• Follow Us on

Home အမ္းၿမိဳ႕နယ္ရွိ မ်ဳိးခ်စ္သူစားေသာက္ဆုိင္ပုိင္ရွင္အား AA အဖြဲ႕မွ လုပ္ႀကံသတ္ျဖတ္

အမ္းၿမိဳ႕နယ္ရွိ မ်ဳိးခ်စ္သူစားေသာက္ဆုိင္ပုိင္ရွင္အား AA အဖြဲ႕မွ လုပ္ႀကံသတ္ျဖတ္

Share this post

စစ္ေတြ၊ ဒီဇင္ဘာ – ၁၇

ရခုိင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ ကဇုကိုင္းေက်းရြာအနီး အမ္း-စစ္ေတြ ကားလမ္းေဘးမုိင္တုိင္အမွတ္ (၂၇ မုိင္ ၂ ဖာလံု)အနီးရွိ မ်ဳိးခ်စ္သူစားေသာက္ဆုိင္၌ ပုိင္ရွင္ျဖစ္သူဦးသန္းေဇာ္(ဘ)ဦးပြအား ဒီဇင္ဘာ ၁၃ ရက္ ည ၆ နာရီ ခြဲခန္႔တြင္ အရပ္၀တ္မ်ား၀တ္ဆင္ထားသည့္ AA အဖြဲ႕ဝင္ ၆ ဦးမွ ဆုိင္အတြင္း၌ လာေရာက္စားေသာက္ၿပီး အသင့္ပါလာေသာဓားျဖင့္ထိုး၍ ထြက္ေျပးသြားခဲ့သည္။

ျဖစ္စဥ္မွာ ဦးသန္းေဇာ္သည္ သမီးျဖစ္သူႏွင့္အတူ ဆုိင္အတြင္းရွိေနစဥ္ အရပ္၀တ္ ၀တ္ဆင္ထားသည့္ AA အဖြဲ႕ဝင္ (၆) ဦး အသီးသီးေရာက္ရွိလာၿပီး ဘီယာမွာယူခဲ့ေၾကာင္း၊ ဦးသန္းေဇာ္မွ ဘီယာအား သြားေရာက္ခ် ေပးစဥ္ အသင့္ပါလာေသာဓားျဖင့္ အေၾကာင္းမဲ့၀ုိင္း၍ ထိုးသတ္ခဲ့ၿပီး ဆုိင္ေရွ႕လမ္းေပၚသို႔ ထြက္ေျပးသြားခဲ့ ေၾကာင္း သိရသည္။

အဆုိပါထိုးသတ္မႈေၾကာင့္ ဦးသန္းေဇာ္၏ ခႏၶာကိုယ္တြင္ လည္ပင္းတစ္၀က္ခန္႔ ျပတ္ရွဒဏ္ရာ တစ္ခ်က္၊ ၀ဲဘက္၀မ္းဗုိက္ ထုိးသြင္းဒဏ္ရာ တစ္ခ်က္၊ ယာဘက္ နံေစာင္းထိုးသြင္းဒဏ္ရာ တစ္ခ်က္၊ ယာဘက္ ႏုိ႔အံု အထက္ ထုိးသြင္းဒဏ္ရာ ႏွစ္ခ်က္၊ ၀ဲဘက္ခ်ဳိင္းေအာက္ထုိးသြင္းဒဏ္ရာႏွစ္ခ်က္ႏွင့္ ၀ဲဘက္လက္မျပတ္ရွ ဒဏ္ရာ တစ္ခ်က္တုိ႔ျဖင့္ အဆိုပါေနရာ၌ပင္ ေသဆံုးခဲ့သည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အမ္းၿမိဳ႕မရဲစခန္းမွ အၾကမ္းဖက္မႈတုိက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(က)/၁၄ အရ အမႈဖြင့္လွစ္၍ တရားခံမ်ားအား ဖမ္းဆီးရမိေရးလုပ္ထံုးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္လ်က္ရွိသည္။

#PeopleMedia

(Unicode)
အမ်းမြို့နယ်ရှိ မျိုးချစ်သူစားသောက်ဆိုင်ပိုင်ရှင်အား AA အဖွဲ့မှ လုပ်ကြံသတ်ဖြတ်
……………………………………………………………

စစ်တွေ၊ ဒီဇင်ဘာ – ၁၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီး အမ်း-စစ်တွေ ကားလမ်းဘေးမိုင်တိုင်အမှတ် (၂၇ မိုင် ၂ ဖာလုံ)အနီးရှိ မျိုးချစ်သူစားသောက်ဆိုင်၌ ပိုင်ရှင်ဖြစ်သူဦးသန်းဇော်(ဘ)ဦးပွအား ဒီဇင်ဘာ ၁၃ ရက် ည ၆ နာရီ ခွဲခန့်တွင် အရပ်ဝတ်များဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် ၆ ဦးမှ ဆိုင်အတွင်း၌ လာရောက်စားသောက်ပြီး အသင့်ပါလာသောဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးသန်းဇော်သည် သမီးဖြစ်သူနှင့်အတူ ဆိုင်အတွင်းရှိနေစဉ် အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် (၆) ဦး အသီးသီးရောက်ရှိလာပြီး ဘီယာမှာယူခဲ့ကြောင်း၊ ဦးသန်းဇော်မှ ဘီယာအား သွားရောက်ချ ပေးစဉ် အသင့်ပါလာသောဓားဖြင့် အကြောင်းမဲ့ဝိုင်း၍ ထိုးသတ်ခဲ့ပြီး ဆိုင်ရှေ့လမ်းပေါ်သို့ ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။

အဆိုပါထိုးသတ်မှုကြောင့် ဦးသန်းဇော်၏ ခန္ဓာကိုယ်တွင် လည်ပင်းတစ်ဝက်ခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက် နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက် နို့အုံ အထက် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် ဝဲဘက်လက်မပြတ်ရှ ဒဏ်ရာ တစ်ချက်တို့ဖြင့် အဆိုပါနေရာ၌ပင် သေဆုံးခဲ့သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၁၄ အရ အမှုဖွင့်လှစ်၍ တရားခံများအား ဖမ်းဆီးရမိရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia


Share this post