• Follow Us on

Home အမေရိကန်လက်နက်များအား ဖျက်ဆီးပစ်ရန် ဟွန်ဆန်အမိန့်ပေး

အမေရိကန်လက်နက်များအား ဖျက်ဆီးပစ်ရန် ဟွန်ဆန်အမိန့်ပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁ (People Media)

 

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တရုတ်နိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်စွာဆက်ဆံမှုများကြောင့် အမေရိကန်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်တားဆီးလိုက်ပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က နိုင်ငံတွင်းရှိ အမေရိကန်လက်နက်များကို ဖျက်ဆီးပစ်ရန် သို့မဟုတ် အမှိုက်ပုံသို့စွန့်ပစ်ရန် ကမ္ဘောဒီးယား တပ်မတော်ကို အမိန့်ပေးလိုက်သည်။

 

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံက ရေတပ်စခန်းဆောက်လုပ်ပေးနေမှုများသာမက တိုင်းပြည်အတွင်း လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် အကျင့်ပျက်ခြစားမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံအား လက်နက်တင်ပို့ခွင့် ပိတ်ပင်လိုက်ကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့တွင် အမေရိကန်အစိုးရကကြေညာခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်ခဲ့သည့်အရေးယူမှုများမှာ ကမ္ဘောဒီးယားတပ်မတော်နှင့် ထောက်လှမ်း ရေးအဖွဲ့အစည်းများ၏ စစ်လက်နက်ပစ္စည်းများရရှိနိုင်မှုလမ်းကြောင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ခွင့်လမ်းကြောင်းကို ကန့်သတ်တားဆီးရန် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

သို့သော် ဟွန်ဆန်က အမေရိကန်စစ်လက်နက်ပစ္စည်းများ၏ အရည်အသွေးမှာ အရေးမပါကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောဆိုလိုက်သည်။

 

“ကမ္ဘောဒီးယားတပ်မတော်က လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်ပစ္စည်းတွေအားလုံးကို ချက်ချင်း ပြန်လည် ဆန်းစစ်ဖို့ တပ်မတော်တစ်ရပ်လုံးကို ကျွန်တော်အမိန့်ပေးထားပါတယ်။ အမေရိကန်စစ်လက်နက်ပစ္စည်းတွေကို ဂိုဒေါင်တွေထဲမှာ ထည့်သိမ်းထားရင်သိမ်းထားလိုက် ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်ဖို့ အမိန့်ပေးထားပါတယ်” ဟု ဟွန်ဆန်ကပြောသည်။

 

“မိမိနိုင်ငံက ကာကွယ်ရေးကဏ္ဍကို လွတ်လွတ်လပ်လပ် ကျင့်သုံးချင်တယ်ဆိုရင် အမေရိကန်လက်နက်တွေကို မသုံးဖို့လိုတယ်ဆိုတာ အနာဂတ်ကာလမှာ ကမ္ဘောဒီးယားအစိုးရကို ခေါင်းဆောင်မယ်ည့ မျိုးဆက်သစ်တွေကို အမေရိကန်ရဲ့ လက်နက်တင်ပို့ခွင့်ပိတ်ဆို့မှုက သတိပေးလိုက်တာပဲဖြစ်တယ်” ဟု ၎င်းကပြောသည်။

 

“အမေရိကန်လက်နက်သုံးစွဲခဲ့တဲ့သူအများအပြားလည်း စစ်ပွဲမှာ ရှုံးခဲ့တာပါပဲ” ဟု အာဖဂန်နစ္စတန်စစ်ပွဲကို ရည် ညွှန်း၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောသည်။

 

လွန်ခဲ့သည့်ရွေးကောက်ပွဲကာလအတွင်းက အတိုက်အခံမည်မည်ရရ မရှိသော တစ်ပါတီအစိုးရကို ဦးဆောင် သည့် ကမ္ဘောဒီးယားနိုင်ငံ၏ ကာလကြာရှည်ဝန်ကြီးချုပ်သည် အာရှတိုက်တွင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံး မိတ် ဆွေတစ်ဦးဖြစ်သည်။

 

ဟွန်ဆန်အစိုးရသည် အမေရိကန်ငွေကြေးတစ်စိတ်တစ်ပိုင်းပါဝင်သည့် ဘတ်ဂျက်ဖြင့်တည်ဆောက်ထားသော ရိန်းရေတပ်အခြေစိုက်စခန်းမှ အဆောက်အဦများကို တစ်ဖြည်းဖြည်း ဖြိုဖျက်လျက်ရှိသည်။ ယင်းရေတပ်စခန်း တွင် အမေရိကန်စစ်ရေးလေ့ကျင့်မှုများကို လက်ခံကျင်းပခွင့်ပေးခဲ့ဖူးသည်။

 

ထိုင်းပင်လယ်ကွေ့အတွင်း Sihanoukville ကမ်းရိုးတန်းမြို့အနီးရှိ အဆိုပါရေတပ်အခြေစိုက်စခန်းကို တရုတ် ရေတပ်ကအသုံးပြုရန် ပြုပြင်နေသည်ဟု အမေရိကန်က သံသယရှိနေသဖြင့် အဆိုပါရေတပ်အခြေစိုက်စခန်း မှာ လတ်တလောကာလ အမေရိကန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား စိတ်ခုစရတစ်ခုဖြစ်လာခဲ့သည်။

 

ရေတပ်အခြေစိုက်စခန်းအဆာက်အဦများ အဆင့်မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏အကူအညီကို ရယူသည်ဟု ဝန် ခံပြောကြားသော်လည်း အဆိုပါစခန်းတွင် တရုတ်ရေတပ်ကိုထားရှိမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ဟွန်ဆန်က အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

 

Ref: Angry Hun Sen orders US weapons destroyed

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Angry Hun Sen orders US weapons destroyed


Share this post