• Follow Us on

Home အနားပေးတော့မယ့် စစ်သုံးရဟတ်ယာဉ်တွေ ဖိလစ်ပိုင်ကို လှူဒါန်းသွားဖို့ ဂျပန်စဉ်းစားနေ

အနားပေးတော့မယ့် စစ်သုံးရဟတ်ယာဉ်တွေ ဖိလစ်ပိုင်ကို လှူဒါန်းသွားဖို့ ဂျပန်စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

 

ဖိလစ်ပိုင်ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ပေးဖို့အတွက် ဂျပန်နိုင်ငံက အနားပေးတော့မယ့် စစ်သုံးရဟတ်ယာဉ် တွေကို ထောက်ပံ့သွားဖို့ ဂျပန်အစိုးရက စဉ်းစားနေကြောင်း ဖိလစ်ပိုင်တပ်မတော်ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

မကြာသေးခင်က အမေရိကန်၊ ဂျပန်နဲ့ ဖိလစ်ပိုင်အစိုးရကိုယ်စားလှယ်တွေရဲ့ ကာကွယ်ရေးဆိုင်ရာ တွေ့ဆုံဆွေး နွေးပွဲတစ်ခုမှာ အခုအဆိုပြုချက်ထွက်ပေါ်လာခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်ကြည်းတပ်က ဒုတိယဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာဂျုနီယာက ပြောပါတယ်။

 

ဖိလစ်ပိုင်တပ်မတော်အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်တာတွေကို ဂျပန်ကြည်းတပ်အကြီးအကဲ ယိုရှီဟီဒီ ယိုရှီဒါက ၎င်းကိုမေးမြန်းခဲ့ကြောင်း ဘရော်နာက ပြောပါတယ်။

 

“ဖိလစ်ပိုင်တပ်မတော်အနေနဲ့ လေယာဉ်တွေ အထူးသဖြင့် ရဟတ်ယာဉ်တွေလိုအပ်ပါတယ်လို့ ကျွန်တော် ဗိုလ် ချုပ်ကြီးယိုရှီဒါကို ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်တပ်မတော်ကို ရဟတ်ယာဉ်တွေလွှဲပြောင်းပေးသွားဖို့ သူတို့ စဉ်းစား သွားမယ်လို့ ဗိုလ်ချုပ်ကြီးက ပြောပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဂျပန်အစိုးရက စစ်သုံးရဟတ်ယာဉ်တွေ ဖိလစ်ပိုင်ကိုလှူဒန်းဖို့ ရည်ရွယ်ထားတယ်လို့ပြောပေမဲ့ နောက်ဆုံးအပြီး သတ်ဆုံးဖြတ်ချက် မချရသေးကြောင်း ဘရော်နာက ပြောပါတယ်။

 

လေယာဉ်သုံးလေးစင်းကို မောင်းသူမဲ့လေယာဉ်တွေနဲ့ အစားထိုးသွားဖို့ ဂျပန်အစိုးရက စီစဉ်နေတဲ့အချိန်မှာပဲ အခုကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံဟာ AH-64D အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ် ၁၂ စင်း၊ AH-1S တင့်ဖျက်တိုက်ခိုက်ရေးရဟတ် ယာဉ် ၄၇ စင်းနဲ့ OH-1 စောင့်ကြည့်လေ့လာရေးရဟတ်ယာဉ် ၃၃ စင်းတို့ကို အနားပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

 

ဂျပန်နိုင်ငံက ဖိလစ်ပိုင်ကိုလှူဒါန်းမယ့် ရဟတ်ယာဉ်အမျိုးအစားအကြောင်း အသေးစိတ်ကို ဘရော်နာက ထုတ် ဖော်ပြောကြားခြင်းမရှိပေမဲ့ အဲဒီရဟတ်ယာဉ်တွေဟာ အသုံးပြုလို့ရနေဆဲဖြစ်ပြီး အားကိုးအားထောက်လောက် တဲ့စွမ်းရည်တွေ ရှိနေဆဲဖြစ်ယ်လို့ ပြောပါတယ်။

 

အဲဒီရဟတ်ယာဉ်တွေကို တိုက်ခိုက်ရေးတာဝန်တွေမဟုတ်ဘဲ တိုက်ပွဲဝင်တပ်ဖွဲ့တွေအတွက် ထောက်ပံ့ပို့ဆောင် ရေးနဲ့ ဒဏ်ရာရစစ်သည်တွေကို သယ်ဆောင်ရေးလုပ်ငန်းတွေမှာပဲ အသုံးပြုသွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာဂျုနီယာက ပြောပါတယ်။

 

Ref: Japan Considering Donating Decommissioned Choppers to Philippines

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Japan Considering Donating Decommissioned Choppers to Philippines

 

#PeopleMedia


Share this post