• Follow Us on

Home အမ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီးမှ သိုဝှက်သယ်ဆောင်လာသော ဘင်္ဂါလီ (၄) ဦး ဖမ်းဆီးရမိ

အမ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီးမှ သိုဝှက်သယ်ဆောင်လာသော ဘင်္ဂါလီ (၄) ဦး ဖမ်းဆီးရမိ

Share this post

ရခိုင်၊ မတ် ၁၂

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီးမှ သိုဝှက်သယ်ဆောင်လာသော ဘင်္ဂါလီ (၄) ဦးကို တာ ဝန်ရှိသူများက ဖမ်းဆီးနိုင်ခဲ့သည်။

 

ဖြစ်စဉ်မှာ အမ်းမြို့၊ ကံမြင့်ကန်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဝင်များမှ ယာဉ်အဝင်အထွက်များအား စစ်ဆေးနေစဉ် မတ် ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကျောက်တော်မြို့ နယ်၊ ရွာမကျေးရွာနေ ဦးထွန်းထွန်းကျော် မောင်းနှင်လာပြီး ယာဉ်နောက်လိုက်တို့ ၂ ဦး လိုက်ပါလာကာ ခရီး သည် ၄၅ ဦး တင်ဆောင်လာသည့် မာန်သစ္စာ ခရီးသည်တင်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်အောက်ဘက် ကုန်ပစ္စည်းများ ထားသိုသည့် အခန်းအတွင်း ကုန်ပစ္စည်းများကြား၌ သိုဝှက်သယ်ဆောင်လာသည့် ဘင်္ဂါလီ (၄) ဦးအား ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ ဘင်္ဂါလီများအား မေးမြန်းချက်အရ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ရောက်ရှိနေ ဆွေမျိုးများမှ စစ်တွေရှိလူပွဲစားတစ်ဦးထံ မလေးရှားရောက်ပါက သိန်း ၃၀ ပေးမည်ဖြစ်ကြောင်း ချိတ်ဆက်ပေးကြောင့် လိုက်ပါလာစဉ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိ ယာဉ်မောင်းဖြစ်သူအား စစ်ဆေးချက်အရ ဘင်္ဂါလီ များအား ရန်ကုန်မြို့သို့ ပို့ဆောင်ပေးမည်ဆိုပါ တစ်ဦးလျှင် ၁၁ သိန်းစီ ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့ရာ ၎င်းမှ သဘောတူခဲ့သဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးရမိ ဘင်္ဂါလီ (၄)ဦးအား လဝကအက်ဥပဒေ-၆(၂)/၆(၃) ဖြင့် အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တို့အား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………….

 


 


 


 


 

#PeopleMedia


Share this post