• Follow Us on

Home “အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေပြီးတော့ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်လို့ရတဲ့အပြင် ငွေဒဏ် လည်း ချမှတ်လို့ရပါတယ်” ဦးအောင်ကျော်(တရားလွှတ်တော်ရှေ့နေ)

“အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေပြီးတော့ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်လို့ရတဲ့အပြင် ငွေဒဏ် လည်း ချမှတ်လို့ရပါတယ်” ဦးအောင်ကျော်(တရားလွှတ်တော်ရှေ့နေ)

Share this post

ဩဂုတ်လ ၁ ရက်နေ့၌ န-စ-က ကောင်စီသည် NUG/PDF တို့ကို အရေးယူနိုင်ရန် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ ရဲ့ (က) ကို အစားထိုးမှု ပြုလုပ်ခဲ့ပါတယ်။ ထိုပြင်ဆင်ချက်အပေါ် ဥပဒေအရ ရှင်းလင်းချက်များနှင့် ပတ် သက်၍ People Media က ဆရာဦးအောင်ကျော်(တရားလွှတ်တော်ရှေ့နေ)နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။

 

People Media ။   ။ သြဂုတ်လ ၁ ရက်နေ့က နစကကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပြင်ဆင် ချက်ထုတ်ပြန်ခဲ့တဲ့အပေါ် ဘာတွေပြောင်းလဲပြင်ဆင်တာတွေ့ရလဲ၊ ဘယ်လိုသက်ရောက်မှုတွေရော ရှိလာ နိုင်လဲ ဆရာ။ ဥပဒေရှုထောင့်အရ သိပါရစေ ခင်ဗျာ။

 

ဦးအောင်ကျော် ။   ။ သြဂုတ်လ ၁ ရက်နေ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ပြင်လိုက်တယ်ပေါ့နော်။ သူတို့ လုပ်ဆောင်မှုတွေအပေါ်မှာ မူတည်ပြီးတော့ အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေပြီးတော့ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်လို့ရတဲ့အပြင် ငွေဒဏ်လည်းချမှတ်လို့ရပါတယ်။ အဲဒီပြင်ဆင်လိုက်တဲ့အထဲမှာ ပါဝင်ဆောင်ရွက်တယ်၊ ပတ်သက်တယ် အကယ်၍ အပြစ်ဒဏ်ခံထိုက်တယ်ဆိုရင် အာမခံလျှောက်လို့မရတဲ့ ကိစ္စလည်းဖြစ်တယ်။ အာမခံလျှောက်လို့မရဘူး၊ ပြီးတဲ့အခါကျရင် ထောင်ကြီးအချုပ်ကနေပြီးတော့ အမှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

People Media ။  ။ ပြင်ဆင်ချက်မှာ PDF နဲ့ NUG တွေကို သွယ်ဝိုက်သောနည်းနဲ့ ထောက်ပံ့မှုတွေ၊ အကာ အကွယ်ပေးမယ်ဆိုရင်ရော အရေးယူမယ့်အပိုင်းတွေ အဲဒီဥပဒေမှာ ပါဝင်ဖြည့်စွက်ထားတာမျိုးရှိလား။

 

ဦးအောင်ကျော် ။  ။ ဟုတ်ကဲ့ရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ သူတို့အတိအကျအနေနဲ့ ညွှန်းဆိုလိုက်တယ် ပေါ့နော်။ ဒီပြင်ဆင်လိုက်တဲ့ ပုဒ်မခွဲငယ် ၁၅ မှာ အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ကို ဆောင်ရွက်ရာတွင်ဖြစ်စေ၊ လူတစ်ဦးအားပါဝင်စေရန် စည်းရုံးတာ၊ တိုက်တွန်းတာ၊ ဝါဒဖြန့်တာတို့၊ စုဆောင်း ရန် ပြုလုပ်တာတွေလည်း အကျုံးဝင်တယ်။ နောက်တစ်ခုက ပုဒ်မခွဲ ၁၆ မှာ အကြမ်းဖက်အုပ်စုဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စုသိလျက်နဲ့ ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍လှုပ်ရှားဆောင်ရွက်တာတွေ အဲဒါတွေလည်း ပါဝင်ပါတယ်။ ပုဒ်မခွဲ ၁၇ မှာကျတော့ အကြမ်းဖက်သမားများကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခုရဲ့ အဖွဲ့ ဝင်ကိုဖြစ်စေ ဖမ်းဆီး၍အရေးယူခြင်းမပြုနိုင်စေရန် (သို့မဟုတ်) လွတ်မြောက်စေရန်အလို့ငှာ ထိန်ချန်ခြင်း၊ (သို့မဟုတ်) သိလျက်နဲ့ ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုခွင့်/နေထိုင်ခွင့်ပေးခြင်း၊ (သို့မဟုတ်) ဝှက်ထားခြင်း များပြုလုပ်လျှင်လို့ ဆိုထားပါတယ်။ ပုဒ်မခွဲ ၁၈ မှာကျတော့ အကြမ်းဖက်သမားများ ကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခုရဲ့ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနေရာတစ်ခုကို အသုံးပြုခွင့်ပေး တာတွေ၊ စုဝေးတာတွေ၊ အစည်းအဝေးပြုလုပ်ခွင့်ပေးတာတွေ၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်ရေးသင်တန်း (သို့မဟုတ်) သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ပေးရန် စတဲ့အချက်အတွေပါဝင်ပါတယ်။ နောက်ထပ်တစ်ခုက ငွေကြေးထောက်ပံ့မှုဆိုင်ရာတွေကိုလည်း အရေးယူဖျက်သိမ်းလို့ရပါတယ်။

 

People Media ။   ။ ဒီအကြမ်းဖက်ဥပဒေပြင်ဆင်လိုက်တဲ့အပေါ်မှာ  ဘယ်လိုသက်ရောက်နိုင်လဲ။

 

ဦးအောင်ကျော် ။  ။ အဓိကကတော့ ဥပဒေတစ်ရပ်ကို သူတို့ထုတ်ပြန်လိုက်ပြီ ပြင်ဆင်လိုက်ပြီဆိုတဲ့ အခြေအနေကျရင် တကယ်တမ်းဒီဥပဒေကို မသိလို့ဆောင်ရွက်ခဲ့တာတို့ဘာတို့ပြောဆိုလို့မရတော့ပါဘူး။ ဥပဒေတစ်ရပ် ထွက်လာပြီ၊ ပြင်ဆင်လိုက်တဲ့ဥပဒေဟာ သူဟာအာဏာစပြီးတော့ တည်တဲ့နေ့ကစပြီး အကျုံးဝင်ပါတယ်။ အဲဒီအတွက်ကြောင့် သူတို့ရဲ့ပြုလုပ်ဆောင်ရွက်မှုတွေ တစ်ခုချင်းစီအပေါ်မှာ မူတည်ပြီး၊ ဒီထွက်ဆိုချက်တွေအပေါ် မှာ မူတည်ပြီးတော့ အပြစ်ပေးဆောင်ရွက်လို့ရပါတယ်။ ဒီအကြမ်းဖက်အဖွဲ့အစည်း လို့ နိုင်ငံတော်ကနေ တရားဝင်ကြေညာထားတဲ့အရာတွေအားလုံးကို ထောက်ပံ့တာတွေအားလုံးကလည်း ဒီဥပဒေနဲ့ အကျုံးဝင်ပါတယ်။

 

People Media ။   ။ ဆရာတို့အနေနဲ့ရော ဒီပြင်ဆင်လိုက်တဲ့ဥပဒေကို အများပြည်သူသိရှိနိုင်အောင် ဘယ်လို သဘောထားပေးလို့ရမလဲ။

 

ဦးအောင်ကျော် ။   ။ အများပြည်သူသိရှိအောင် အဓိကအချက်တွေကတော့ ပြုလုပ်ဆောင်ရွက်နေတဲ့အရာတွေ အဲဒီဟာတွေအားလုံးကို ဥပဒေနဲ့မညီညွတ်ဘူးဆိုတာကို ဘယ်သူမဆို စဉ်းစားရင်တော့ သိနိုင်ပါတယ်။ ဒီ အကြမ်းဖက်အဖွဲ့အစည်းဆိုတာ နိုင်ငံတော်ကကြေညာထားတဲ့အရာတွေ ဖြစ်တဲ့အတွက် ဘယ်အဖွဲ့အစည်း၊ ဘယ်အဖွဲ့အစည်းဆိုတာ အားလုံးကလည်း သိထားပြီးပြီးလို့ထင်ပါတယ်။ အဲဒီအတွက် ဒီဥပဒေတွေအရာအား လုံးကို လိုက်နာဆောင်ရွက်ဖို့တော့ ပြည်သူပြည်သားတွေအနေနဲ့ လိုအပ်ပါတယ်။

 

People Media ။   ။ ဆရာဦးအောင်ကျော်အနေနဲ့ရော ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

 

ဦးအောင်ကျော် ။   ။ အဓိကကတော့ ဒီငွေရေးကြေးရေးတွေနဲ့ပတ်သက်လို့ အခုဘဏ်ကငွေတွေကို Support လုပ်တာတို့ ဘာတို့ပေါ့၊ ဒီအကြောင်းအရာတွေအပြင်ကို ဒီမြန်မာပြည်မှာ ဥပဒေတွေအများကြီးရှိပါတယ်။ အဲဒီ ဥပဒေတွေကို လိုက်နာဆောင်ရွက်ရမှာ ကျွန်တော်တို့ ပြည်သူပြည်သားတွေရဲ့ တာဝန်ပါ။ တကယ်တမ်း ဒီငွေ တွေနဲ့ ပတ်သက်လို့ သွားနေလာနေတဲ့ကိစ္စရပ်တွေရှိပါတယ်။ အခုဘဏ်တွေနဲ့ပတ်သက်လို့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ကိစ္စတွေလည်းရှိပါတယ်။ ရာခိုင်နှုန်းပေးပြီးတော့ ဘဏ်ကနေငွေထုတ်တဲ့ ကိစ္စတွေလည်းရှိ နေတယ်။ အဲဒီလိုအကြောင်းအရာတွေအားလုံး ဥပဒေနဲ့ မညီညွတ်ဘူးပေါ့။ အဲဒီဥပဒေတွေနဲ့လည်း ဒါတွေကို အရေးယူအပြစ်ပေးလို့ရတယ်ဆိုတာလည်း ရှိပါတယ်။

 

People Media – အခုလိုဖြေကြားပေးတဲ့ ဆရာဦးအောင်ကျော်(တရားလွှတ်တော်ရှေ့နေ)ကို ကျေးဇူးအထူး တင်ပါတယ်။

 

#PeopleMedia #ဥပဒေရေးရာ #Political

 

(unicode)


 


 


 


 


 


 


 


 


 


 


 


 


 



Share this post