• Follow Us on

Home “အမ္ဖန္” ေၾကာင့္ အိႏၵိယ၌ ေသဆုံးသူ ၈၀ အထိ ရွိလာ

“အမ္ဖန္” ေၾကာင့္ အိႏၵိယ၌ ေသဆုံးသူ ၈၀ အထိ ရွိလာ

Share this post

၂၀၂၀၊ ေမ ၂၂

အိႏၵိယနိုင္ငံ၊ အေနာက္ဘင္ေဂါျပည္နယ္၌ ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” တိုက္ခတ္မွု ေၾကာင့္ ယေန႔ ေသဆုံးသူ ၈၀ ဦးအထိ ျမင့္တက္လာခဲ့သည္။

အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီက မုန္တိုင္းေၾကာင့္ ထိခိုက္ပ်က္စီးမွုမ်ား သုံးသပ္ရန္ ရဟတ္ယာဥ္ျဖင့္ အေနာက္ဘင္ေဂါျပည္နယ္သို့ သြားေရာက္ခဲ့သည္။

“ဒီမုန္တိုင္းေၾကာင့္ လူ ၈၀ ေသဆုံးခဲ့ပါတယ္။ ကၽြန္မတို့ ျပည္သူ ၆၀၀၀၀၀ ေက်ာ္ကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ခဲ့ပါတယ္။ ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” ရဲ့ အခ်ိန္နဲ႔သိပ္သည္းမွုက ေတာ္ေတာ္ဆိုးၿပီး သဘာဝေဘး အႏၲရာယ္တစ္ခုဆိုတာထက္ ပိုပါတယ္” ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္ မာမာတာဘာနာဂ်ီးက မီဒီယာမ်ားသို့ ေျပာ ၾကားခဲ့သည္။

ဆိုင္ကလုံးမုန္တိုင္း၏ အခ်င္းဝက္မွာ ကီလိုမီတာ ၄၅၀ ရွိေၾကာင္း ၄င္းက ဆိုသည္။

“ကၽြန္မဘဝမွာ ဒီလို မုန္တိုင္းမ်ိဳး တစ္ခါမွ မၾကဳံေတြ႕ဖူးပါဘူး။ လၽွပ္စစ္မီးျဖန္႔ျဖဴးတာေတြမွာ ဆိုးဆိုးရြားရြား ပ်က္စီးခဲ့ၿပီး ကၽြန္မအိမ္မွာ ေတာင္ လၽွပ္စစ္မီးမရပါဘူး။ မိုဘိုင္းဖုန္းလိုင္းေတြလည္း ပ်က္စီးခဲ့ေပမဲ့ မစိုးရိမ္ပါနဲ႔။ အကုန္လုံး အဆင္ေျပသြားမွာ ပါ” ဟု သူက ေျပာသည္။

ဝန္ႀကီးခ်ဳပ္ မိုဒီမွာ ကိုးလ္ကတၱားေလဆိပ္သို့ ဆိုက္ေရာက္လာခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။

“သူ (ဝန္ႀကီးခ်ဳပ္ မိုဒီ) က ေဝဟင္ကေန ထိခိုက္ပ်က္စီးမွုေတြကို ၾကည့္ရွုၿပီး ေလ့လာသုံးသပ္ပါလိမ့္မယ္။ ၿပီးရင္ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ထူေထာင္ေရးကို ေဆြးေႏြးမွာပါ” ဟု ဝန္ႀကီးခ်ဳပ္႐ုံးက ေမလ ၂၁ ရက္တြင္ ထုတ္ျပန္ ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။
အေနာက္ဘင္ေဂါျပည္နယ္သို့ သြားေရာက္ၿပီးလ်င္ ဝန္ႀကီးခ်ဳပ္ မိုဒီက အိုဒစ္ရွာျပည္နယ္သို့ သြားေရာက္ မည္ျဖစ္သည္။

ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” ေၾကာင့္ အိုဒစ္ရွာျပည္နယ္တြင္ ထိခိုက္ပ်က္စီးမွုမ်ားစြာ ရွိခဲ့ၿပီး ကမ္း ရိုးတန္းခရိုင္အမ်ားအျပားတြင္ ဓာတ္အားလိုင္းမ်ား၊ ဆက္သြယ္ေရး အေျခခံအေဆာက္အအုံမ်ား ပ်က္စီးခဲ့ရ သည္။

ဆိုင္ကလုံးမုန္တိုင္း “အမ္ဖန္” ေၾကာင့္ အေနာက္ဘင္ေဂါႏွင့္ အိုဒစ္ရွာျပည္နယ္မ်ားတြင္ ေလျပင္းတိုက္ ခတ္မွုမ်ား၊ မိုးသည္းထန္စြာ ရြာသြန္းမွုမ်ား ျဖစ္ေပၚခဲ့ရာ ယာယီအိမ္မ်ား၊ လၽွပ္စစ္မီးတိုင္မ်ား ေလႏွင့္ လြင့္ေျမာခဲ့ရ သလို သစ္ပင္မ်ားစြာ အျမစ္ျပဳတ္ထြက္ခဲ့ေၾကာင္း သိရသည္။

ကိုးကား။ ။ဆင္ဟြာ

Ref; Death toll from cyclone in India’s West Bengal rises to 80

#PeopleMedia

(unicode)
“အမ်ဖန်” ကြောင့် အိန္ဒိယ၌ သေဆုံးသူ ၈၀ အထိ ရှိလာ
……………………………………………..

၂၀၂၀၊ မေ ၂၂

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်၌ ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” တိုက်ခတ်မှု ကြောင့် ယနေ့ သေဆုံးသူ ၈၀ ဦးအထိ မြင့်တက်လာခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ သုံးသပ်ရန် ရဟတ်ယာဉ်ဖြင့် အနောက်ဘင်ဂေါပြည်နယ်သို့ သွားရောက်ခဲ့သည်။

“ဒီမုန်တိုင်းကြောင့် လူ ၈၀ သေဆုံးခဲ့ပါတယ်။ ကျွန်မတို့ ပြည်သူ ၆၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပါတယ်။ ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ရဲ့ အချိန်နဲ့သိပ်သည်းမှုက တော်တော်ဆိုးပြီး သဘာဝဘေး အန္တရာယ်တစ်ခုဆိုတာထက် ပိုပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် မာမာတာဘာနာဂျီးက မီဒီယာများသို့ ပြော ကြားခဲ့သည်။

ဆိုင်ကလုံးမုန်တိုင်း၏ အချင်းဝက်မှာ ကီလိုမီတာ ၄၅၀ ရှိကြောင်း ၄င်းက ဆိုသည်။

“ကျွန်မဘဝမှာ ဒီလို မုန်တိုင်းမျိုး တစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ လျှပ်စစ်မီးဖြန့်ဖြူးတာတွေမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ကျွန်မအိမ်မှာ တောင် လျှပ်စစ်မီးမရပါဘူး။ မိုဘိုင်းဖုန်းလိုင်းတွေလည်း ပျက်စီးခဲ့ပေမဲ့ မစိုးရိမ်ပါနဲ့။ အကုန်လုံး အဆင်ပြေသွားမှာ ပါ” ဟု သူက ပြောသည်။

ဝန်ကြီးချုပ် မိုဒီမှာ ကိုးလ်ကတ္တားလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

“သူ (ဝန်ကြီးချုပ် မိုဒီ) က ဝေဟင်ကနေ ထိခိုက်ပျက်စီးမှုတွေကို ကြည့်ရှုပြီး လေ့လာသုံးသပ်ပါလိမ့်မယ်။ ပြီးရင် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို ဆွေးနွေးမှာပါ” ဟု ဝန်ကြီးချုပ်ရုံးက မေလ ၂၁ ရက်တွင် ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
အနောက်ဘင်ဂေါပြည်နယ်သို့ သွားရောက်ပြီးလျင် ဝန်ကြီးချုပ် မိုဒီက အိုဒစ်ရှာပြည်နယ်သို့ သွားရောက် မည်ဖြစ်သည်။

ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ကြောင့် အိုဒစ်ရှာပြည်နယ်တွင် ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ပြီး ကမ်း ရိုးတန်းခရိုင်အများအပြားတွင် ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရ သည်။

ဆိုင်ကလုံးမုန်တိုင်း “အမ်ဖန်” ကြောင့် အနောက်ဘင်ဂေါနှင့် အိုဒစ်ရှာပြည်နယ်များတွင် လေပြင်းတိုက် ခတ်မှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ရာ ယာယီအိမ်များ၊ လျှပ်စစ်မီးတိုင်များ လေနှင့် လွင့်မြောခဲ့ရ သလို သစ်ပင်များစွာ အမြစ်ပြုတ်ထွက်ခဲ့ကြောင်း သိရသည်။

ကိုးကား။ ။ဆင်ဟွာ

Ref; Death toll from cyclone in India’s West Bengal rises to 80

#PeopleMedia


Share this post