုတ် လျော့သွားဖို့ မစီမံနိုင်ခဲ့ပါဘူး။

အဲဒီအစား ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ တုံ့ပြန်တိုက်ခိုက်မှုတွေဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်း ရပ်ကမ္ဘာ့ကပ်ဘေးနဲ့ ကြုံနေရပေမဲ့ AA နဲ့ တပ်မတော်တို့ကြား ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာဖြစ်နေတဲ့ တိုက်ပွဲ တွေကြောင့် လူထောင်ချီဘေးလွတ်ရာရွှေ့ပြောင်းနေကြပါတယ်။ AA အပြင် တပ်မတော်ဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုး သားအစည်းအရုံး KNU နဲ့လည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ တစ်ဖက်သတ်အပစ်ရပ်ထားတယ်ဆိုတာဟာ ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် နှစ်ဖက်သဘောတူအပစ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ဖို့ ရည် ရွယ်ပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ရှမ်းပြည်နယ် မူဆယ်မြို့မှာ ၁ ကြိမ်၊ ကျိုင်းတုံမြို့မှာ ၂ ကြိမ် စုစု ပေါင်းဆွေးနွေးမှု ၃ ကြိမ်ပဲလုပ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာမှာ နောက်ဆုံးဆွေးနွေးမှုဖြစ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာမှာ နောက်တစ်ကြိမ် ဆွေးနွေးဖို့ စီစဉ်ခဲ့ပေမဲ့ အကောင်အထည်မပေါ်ခဲ့ပါဘူး။ အခုနှစ် ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ နှစ် ဖက်အလွတ်သဘောတွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလလယ်မှာ ကြန့်ကြာနေတဲ့တရားဝင် ဆွေးနွေးမှုတွေပြန်စဖို့ သဘောတူခဲ့ပေမဲ့ ကံမကောင်းအကြောင်းမလှစွာပဲ ဆွေးနွေးမှုတွေဖြစ်မြောက်အောင်လုပ်ပေးနေတဲ့ တရုတ် အစိုးရကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ထိန်းချုပ်နေတာကြောင့် ဆွေးနွေးပွဲအကောင်အထည် မပေါ် ခဲ့ပါဘူး။ တိုက်ပွဲတွေမဖြစ်အောင် ဒါမှမဟုတ် လျော့လာအောင်မလုပ်နိုင်ခဲ့လို့ တစ်ဖက်သတ်အပစ်ရပ်မှု ကိုယ် တိုင်ကလည်း အဓိပ္ပာယ်မဲ့လာပုံပေါ်နေပါတယ်။ တစ်ဖက်သတ်အပစ်ရပ်မှုတွေဟာ ဆွေးနွေးညှိနှိုင်းမှုတွေရဲ့ စမှတ်ပါ။

နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ်တွေကသာ ရခိုင်ပြည်နယ်နဲ့ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေပိုများလာတာ ကို ရပ်တန့်နိုင်မှာပါ။ ငြင်းဆိုလို့မရတာကတော့ နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်မယ်ဆိုရင် ငြိမ်း ချမ်းရေးကို ဦးတည်ရွေ့လျားဖို့ လုံးဝမရှိမဖြစ်လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ကျိုင်းတုံအစည်းအဝေးမှာ အချက် ၇ ချက် ကို သဘောာတူနိုင်ခဲ့ပြီးတဲ့နောက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လက်ရှိအချိန်နဲ့ အခွင့် အရေးကို ဖြုန်းတီးမနေသင့်ပါဘူး။ သူတို့သဘောတူခဲ့တဲ့အချက် ၇ ချက်ကတော့

(၁)လက်နက်ကိုင်ပဋိပက္ခတွေရပ်ဆိုင်းရေးနဲ့ နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ်ချုပ်ဆိုရေး ဆွေးနွေးဖို့
(၂)ပြည်တွင်းရွှေ့ပြောင်းသူများအရေးကိုင်တွယ်ဖြေရှင်းဖို့ (၃)အပစ်ရပ်စည်းကမ်းတွေသတ်မှတ်ဖို့
(၄)နောက်ထပ်တိုက်ပွဲတွေရှောင်နိုင်ဖို့ ဆက်သွယ်ရေးရုံးတွေတည်ထောင်ဖို့
(၅)အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ နှစ်ဖက်စလုံးကဖမ်းဆီးတာတွေရှောင်ကြဉ်ဖို့
(၆)NCA လုပ်ငန်းစဉ်ကိုဆွေးနွေးဖို့နဲ့
(ရ)ပဋိပက္ခဖြေရှင်းရေးယန္တရားတစ်ခုတည်ထောင်ရေးဆွေးနွေးဖို့ တို့ဖြစ်ပါတယ်။

မတူညီတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဆီ အထူးပေးပို့မှုတွေပြုလုပ်ခြင်းအားဖြင့် တပ်မတော်က မကြာသေး ခင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ COVID-19 သံခင်းတမန်ခင်းနည်းလမ်းတွေ ဖြန့်ကျက်နေရာချထား နေပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက ကချင်လွတ်မြောက်ရေးအဖွဲ့/ တပ်မတော် (KIO/A)ရဲ့ စောင်ကြည့်ကန့်သတ်သူတွေကိုထားတဲ့နေရာတွေဆီသွားရောက်ခဲ့ပြီးနောက် ခွဲစိတ် ခန်းသုံးနှာခေါင်းစည်း၊ N95 နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်တွေလို COVID-19 ကာကွယ်ရေးပစ္စည်း ၅၉ ထုပ်ဖြန့်ချိပေးခဲ့သလို အစားအစာတွေလည်းပေးခဲ့ပါတယ်။ အလားတူပဲ တပ်မတော်ရဲ့ အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် ကိုကိုမောင်က KNU၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ DKBA ကလိုထူးဖော ကရင်အဖွဲ့ KKO တို့ကို ပစ္စည်းတွေဖြန့်ဝေပေးခဲ့ပြီး အရှေ့အလယ်ပိုင်းတွင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်း နိုင်တို့က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ကိုလည်း ဖြန့်ချိခဲ့ပါ တယ်။ ဒါပေမဲ့ တပ်မတော်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုတော့ ကိုယ်စားလှယ်စေလွှတ်တာမျိုး မရှိသေး ပါဘူး။

တပ်မတော်ရဲ့မကြာသေးခင်က သံခင်းတမန်ခင်းလှုပ်ရှားမှုတွေက အထူးသဖြင့် KIO အပါအဝင် အဖွဲ့တွေနဲ့ ယုံ ကြည်မှုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမှာပါ။ ဒီအချက်ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တစ်ပေါင်းတည်းဖြစ်တဲ့ KIO ဟာ တပ်မတော်နဲ့ နှစ်ဖက်သဘောတူအပစ်ရပ်သဘောတူစာချုပ်တွေချုပ်ဆိုနိုင်ဖို့ လုပ်နေတာဆိုတာကြောင့်ပါ။ ဘုံရန်သူဖြစ်တဲ့ COVID-19 ကို တိုက်ခိုက်နိုင်ဖို့ သက်ဆိုင်ရာအားလုံးက အာရုံ ထားနေတယ်ဆိုတာ နားလည်နိုင်ပေမဲ့ တပ်မတော်၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ KIO တို့က နှစ်ဖက်သဘော တူအပစ်ရပ်စာချုပ်ချုပ်နိုင်ဖို့ တစ်ဆို့နေတဲ့ဆွေးနွေးမှုတွေကို ပြန်စသင့်ပါတယ်။

လက်တွေ့ကျပြီး အကျိုးရှိတဲ့ညိနှိုင်းဆွေးနွေးမှုအတွက် အစမ်းသဘောမူဘောင်တွေချမှတ်နိုင်ဖို့ နှစ်ဖက်စလုံးက တွန်းအားပေးသင့်ပါတယ်။ အဲဒီလိုပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင်တော့ အခွင့်အရေးကောင်းပျောက်ဆုံးနေ မယ့်အပြင် နှစ်ဖက်သဘောတူအပစ်ရပ်သဘောတူညီချက်ရဖို့အလားအလာကိုလည်း ဖမ်းရခက်နေဦးမှာပါ။ အဲဒီလိုဆိုရင်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပေးထားတဲ့ ၂၀၂၀ ပြည့်နှစ်မှာ ထာဝရငြိမ်းချမ်းရေးရရေးဆိုတဲ့မျှော်လင့်ချက်တွေလည်း မှေးမှိန်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

Ref : Myanmar’s Meaningless Unilateral Ceasefires #PeopleMedia The Diplomat မဂ္ဂဇင်းတွင် ကချင်ပြည်နယ်မှနိုင်ငံရေးလေ့လာဆန်းစစ်သူ Joe Kumbun ရေးသားသည့် Myanmar’s Meaningless Unilateral Ceasefires ကို ဘာသာပြန်ဆိုသည်။

#PeopleMedia


Share this post