• Follow Us on

Home အနာဂတ္တြင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားမျဖစ္ေစရန္ စိတ္ပိုင္းျဖတ္ေဆာင္႐ြက္ၾကေရး ကမာၻ႔ေခါင္းေဆာင္မ်ားကို ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္တိုက္တြန္း

အနာဂတ္တြင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားမျဖစ္ေစရန္ စိတ္ပိုင္းျဖတ္ေဆာင္႐ြက္ၾကေရး ကမာၻ႔ေခါင္းေဆာင္မ်ားကို ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္တိုက္တြန္း

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားျဖစ္ေစသည့္အေၾကာင္းရင္းမ်ားေဖာ္ထုတ္ရန္ႏွင့္ ကမာၻ႔မည္သည့္ေနရာတြင္ျဖစ္ေစ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားျပန္ေပၚေပါက္လာျခင္းကာကြယ္ေရးအတြက္ ျပဳက်င့္ခံရသူမ်ားအတြက္တရားမွ်တမႈရရန္ စိတ္ပိုင္းျဖတ္ထားသည့္လုပ္ရပ္မ်ား ေဆာင္႐ြက္ၾကေစလိုသည္ဟု ဗုဒၶဟူးေန႔တြင္ ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ႐ွိတ္ ဟာဆီနာက ကမာၻ႔အသိုက္အ၀န္းကိုတိုက္တြန္းသည္။

၁၉၇၁ ခုႏွစ္၊ လြတ္ေျမာက္ေရးစစ္ပြဲအတြင္း အဆိုးဆံုးလူမ်ိဳးတုန္းသတ္ျဖတ္မႈပံုစံတမ်ိဳးၾကံဳေတြ႕ခဲ့ရေသာႏိုင္ငံမ်ားထဲတြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံလည္းပါ၀င္သည္ဟု ၀န္ႀကီးခ်ဳပ္ ဟာဆီနာကေျပာသည္။

ကိုယ္ပိုင္ဖန္တီးသတ္မွတ္ခြင့္ရေရးအတြက္ ဘဂၤါလီႏီုင္ငံတည္ေထာင္ေရးတရား၀င္ေတာင္းဆိုမႈကိုျငင္းဆိုရန္ႏွင့္ တိုင္းရင္းသားႏိုင္ငံေရးလကၡဏာဖ်က္ဆီးရန္ ၁၉၇၁ ခုႏွစ္၊ မတ္ ၂၅ ရက္တြင္ ပါကစၥတန္တည္ေထာင္ေရးတပ္ဖြဲ႔မ်ားက ထိုစဥ္ကအေ႐ွ႕ပါကစၥတန္မွအျပစ္မဲ့အရပ္သားမ်ားကို ရက္စက္စြာအေျမာက္အျမားသတ္ျဖတ္ခဲ့သည္။

ျမန္မာႏိုင္ငံမွ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို သုတ္သင္ျခင္းသည္လည္း ထိုျပစ္မႈမ်ားအတြက္ ေနာက္ထပ္နာက်င္ရသည့္ဥပမာျဖစ္ေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္ ဟာဆီနာက ေျပာသည္။

ထိုလူမ်ား ျမန္မာႏိုင္ငံသို႔အေစာဆံုးျပန္ႏိုင္ရန္ႏွင့္ ျမန္မာႏိုင္ငံတြင္လံုၿခံဳေဘးကင္းစြာေနႏိုင္ရန္ ႏိုင္ငံတကာအသိုက္အ၀န္းက ကူညီေရးလည္း တိုက္တြန္းသည္။

Ref : PM urges global leaders to take action to prevent recurrence of any future genocide

#PeopleMedia

(unicode)
အနာဂတ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများမဖြစ်စေရန် စိတ်ပိုင်းဖြတ်ဆောင်ရွက်ကြရေး ကမ္ဘာ့ခေါင်းဆောင်များကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တိုက်တွန်း
……………………………………………………..

ဒါကာ၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

လူမျိုးတုန်းသတ်ဖြတ်မှုများဖြစ်စေသည့်အကြောင်းရင်းများဖော်ထုတ်ရန်နှင့် ကမ္ဘာ့မည်သည့်နေရာတွင်ဖြစ်စေ လူမျိုးတုန်းသတ်ဖြတ်မှုများပြန်ပေါ်ပေါက်လာခြင်းကာကွယ်ရေးအတွက် ပြုကျင့်ခံရသူများအတွက်တရားမျှတမှုရရန် စိတ်ပိုင်းဖြတ်ထားသည့်လုပ်ရပ်များ ဆောင်ရွက်ကြစေလိုသည်ဟု ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ကမ္ဘာ့အသိုက်အဝန်းကိုတိုက်တွန်းသည်။

၁၉၇၁ ခုနှစ်၊ လွတ်မြောက်ရေးစစ်ပွဲအတွင်း အဆိုးဆုံးလူမျိုးတုန်းသတ်ဖြတ်မှုပုံစံတမျိုးကြုံတွေ့ခဲ့ရသောနိုင်ငံများထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်းပါဝင်သည်ဟု ဝန်ကြီးချုပ် ဟာဆီနာကပြောသည်။

ကိုယ်ပိုင်ဖန်တီးသတ်မှတ်ခွင့်ရရေးအတွက် ဘင်္ဂါလီနီုင်ငံတည်ထောင်ရေးတရားဝင်တောင်းဆိုမှုကိုငြင်းဆိုရန်နှင့် တိုင်းရင်းသားနိုင်ငံရေးလက္ခဏာဖျက်ဆီးရန် ၁၉၇၁ ခုနှစ်၊ မတ် ၂၅ ရက်တွင် ပါကစ္စတန်တည်ထောင်ရေးတပ်ဖွဲ့များက ထိုစဉ်ကအရှေ့ပါကစ္စတန်မှအပြစ်မဲ့အရပ်သားများကို ရက်စက်စွာအမြောက်အမြားသတ်ဖြတ်ခဲ့သည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို သုတ်သင်ခြင်းသည်လည်း ထိုပြစ်မှုများအတွက် နောက်ထပ်နာကျင်ရသည့်ဥပမာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဟာဆီနာက ပြောသည်။

ထိုလူများ မြန်မာနိုင်ငံသို့အစောဆုံးပြန်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင်လုံခြုံဘေးကင်းစွာနေနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းက ကူညီရေးလည်း တိုက်တွန်းသည်။

Ref : PM urges global leaders to take action to prevent recurrence of any future genocide

#PeopleMedia


Share this post