• Follow Us on

Home အမေရိကန်က ဒေါ်လာ ၁၈ သန်းတန်ကြေးရှိ ဒုံးကျည်များ ဖိလစ်ပိုင်သို့ ထောက်ပံ့

အမေရိကန်က ဒေါ်လာ ၁၈ သန်းတန်ကြေးရှိ ဒုံးကျည်များ ဖိလစ်ပိုင်သို့ ထောက်ပံ့

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃
အမေရိကန်အစိုးရက အိုင်အက်စ်အဖွဲ့၏သစ္စာခံ စစ်သွေးကြွများကို ဖြိုခွင်းနေရသည့် ဖိလစ်ပိုင်နိုင်ငံသို့ ပဲ့ ထိန်းဒုံးကျည်များ ထောက်ပံ့လိုက်ပြီး အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တိုက်ခိုက်ခံရပါက ကာကွယ် ပေးမည်ဟု ကတိပြုလိုက်သည်။
ဖိလစ်ပိုင်တပ်မတော်သို့ ဒုံးကျည်များ၊ ဗုံးများ ပေးပို့မှုကို အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အို ဘရိုင်ယန်က မနီလာမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနကကျင်းပသော အခမ်းအနားတစ်ခု၌ ကြေညာခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးနှင့် ဖုန်းဆွေးနွေးမှုတစ်ခုအတွင်း ဒေါ်လာ ၁၈ သန်း တန်ကြေးရှိ ဒုံးကျည်များကူညီပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြုခဲ့သည်။
“ဖိလစ်ပိုင်နိုင်ငံမှာ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ရာမှာ သမ္မတ ဒူတာတေးနဲ့အတူ သမ္မတ ထရမ့်က ရပ် တည်ပါတယ်။ ဒီလိုဒုံးကျည်တွေ လွှဲပြောင်းပေးမှုက အရေးပါတဲ့မဟာမိတ်ပြုမှုမှာ အမေရိကန်နိုင်ငံရဲ့ ကတိက ဝတ်ကို ပြသရာရောက်ပါတယ်” ဟု ဘရိုင်ယန်က ပြောသည်။
အနောက်ပိုင်းကမ်းရိုးတန်း၌ တည်ရှိနေပြီး တရုတ်နိုင်ငံကလည်း ပိုင်ဆိုင်သည်ဟုဆိုသည့် နေရာတစ်ခု၌ ရေနံနှင့်ဓာတ်ငွေ့ ရှာဖွမှုများ ပြန်လည်စတင်မည်ဟု ဖိလစ်ပိုင်နိုင်ငံက ပြီးခဲ့သည့်လအတွင်း ကြေညာခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်ခံရပါက အပြန်အလှန်ကာ ကွယ်ရေးစာချုပ်အရ အမေရိကန်နိုင်ငံက ကူညီမည်ဟု ၄င်းက ဆိုသည်။
ကိုးကား – အီကော်နောမစ်တိုင်းမ်
Ref; United States provides missiles, renews pledge to defend Philippines
(unicode)
…………………………………………………………
Ref; United States provides missiles, renews pledge to defend Philippines

Share this post