• Follow Us on
Latest News

Home အနိမ့်ပျံပစ်မှတ်များကို ပစ်ခတ်နိုင်သည့် (VSHORAD) Gibka-S တာတိုပစ်ဒုံးကျည်စနစ်ကို ၂၀၂၂ ခုနှစ်တွင် ရုရှားတပ်ဖွဲ့ဝင်များ လက်ခံရရှိမည်

အနိမ့်ပျံပစ်မှတ်များကို ပစ်ခတ်နိုင်သည့် (VSHORAD) Gibka-S တာတိုပစ်ဒုံးကျည်စနစ်ကို ၂၀၂၂ ခုနှစ်တွင် ရုရှားတပ်ဖွဲ့ဝင်များ လက်ခံရရှိမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉ (People Media)

 

ရုရှားတပ်ဖွဲ့ဝင်များသည် ပထမဦးဆုံး တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သစ် Very Short-Range Air Defense (VSHORAD) Gibka-S systems ကို လာမည့်နှစ်တွင် လက်ခံရရှိတော့မည်ဖြစ်သည်။

 

Gibka-S တာတိုပစ်ဒုံးကျည်စနစ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက နိုင်ငံတော်အဆင့် စမ်းသပ်ပစ်ခတ်မှု များပြုလုပ်ပြီးနောက် ယခုလမှစတင်၍ ထုတ်လုပ်နေပြီဖြစ်သည်။

 

Gibka-S တာတိုပစ်ဒုံးကျည်စနစ်သည် နိုင်ငံအတွင်း ပထမဦးဆုံး ယာဉ်တင် VSHORAD စနစ်ဖြစ်သည်။ ယင်း လက်နက်ကို ရုရှားအစိုးရပိုင် စစ်လက်နက်ပစ္စည်းကုမ္ပဏီဖြစ်သော KB Mashinostroyeniya က ထုတ်လုပ်ခြင်း ဖြစ်သည်။

 

ယင်းလက်နက်စနစ်ကို တိုက်ဂါးသံချပ်ကာကားတွင်တပ်ဆင်ထားပြီး မောင်းသူမဲ့လေယာဉ်များ၊ ရဟတ်ယာဉ် များနှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များကဲ့သို့ ကာကွယ်ရေးရေဒါများဖြင့် ရှာဖွေဖော်ထုတ်နိုင်စွမ်းမရှိသည့် ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

VSHORAD Gibka-S တာတိုပစ်ဒုံးကျည်စနစ်သည် တပ်ဖြန့်ချထားသော သို့မဟုတ် ပျံသန်းနေသော အနိမ့်ပျံ လေယာဉ်များ/ မြေပြင်နှင့်ကပ်လျက်ပျံသန်းနေသော လေယာဉ်များ၏ရန်မှ ကာကွယ်နိုင်ရန် ပုံစံရေးဆွဲထုတ် လုပ်ထားခြင်းဖြစ်သည်။ ယင်းလက်နက်စနစ်သည် အနိမ့်ပျံသန်းလာသော/ မြေပြင်နှင့်ကပ်လျက်ပျံသန်းလာ သော လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ ခရုစ်ဒုံးကျည်များနှင့် တိကျနှုန်းမြင့်မားသည့်လက်နက်များ ကို တန်ပြန်ပစ်ခတ်နိုင်စွမ်းရှိသည်။

 

အသင့်ပစ်ခတ်နိုင်သည့် Igla-S သို့မဟုတ် Verba ဒုံးကျည်လေး လုံးတပ်ဆင်ထားသည့် အဆိုပါလေကြောင်း ရန်ကာကွယ်ရေးစနစ်ကို မြေပြင်အနေအထားမျိုးစုံတွင်သွားလာနိုင်သော နည်းဗျူဟာယာဉ်ဖြစ်သည့် တိုက်ဂါး အမ်ယာဉ်မှဆင့်ပွားပုံစံယူ၍ ထုတ်လုပ်ထားသော 9А332 တိုက်ခိုက်ရေးယာဉ်တွင်တပ်ဆင်ထားခြင်းဖြစ်သည်။

 

စမ်းသပ်ပစ်ခတ်မှုများပြုလုပ်စဉ်အတွင်း 9А332 တိုက်ခိုက်ရေးယာဉ် (တိုက်ဂါး) သည် တစ်နာရီလျှင် ၁၉ မိုင် (ကီလိုမီတာ ၃၀) နှုန်းဖြင့်သွားလာနေစဉ်အတွင်း လေကြောင်းပစ်မှတ်ကို ထိရောက်စွာပစ်ခတ်နိုင်ကြောင်း သက်သေပြခဲ့သည်။ ယင်းလက်နက်စနစ်တပ်ဆင်ထားသော သံချပ်ကာတိုက်ခိုက်ရေးယာဉ်သည် ကျည်ဖြည့် ထားသော ဒုံးကျည်များ/ ဆက်စပ်ပစ္စည်းများနှင့်အတူ လူဖြင့်သယ်ဆောင်နိုင်သော လေကြောင်းရန်ကာကွယ် ရေးစနစ်ဒုံးကျည်များကို သယ်ဆောင်သွားနိုင်သည်။

 

အဆိုပါသံချပ်ကာတိုက်ခိုက်ရေးယာဉ်တွင် ယခုထက်ပိုမိုကျယ်ပြန့်သော လက်နက်စနစ်များ၊ ဆက်သွယ်ရေး စနစ်များ၊ အီလက်ထရောနစ်စစ်ဆင်ရေးလက်နက်များနှင့် အခြားစစ်လက်နက်ပစ္စည်းများလည်း တပ်ဆင်အသုံး ပြုနိုင်ကြောင်းသိရသည်။

 

Ref: Russian Troops to Get VSHORAD Gibka-S Systems in 2022

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Russian Troops to Get VSHORAD Gibka-S Systems in 2022

 

#PeopleMedia


Share this post