• Follow Us on

Home အမ္းၿမိဳ႕နယ္၌ မိုင္းေထာင္ေဖာက္ခဲြရန္ ေရာက္ရွိေနသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူႏွစ္ဦးအား မိုင္းမ်ားႏွင့္အတူ အေသဖမ္းဆီးရမိ

အမ္းၿမိဳ႕နယ္၌ မိုင္းေထာင္ေဖာက္ခဲြရန္ ေရာက္ရွိေနသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူႏွစ္ဦးအား မိုင္းမ်ားႏွင့္အတူ အေသဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၈

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားမွ ကံ့ေကာ္ၿမိဳင္ေက်းရြာအနီး တြင္ အရပ္ဝတ္ ဝတ္ဆင္ထားသည့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူႏွစ္ဦးအား ေဖာက္ခြဲဖ်က္ဆီးရာတြင္ အသံုးျပဳသည့္ ရီမုမိုင္းေလးလံုးႏွင့္အတူ ယမန္ေန႔က အေသဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္မွာ ကံ့ေကာ္ၿမိဳင္ေက်းရြာအနီး၌ လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ေက်းရြာကားလမ္း အနီး အရပ္ဝတ္ ဝတ္ဆင္ထားသည့္ မသကၤာဖြယ္လူႏွစ္ဦး ေတြ႕ရွိသျဖင့္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ရန္ေခၚယူ စဥ္ ထြက္ေျပးသြားသျဖင့္ ရပ္တန္႔ရန္ သတိေပးေျခာက္လွန္႔ပစ္ခတ္ဖမ္းဆီးခ့ဲရာ အဆိုပါႏွစ္ဦးကို အေသဖမ္း ဆီးရမိခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ၎တို႔ကိုေတြ႕ရွိသည္ အနီးဝန္းက်င္တစ္ဝိုက္အား စစ္ေဆးရွာေဖြရာ ခ်ဳံပုတ္အတြင္း ဝွက္ထား သည့္ YINXIANG-125 ေမာ္ေတာ္ဆုိင္ကယ္တစ္စီးႏွင့္အတူ ဆိုင္ကယ္တူးေဘာက္အတြင္းမွ ကြန္ၾကဴပိုက္ျဖင့္ ျပဳလုပ္ထားသည့္ အလ်ား ၈ လက္မ၊ အနံ ၄ လက္မခန္႔ရွိ ရီမုမိုင္းႏွစ္လံုးကို ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္းႏွင့္ ၄င္းအျပင္ကားလမ္း ဝဲ/ယာဘက္တို႔တြင္ အသင့္မိုင္းေထာင္ထားေသာ ကြန္ၾကဴပိုက္ျဖင့္ ျပဳလုပ္ထားသည့္ အလ်ား ၈ လက္မ၊ အနံ ၄ လက္မခန္႔ရွိ ရီမုမိုင္းႏွစ္လံုးတို႔အား ထပ္မံေဖာ္ထုတ္ေတြ႕ရွိခဲ့သျဖင့္ ေဒသခံျပည္ သူမ်ားႏွင့္ ခရီးသြားျပည္သူမ်ား အႏၲရာယ္မျဖစ္ေစေရး မိုင္းရွင္းလင္းေရးအဖြဲ႕ျဖင့္ သက္မဲ့ျပဳလုပ္ သိမ္းဆည္း ခဲ့ျခင္းျဖစ္သည္။

#PeopleMedia

(Unicode)
အမ်းမြို့နယ်၌ မိုင်းထောင်ဖောက်ခွဲရန် ရောက်ရှိနေသည့် AA အကြမ်းဖက် သောင်းကျန်းသူနှစ်ဦးအား မိုင်းများနှင့်အတူ အသေဖမ်းဆီးရမိ
……………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ – ၁၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များမှ ကံ့ကော်မြိုင်ကျေးရွာအနီး တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူနှစ်ဦးအား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ရီမုမိုင်းလေးလုံးနှင့်အတူ ယမန်နေ့က အသေဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကံ့ကော်မြိုင်ကျေးရွာအနီး၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကျေးရွာကားလမ်း အနီး အရပ်ဝတ် ဝတ်ဆင်ထားသည့် မသင်္ကာဖွယ်လူနှစ်ဦး တွေ့ရှိသဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ရန်ခေါ်ယူ စဉ် ထွက်ပြေးသွားသဖြင့် ရပ်တန့်ရန် သတိပေးခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အဆိုပါနှစ်ဦးကို အသေဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့ကိုတွေ့ရှိသည် အနီးဝန်းကျင်တစ်ဝိုက်အား စစ်ဆေးရှာဖွေရာ ချုံပုတ်အတွင်း ဝှက်ထား သည့် YINXIANG-125 မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆိုင်ကယ်တူးဘောက်အတွင်းမှ ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသည့် အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရီမုမိုင်းနှစ်လုံးကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ၄င်းအပြင်ကားလမ်း ဝဲ/ယာဘက်တို့တွင် အသင့်မိုင်းထောင်ထားသော ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသည့် အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရီမုမိုင်းနှစ်လုံးတို့အား ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သဖြင့် ဒေသခံပြည် သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေး မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်း ခဲ့ခြင်းဖြစ်သည်။

#PeopleMedia


Share this post