• Follow Us on

Home အမ်းမြို့နယ်တွင် ရန်ကုန်သို့သွားရောက်မည့် ဘင်္ဂလီ (၂) ဦးနှင့် ပို့ဆောင်သူ (၂) ဦးအား ဖမ်းဆီးရမိ

အမ်းမြို့နယ်တွင် ရန်ကုန်သို့သွားရောက်မည့် ဘင်္ဂလီ (၂) ဦးနှင့် ပို့ဆောင်သူ (၂) ဦးအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ယာဉ် အဝင်/အထွက်များ စစ်ဆေးနေစဉ် ရန်ကုန်သို့ သွားရောက်မည့် ဘင်္ဂလီ (၂) ဦးနှင့် အဆိုပါ ဘင်္ဂလီတို့အား ပို့ဆောင်မည့်သူ (၂) ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အမ်းမြို့နယ်ရှိ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယာဉ်အဝင်/အထွက်များ စစ်ဆေးနေစဉ် ပြည့်ဖြိုးမောင်ဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနေ နူဘေဂေါင် (၄၀) နှစ်နှင့် အသက် (၁၀) နှစ်အရွယ်ရှိ ၎င်း၏သမီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ အဆိုပါ ဘင်္ဂလီ ၂ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်နေ ခင်မောင်လေးနှင့် ပြည့်ဖြိုးမောင်တို့မှ ငွေကျပ်သိန်း ၈၀ ဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးရန် စစ် တွေမြို့နယ်မှ အမ်းမြို့နယ်၊ ရွာသာယာကျေးရွာသို့ ရွှေပြည်သစ် ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ခေါ် ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် ဆိုင်ကယ်တစ်စီးဝယ်ကာ ပြည့်ဖြိုးမောင်မှ ဘင်္ဂလီ ၂ ဦးကို တင်ဆောင်၍ လည်း ကောင်း၊ ခင်မောင်လေးမှ ဆိုင်ကယ်ကယ်ရီတစ်စီးဖြင့်လည်းကောင်း ဆက်လက်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ထွက်ခွာလာစဉ် ပြည့်ဖြိုးမောင်မှ ဘင်္ဂလီ ၂ ဦးကို တင်ဆောင်ပြီး ခေါ်ဆောင်လာစဉ် အမ်းမြို့နယ်ရှိ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ခင်မောင်လေးဆိုသူမှာလည်း ကံမြင့်ကန် ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားပြီး အမ်း-မင်းဘူးသွားကားလမ်းအနီး၌ စောင့်ဆိုင်းနေကြောင်း သိရှိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ခင်မောင်လေးအား ထပ်မံ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

သို့ဖြစ်၍ ဖမ်းဆီးရမိဘင်္ဂလီ ၂ ဦးကို လဝကအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး၊ ပို့ဆောင်သူ ၂ ဦးကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post