• Follow Us on

Home အဖွဲ့ဝင် ၄ ဦး ကျဆုံးသွားကြောင်း ဒီပဲယင်းမြို့နယ် ဂဠုန် PDF အဖွဲ့ထုတ်ပြန်

အဖွဲ့ဝင် ၄ ဦး ကျဆုံးသွားကြောင်း ဒီပဲယင်းမြို့နယ် ဂဠုန် PDF အဖွဲ့ထုတ်ပြန်

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဂဠုန် PDF အဖွဲ့ဝင် ၄ ဦးသည် ဒီဇင်ဘာ ၂၇ ရက်နေ့က ကျဆုံးသွား ကြောင်း ဂဠုန် PDF အဖွဲ့ကထုတ်ပြန်ထားသည်။

 

ကျဆုံးသွားသူများသည် တပ်ဖွဲ့မှူး မိုးပျံ၊ မောင်ပိန်၊ အားမာန်၊ မောင်ပွားတို့ဖြစ်ကြောင်း ဂဠုန် PDF က ဒီဇင်ဘာ ၂၈ ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

 

ဒီပဲယင်းမြို့နယ်သည် PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်သလို နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ဒလံဟု စွပ်စွဲခံရသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ လုပ်ကြံခံရမှု ဖြစ်ပေါ်ခဲ့သည်။

 

လက်ရှိအချိန်၌ ဒီပဲယင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များ၌ လုံခြုံရေးအဖွဲ့များနှင့် PDF တို့ တိုက်ပွဲများ ဖြစ်ပေါ်မှုကြောင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်လျက်ရှိသည်။

 

Photo – ပုံအဟောင်း အသုံးပြုထားသည်။

 

#PeopleMedia #ဒီပဲယင်းPDF

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post