• Follow Us on

Home အမ်းမြို့နယ်၌ AA အဖွဲ့က မော်တော်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး၊ ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်


Share this post





#PeopleMedia #AA

(Unicode)
အမ်းမြို့နယ်၌ AA အဖွဲ့က မော်တော်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး၊ ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်
……………………………………………………………

နေပြည်တော် ဇန်နဝါရီ – ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာအနီး၌ ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မော်တော်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး၍ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲလျက်ရှိသည့် ရွှေကံ့ကော်ယာဉ်လိုင်းမှ ယာဉ်မောင်း ဝေပိုင်မိုး(ဘ) ဒုတိ ယအရာခံဗိုလ် ကျော်မိုး၊ မှော်ဘီမြို့နေသူ မောင်းနှင်လာသည့် ဟွန်ဒိုင်းအမျိုးအစား ကုန်ပစ္စည်းများ တင်ဆောင် လာသည့် မော်တော်ယာဉ်သည် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီ ခန့်တွင် မဲလက်မောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၈ မိုင် ၄ ဖာလုံနေရာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများက မော်တော်ယာဉ်ပေါ်ပါပစ္စည်းများနှင့် ယာဉ်အား မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ် ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #AA


Share this post