• Follow Us on

Home အမရပူရၿမိဳ႕၌ စိုက္ထူထားသည့္ PPP ပါတီ ၏ ေရြးေကာက္ပြဲ ေအာင္နိုင္ေရး ဗီနိုင္းဆိုင္းဘုတ္ ဖ်က္ဆီးခံရ

အမရပူရၿမိဳ႕၌ စိုက္ထူထားသည့္ PPP ပါတီ ၏ ေရြးေကာက္ပြဲ ေအာင္နိုင္ေရး ဗီနိုင္းဆိုင္းဘုတ္ ဖ်က္ဆီးခံရ

Share this post

မႏၲေလး၊စက္တင္ဘာ -၃၀
မႏၲေလးတိုင္းေဒသႀကီး၊အမရပူရၿမိဳ႕နယ္၌ စိုက္ထူထားသည့္ PPP ပါတီ ၏ ေရြးေကာက္ပြဲ ေအာင္နိုင္ေရး ဗီနိုင္းဆိုင္းဘုတ္ တစ္ခုသည္ စက္တင္ဘာလ ၂၉ ရက္ တြင္ ဖ်က္ဆီးခံခဲ့ရေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ မႏၲေလးတိုင္း ဥကၠဌ ဦးဇာနည္ေအာင္ေအာင္ က အတည္ျပဳ ေျပာသည္။
မႏၲေလးၿမိဳ႕၊ အမရပူရၿမိဳ႕နယ္ အတြင္း ရွိ PPP ပါတီ ၏ ကိုယ္စားလွယ္ေလာင္း ဗီနိုင္းဆိုင္းဘုတ္ ဖ်က္ဆီးခံထားရသည့္ျဖစ္စဥ္ကို စက္တင္ဘာလ ၂၉ ရက္ မနက္ပိုင္း တြင္ မိတ္ေဆြအခ်ိဳ႕က အသိေပး အေၾကာင္းၾကားခဲ့ေၾကာင္း ဦးဇာနည္ေအာင္ေအာင္ က ရွင္းျပသည္။
“ၿမိဳ႕နယ္ ေရြးေကာ္နဲ႔ ရဲစခန္း မွာ အမႈဖြင့္အေၾကာင္းၾကားသြားမယ္။ကၽြန္ေတာ္တို႔ တာဝန္ပဲေလ။က်ေနာ္တို႔ လိုခ်င္တာ ပါတီစုံ ဒီမိုကေရစီ စနစ္ေပါ့ဗ်ာ။ဒီလိုလိုခ်င္ရင္ စည္းကမ္းရွိဖို႔လိုအပ္တယ္ေလ။စည္းကမ္းရွိမွပဲ ဒီလိုစနစ္ကိုသြားနိုင္မွာေလ။ပါးစပ္ကေန ဒီမိုကေရစီလိုခ်င္တယ္ ရခ်င္တယ္ေျပာၿပီး စည္းကမ္းမရွိ လက္က ကားယား၊ကားယား လုပ္လို႔ မရဘူးေပါ့ဗ်ာ။မလိုလားသူေတြ လုပ္သြားတာ ဆိုေတာ့ ဒီအေပၚမွာ သီးျခား မွတ္ခ်က္မေပးလိုပါဘူး” ဟု ၎ကဆိုသည္။
PPP ပါတီ အေနျဖင့္ ပါတီကိုယ္စားလွယ္ေလာင္းမ်ား ပါဝင္ေသာ ေအာင္နိုင္ေရး ဗီနိုင္းဆိုင္းဘုတ္ တစ္ခုကို မႏၲေလးတိုင္းအတြင္း ပထမဆုံး ဖ်က္ဆီးခံရျခင္း ျဖစ္ၿပီး အျခားေနရာမ်ား၌ မရွိေသးေၾကာင္း ဦးဇာနည္ေအာင္ေအာင္ က ဆိုသည္။
PPP ပါတီ သည္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ တြင္ မႏၲေလးတိုင္းအတြင္း သက္ဆိုင္ရာ နယ္ေျမအလိုက္ က်င္းပမည့္ လႊတ္ေတာ္ သုံးရပ္ အတြက္ ေရြးေကာက္ပြဲ၌ ကိုယ္စားလွယ္ေလာင္း ၃၀ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္သည္။
ေနေသာ္(မန္း)
#PeopleMedia #မန္း

(unicode)

အမရပူရမြို့၌ စိုက်ထူထားသည့် PPP ပါတီ ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံရ
မန္တလေး၊စက်တင်ဘာ -၃၀
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၌ စိုက်ထူထားသည့် PPP ပါတီ ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ် တစ်ခုသည် စက်တင်ဘာလ ၂၉ ရက် တွင် ဖျက်ဆီးခံခဲ့ရကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ မန္တလေးတိုင်း ဥက္ကဌ ဦးဇာနည်အောင်အောင် က အတည်ပြု ပြောသည်။
မန္တလေးမြို့၊ အမရပူရမြို့နယ် အတွင်း ရှိ PPP ပါတီ ၏ ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံထားရသည့်ဖြစ်စဉ်ကို စက်တင်ဘာလ ၂၉ ရက် မနက်ပိုင်း တွင် မိတ်ဆွေအချို့က အသိပေး အကြောင်းကြားခဲ့ကြောင်း ဦးဇာနည်အောင်အောင် က ရှင်းပြသည်။
“မြို့နယ် ရွေးကော်နဲ့ ရဲစခန်း မှာ အမှုဖွင့်အကြောင်းကြားသွားမယ်။ကျွန်တော်တို့ တာဝန်ပဲလေ။ကျနော်တို့ လိုချင်တာ ပါတီစုံ ဒီမိုကရေစီ စနစ်ပေါ့ဗျာ။ဒီလိုလိုချင်ရင် စည်းကမ်းရှိဖို့လိုအပ်တယ်လေ။စည်းကမ်းရှိမှပဲ ဒီလိုစနစ်ကိုသွားနိုင်မှာလေ။ပါးစပ်ကနေ ဒီမိုကရေစီလိုချင်တယ် ရချင်တယ်ပြောပြီး စည်းကမ်းမရှိ လက်က ကားယား၊ကားယား လုပ်လို့ မရဘူးပေါ့ဗျာ။မလိုလားသူတွေ လုပ်သွားတာ ဆိုတော့ ဒီအပေါ်မှာ သီးခြား မှတ်ချက်မပေးလိုပါဘူး” ဟု ၎င်းကဆိုသည်။
PPP ပါတီ အနေဖြင့် ပါတီကိုယ်စားလှယ်လောင်းများ ပါဝင်သော အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ် တစ်ခုကို မန္တလေးတိုင်းအတွင်း ပထမဆုံး ဖျက်ဆီးခံရခြင်း ဖြစ်ပြီး အခြားနေရာများ၌ မရှိသေးကြောင်း ဦးဇာနည်အောင်အောင် က ဆိုသည်။
PPP ပါတီ သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် မန္တလေးတိုင်းအတွင်း သက်ဆိုင်ရာ နယ်မြေအလိုက် ကျင်းပမည့် လွှတ်တော် သုံးရပ် အတွက် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၃၀ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
နေသော်(မန်း)
#PeopleMedia #မန်း


Share this post