• Follow Us on

Home အပစ်ရပ်စဲရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား RCSS မီးရှို့ ဖျက်ဆီး

အပစ်ရပ်စဲရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား RCSS မီးရှို့ ဖျက်ဆီး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃ (People Media)

 

ပြည်နယ်အဆင့် အပစ်ရပ်စဲရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဌာနချုပ် လွယ်တိုင်းလျဲန်း၊ အမှတ် (၁) စစ်ဒေသနှင့် တပ်မဟာ (၇၀၇) နယ်မြေများတွင် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွှဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အမှတ် (၁) စစ်ဒေသတွင်လည်း RCSS/SSA တပ်မဟာ (၈) တပ်ရင်း (၁၀၈) မှ ဒုတပ်ရင်းမှူး ဦးဆောင်၍ ဖမ်းဆီးရမိသည့် ယာဘစိတ်ကြွရူးသွပ်ဆေးပြား ၃၆,၂၇၉ ပြားကို အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြပြီး၊ တပ်မဟာ (၇၀၇) နယ်မြေတစ်နေရာ၌ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀,၆၉၅ ပြား၊ ဘိန်းညိုမှုန့် ၃၀၄ ကီလိုဂရမ်၊ အက်ဆစ် ၄၃,၅၆၀ လီတာ၊ ဆိုဒါမှုန့် ၃၆,၀၀၀ ကီလိုဂရမ်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

 

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS နှင့် အစိုးရအကြား ပြည်နယ်အဆင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ယခုလို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

 

Photo – RCSS

 

#PeopleMedia #Peace

 

(unicode)


…………………………………………………………

 


 


 


 


 

Photo – RCSS

 

#PeopleMedia #Peace


Share this post