• Follow Us on

Home အနက္ေရာင္ ကားမွန္စတစ္ကာ ခြာမထားသည့္ ကားမ်ားကို ပညာေပးကာလေက်ာ္လြန္ပါက အေရးယူမည္

အနက္ေရာင္ ကားမွန္စတစ္ကာ ခြာမထားသည့္ ကားမ်ားကို ပညာေပးကာလေက်ာ္လြန္ပါက အေရးယူမည္

Share this post

​ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၉

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္အနက္ေရာင္ ကားမွန္စတစ္ကာ ခြာမထားဘဲ အသုံးျပဳေနသည့္ ကားမ်ားကိုပညာေပး ကာလေက်ာ္လြန္ပါက ဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ျဖစ္ေၾကာင္း အမွတ္ (၁၅)ယာဉ္ထိန္းတပ္ဖြဲ႕ခြဲမွဴး႐ုံး (ကခ်င္)မွ သိရသည္။

လက္ရွိတြင္ ပညာေပးကာလအေနျဖင့္အမွတ္(၁၅)ႏွင့္ အမွတ္(၉၈)ယာဉ္ထိန္းရဲတပ္ဖြဲ႕ဝင္မ်ားမွ ျမစ္ႀကီးနားၿမိဳ႕အဝင္အထြက္ ဂိတ္မ်ားႏွင့္ၿမိဳ႕တြင္း၌ ျဖတ္သန္းသြားလာေနသည့္ ကားမ်ားကိုရပ္တန္႔ေစကာ အနက္ေရာင္ ကားမွန္စတစ္ကာ မ်ားကို ခြာခ်ေပးေနၿပီး လ်က္ရွိေနၿပီး ယင္းပညာေပးကာလေက်ာ္လြန္ပါက အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အမွတ္(၁၅)ယာဉ္ထ္ိန္းတပ္ဖြဲ႕ခြဲမွဴး႐ုံး (ကခ်င္)မွ ရဲမွဴး ရဲလြင္ကဆိုသည္။

“အခုကေတာ့ ပညာေပးကာလအေနနဲ႔ ခြာေပးေနတယ္။ ဆက္ၿပီးေတာ့လည္းခြာေပးဖို႔ရွိတယ္။ အခ်ိန္ကာလကေတာ့ ေျပာလို႔ မရေသးဘူး။ ဒီကာလေနာက္ ေတြ႕ရင္ေတာ့ စစ္ေဆးအေရးယူမွာပဲ” ဟုရဲမွဴးရဲလြင္က ေျပာသည္။

ယင္းစီမံခ်က္ႏွင့္ ပတ္သက္၍ ယခင္လကတည္းက ျပည္သူမ်ားအား ႀကိဳတင္အသိေပးမႈမ်ား ေဆာင္ရြက္ခဲ့ၿပီး ယာဉ္တိုက္မႈေလ်ာ့နည္းက်ဆင္းေစရန္ႏွင့္ မူခင္းျဖစ္ပြားမႈႏွင့္ ဆက္စပ္ခဲ့ပါကတရားခံေဖာ္ထုတ္စစ္ေဆးရာတြင္ ပိုမိုလြယ္ကူလ်င္ျမန္ေစမည္ ျဖစ္ေၾကာင္း သိရသည္။

“အခု ေလာေလာဆယ္မွာေတာ့ လုယက္မႈေတြ မ်ားေနတယ္။ ဒီလုယက္ေတြေပၚမွာ မူတည္ၿပီးေတာ့ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လုပ္ေဆာင္ေနျခင္းျဖစ္တယ္။ အတြင္းထဲမွာ ဘာရွိလဲ။ဘယ္သူေတြရွိလဲ။ အကႌ်ဘာေရာင္ဝတ္ထားလဲ။ ဘယ္လိုပုံသ႑န္ရွိ္လဲဆိုတာကြက္ကြက္ကြင္းကြင္း ျမင္ရေအာင္လုပ္ေဆာင္တာ ျဖစ္တယ္။” ဟု ရဲမွဴးရဲလြင္က ေျပာသည္။

အဆိုပါ စီမံခ်က္သည္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၊ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာန၏ လမ္းၫြန္ခ်က္အရ လုပ္ေဆာင္ျခင္းျဖစ္ၿပီး ကခ်င္ျပည္နယ္ အတြင္း ျမစ္ႀကီးနားၿမိဳ႕အျပင္ အျခားၿမိဳ႕မ်ားတြင္ လည္းေဆာင္ ရြက္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။

လြမ္းေအာင္

#peoplemedia #EPN

(unicode)
အနက်ရောင် ကားမှန်စတစ်ကာ ခွာမထားသည့် ကားများကို ပညာပေးကာလ ကျော် လွန်ပါက အရေးယူမည်
……………………………………………………………………………….

​မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်အနက်ရောင် ကားမှန်စတစ်ကာ ခွာမထားဘဲ အသုံးပြုနေသည့် ကားများကိုပညာပေး ကာလကျော်လွန်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ဖြစ်ကြောင်း အမှတ် (၁၅)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး (ကချင်)မှ သိရသည်။

လက်ရှိတွင် ပညာပေးကာလအနေဖြင့်အမှတ်(၁၅)နှင့် အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ မြစ်ကြီးနားမြို့အဝင်အထွက် ဂိတ်များနှင့်မြို့တွင်း၌ ဖြတ်သန်းသွားလာနေသည့် ကားများကိုရပ်တန့်စေကာ အနက်ရောင် ကားမှန်စတစ်ကာ များကို ခွာချပေးနေပြီး လျက်ရှိနေပြီး ယင်းပညာပေးကာလကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁၅)ယာဉ်ထ်ိန်းတပ်ဖွဲ့ခွဲမှူးရုံး (ကချင်)မှ ရဲမှူး ရဲလွင်ကဆိုသည်။

“အခုကတော့ ပညာပေးကာလအနေနဲ့ ခွာပေးနေတယ်။ ဆက်ပြီးတော့လည်းခွာပေးဖို့ရှိတယ်။ အချိန်ကာလကတော့ ပြောလို့ မရသေးဘူး။ ဒီကာလနောက် တွေ့ရင်တော့ စစ်ဆေးအရေးယူမှာပဲ” ဟုရဲမှူးရဲလွင်က ပြောသည်။

ယင်းစီမံချက်နှင့် ပတ်သက်၍ ယခင်လကတည်းက ပြည်သူများအား ကြိုတင်အသိပေးမှုများ ဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုလျော့နည်းကျဆင်းစေရန်နှင့် မူခင်းဖြစ်ပွားမှုနှင့် ဆက်စပ်ခဲ့ပါကတရားခံဖော်ထုတ်စစ်ဆေးရာတွင် ပိုမိုလွယ်ကူလျင်မြန်စေမည် ဖြစ်ကြောင်း သိရသည်။

“အခု လောလောဆယ်မှာတော့ လုယက်မှုတွေ များနေတယ်။ ဒီလုယက်တွေပေါ်မှာ မူတည်ပြီးတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်နေခြင်းဖြစ်တယ်။ အတွင်းထဲမှာ ဘာရှိလဲ။ဘယ်သူတွေရှိလဲ။ အင်္ကျီဘာရောင်ဝတ်ထားလဲ။ ဘယ်လိုပုံသဏ္ဍန်ရှိ်လဲဆိုတာကွက်ကွက်ကွင်းကွင်း မြင်ရအောင်လုပ်ဆောင်တာ ဖြစ်တယ်။” ဟု ရဲမှူးရဲလွင်က ပြောသည်။

အဆိုပါ စီမံချက်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ လမ်းညွန်ချက်အရ လုပ်ဆောင်ခြင်းဖြစ်ပြီး ကချင်ပြည်နယ် အတွင်း မြစ်ကြီးနားမြို့အပြင် အခြားမြို့များတွင် လည်းဆောင် ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

#peoplemedia #EPN


Share this post