• Follow Us on

Home အမည်မသိလက်နက်ကိုင်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုမှ ဒဏ်ရာများဖြင့် လွတ်မြောက်ခဲ့သည့် ထွေအုပ်စာရေး နှင့် ၎င်း၏ သမီးငယ် ထီးလင်းမြို့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရ

အမည်မသိလက်နက်ကိုင်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုမှ ဒဏ်ရာများဖြင့် လွတ်မြောက်ခဲ့သည့် ထွေအုပ်စာရေး နှင့် ၎င်း၏ သမီးငယ် ထီးလင်းမြို့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရ

Share this post

No description available.

 

နေပြည်တော်၊ ဇူလိုင် ၃၀ (People Media)

 

ဇူလိုင်လ ၂၈ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ဖြစ်ပွားသည့် ထွေအုပ်စာရေး ၏ မိသားစုဝင်လေးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့များက သတ်ဖြတ်မှုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ် သည့် ဖခင်နှင့် ၈ နှစ်အရွယ် သမီးငယ်သည် ရရှိဒဏ်ရာများဖြင့် မြို့နယ်ဆေးရုံတွင် ကုသနေရတယ်လို့ ဒေသခံ များထံက သိရပါတယ်။

 

“မနေ့ကထဲက တင်ထားရတာ အခြေအနေကတော့ စိုးရိမ်စရာမရှိဘူး၊ ကလေးကတော့ အဲ့ဒါကိုကြည့်ပြီးတော့ လန့်နေတာရှိတယ်၊ ဒီနေ့ဆေးရုံက ပြန်ဆင်းမယ်လို့လည်း ကြားပါတယ်” လို့ ထီးလင်းမြို့ ဒေသခံတစ်ဦးက လည်း ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်၌ အသက် ၈ နှစ်အရွယ်ကလေးငယ်နှင့် ဖခင်ဖြစ်သူသည် လွတ်မြောက်ခဲ့သော်လည်း အသက် ၁၀ နှစ် အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူမှာ နေအိမ်တွင် သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

 

#PeopleMedia #ထီးလင်းမြို့ #ထွေအုပ်စာရေးမိသားစု

 

(unicode)


………………………………………………………….

 


 


 


 


 



Share this post