• Follow Us on
Latest News

Home အနာဂတ်စစ်သည်တွေအတွက် သံမဏိလူသားဝတ်စုံတပ်ဆင်ပေးရန် ရုရှားစီစဉ်နေ

အနာဂတ်စစ်သည်တွေအတွက် သံမဏိလူသားဝတ်စုံတပ်ဆင်ပေးရန် ရုရှားစီစဉ်နေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၈

 

ရုရှားနိုင်ငံဟာ ၎င်းတို့ရဲ့အနာဂတ်စစ်သည်တွေအတွက် “လီးဂျင်းတပ်ဖွဲ့ဝင်” လို့ အမည်ပေးထားတဲ့ စီမံချက်နဲ့ သတ္တုပေါင်းစုံနဲ့စပ်လုပ်ထားတဲ့ “သံမဏိလူသား” (သံချပ်ကာ) ဝတ်စုံတွေကို တပ်ဆင်ပေးသွားဖို့ စီစဉ်နေတယ် လို့ဆိုပါတယ်။

 

အဲဒီသံမဏိလူသားဝတ်စုံဟာ အလယ်ခေတ်စစ်သည်တော်တွေရဲ့ဝတ်စုံနဲ့ဆင်တူပြီး စစ်သည်တစ်ကိုယ်လုံးကို ဖုံးအုပ်ကာကွယ်ပေးထားမယ့်ဝတ်စုံဖြစ်ကြောင်း ဒေသတွင်းစစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုက ပြောပါတယ်။

 

စစ်သည်တွေအတွက် ရှင်သန်မှုနဲ့ အကာအကွယ်ကို မြှင့်တင်ပေးဖို့အတွက် သံချပ်ကာဝတ်စုံ ဖန်တီးထုတ်လုပ် တယ်ဆိုတာ ကမ္ဘာ့ရှေ့ဆောင်စစ်အင်အားကြီးနိုင်ငံတွေအတွက် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့ အဲဒီ ကုမ္ပဏီက ပြောပါတယ်။

 

“ဒီကနေ့ အဲဒီဝတ်စုံက စစ်သည်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ကာကွယ်သွားပါလိမ့်မယ်။ တပြိုင်တည်း မှာ လက်နက်ငယ်ကျည်တွေကို ထိရောက်စွာကာကွယ်နိုင်မယ့် ခေတ်မီသတ္တုပစ္စည်းတွေကတစ်ဆင့် အဲဒီသံချပ် ကာဝတ်စုံကို ထုတ်လုပ်ဖို့ ဖြစ်နိုင်သလားဆိုတဲ့မေးခွန်းကိုလည်း အဖြေပေးသွားမှာဖြစ်ပါတယ်။” လို့ Armocom ကုမ္ပဏီရဲ့ ဒုတိယအထွေထွေညွှန်ကြားရေးမှူး အိုလက်ဖူစတပ်ဗ်က RIA Novosti ကို ပြောပါတယ်။

 

အဲဒီဝတ်စုံကို အထောက်အကူပြုဖို့နဲ့ စစ်သည်ရဲ့အတွင်းပိုင်းအစိတ်အပိုင်းတွေကိုကာကွယ်ဖို့ ဝတ်စုံပြင်ပမှာ အမာစားအကာအကွယ်လိုအပ်ကြောင်းကို ၎င်းက အလေးထားပြောဆိုခဲ့ပါတယ်။

 

အနာဂတ်စစ်ပွဲတွေမှာ လူသားစစ်သည်တွေတိုက်ခိုက်တော့မှာ မဟုတ်ဘူးဆိုတဲ့ယုံကြည်မှုတွေ တိုးပွားလာနေ တဲ့အချိန်မှာ ရုရှားစစ်သည်တွေအတွက် အခုလို သံမဏိလူသားဝတ်စုံတွေ ထုတ်လုပ်ပေးတော့မယ်ဆိုတဲ့အစီ အစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အဲဒီအစား လူသားစစ်သည်တွေဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတာဝန်တွေကို ရိုဘော့စ်စက်ရုပ်တွေနဲ့ ဒရုန်းတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ ဒီနည်းပညာတိုးတက်မှုတွေဟာ စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်ဖို့အတွက် လူသားအစစ်တွေ လို အပ်ချက်ကို လုံးဝအပြီးတိုင် အစားထိုးရှင်းထုတ်နိုင်ဦးမှာမဟုတ်ဘူးလို့ အိုလက်ဖူစတပ်ဗ်ကပြောပါတယ်။

 

စစ်မြေပြင်က တချို့နေရာတွေမှာတော့ လူသားစစ်သည်တွေ မဖြစ်မနေလိုအပ်နေဦးမှာဖြစ်ပြီး အန္တရာယ်လည်း ပိုမိုကြီးမားလာတယ်လို့ ဆိုပါတယ်။

 

“တချို့စစ်ဆင်ရေးနယ်မြေတွေနဲ့ ဒေသတွေကို လူသားတွေအစား စက်တွေနဲ့ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်သေး ပါဘူး။ ဘယ်လိုကိစ္စမှာပဲဖြစ်ဖြစ် လူသားက ပါကိုပါနေရဦးမှာပါ။ အဲဒီလိုပါဝင်နေရသေးတာမို့ အဲဒီ လူသားစစ် သည်ကို တတ်နိုင်သမျှ အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။ ဒီကာကွယ်မှုတွေကို ကမ္ဘာ့အင်အားကြီးနိုင်ငံအား လုံးက ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့လည်း ချွင်းချက်မရှိဘူးပေါ့။” လို့ ဖူစတပ်ဗ်ကပြောပါတယ်။

 

Ref: Russia to Equip Soldiers With ‘Iron Man’ Suit

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Russia to Equip Soldiers With ‘Iron Man’ Suit

 

#PeopleMedia


Share this post