• Follow Us on

Home အနာဂတ်၌ သမိုင်းတရားခံမဖြစ် မခံရစေရန် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကောင်မတီမှ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်း နှုတ်ထွက်

အနာဂတ်၌ သမိုင်းတရားခံမဖြစ် မခံရစေရန် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကောင်မတီမှ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်း နှုတ်ထွက်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂

ဖွဲ့စည်းပုံပြင်ဆင်ရေး မူဝါဒ ဦးတည်ချက် (၅)ချက်အပေါ် လိုက်နာမှုအားနည်းခြင်းကြောင့် ပြင်ဆင်ရေးပူးပေါင်းကောင်မတီ ၄၅ ဦးမှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစိန်ဝင်း (မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)သည် အဖွဲ့ဝင်အဖြစ် နှုတ်ထွက်ခဲ့သည်။ ဦးစိန်ဝင်း၏ နှုတ်ထွက်စာ၌ သြဂုတ် ၂၉ ရက်နေ့၌ ၎င်းတို့ အဆိုပြု့ချက်များကို အတည်ပြု့ရာတွင် လှို့ဝှက်မဲစနစ်ဆောင်ရွက်ပေးရန် တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း၊ဖွဲ့စည်းပုံပြင်ဆင်ရေး မူဝါဒ ၅ ချက်ပေါ်တွင် လိုက်နာချက် အားနည်းခြင်းကြောင့် အနာဂတ်၌ သမိုင်းတရားခံအဖြစ် မခံနိုင်စေရန် နှုတ်ထွက်ကြောင်း ဖော်ပြထားသည်။ ဦးစိန်ဝင်းသည် ၂၀၁၅ ခုနှစ်၌ မအူပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပြီး ယင်းနောက် NLD ပါတီနှင့် လမ်းခွဲခဲ့သည်။ လက်ရှိအချိန်၌ ဦးစိန်ဝင်းသည် အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီကို တည်ထောင်ပြီး ပါတီဥက္ကဌအဖြစ် ဆောင်ရွက်လျှက်ရှိသည်။


Share this post