• Follow Us on

Home အမ်းမြို့နယ်၌ ရှု့ထောင့် သတင်းဌာနမှ သတင်းထောက် တစ်ဦးကို AA အဖွဲ့မှ လာရောက်သတ်ဖြတ်

အမ်းမြို့နယ်၌ ရှု့ထောင့် သတင်းဌာနမှ သတင်းထောက် တစ်ဦးကို AA အဖွဲ့မှ လာရောက်သတ်ဖြတ်

Share this post

ရန်ကုန်၊ စက်တင်ဘာ – ၁၀

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်ရှိမဲလက်မောင်းကျေးရွာ၌ နေထိုင်သော ရှု့ထောင့်သတင်းဌာနမှ သတင်းထောက်ဖြစ်သူ ဦးခိုင်အား AA အဖွဲ့မှ စက်တင်ဘာ ၉ ရက် ည ၁၂ နာရီအချိန်၌ AA အဖွဲဝင်များသည် ၎င်း၏ နေအိမ်၌ လာရောက်သတ်ဖြတ်ခဲ့သည်။

အလားတူ AA အဖြစ်ဝင်များသည် ပြည်သူများကို အကြမ်းဖက်လုပ်ရပ်များ မကြာခဏကျူးလွန်လေ့ရှိပြီး ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

“ဦးခိုင်က သူ့အိမ်မှာ မိသားစုနဲ့ရှိနေစဉ် AA အကြမ်းဖက်အဖွဲ့က လာရောက်သတ်ဖြတ်ခဲ့တာ။ဦးခိုင်ကို လာရောက်သတ်စဉ်က ၂ နှစ်အရွယ် မိန်းခလေးနဲ့ သူ၏ မိန်းမကို ရိုတ်သွားတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အတူ AA အဖွဲ့သည် မြေပုံမြို့နယ်ရှိ အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ကမ်းထောင့်ကြီးမြို့အလယ်ပိုင်းရပ်ကွက်ဈေးအတွင်း၌ ထားရှိခဲ့သည်။

ဓါတ်ပုံ- အသတ်ခံရသည့် ဦးခိုင်၏ နေအိမ်


Share this post