• Follow Us on

Home အမ်း-မအီကားလမ်း၌ AA အဖွဲ့ ထောင်ထားသည့် ရီမုကားမိုင်းတစ်လုံး ရှင်းလင်း


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၂၉



#PeopleMedia #Peace

(Unicode)
အမ်း-မအီကားလမ်း၌ AA အဖွဲ့ ထောင်ထားသည့် ရီမုကားမိုင်းတစ်လုံး ရှင်းလင်း
………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၉

ရခိုင်ပြည်နယ်၊ အမ်း-မအီကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် ရီမုကားမိုင်းတစ်လုံး ရှင်းလင်းလိုက်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

အမ်း-မအီကားလမ်း၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ခန့်တွင် အမ်းမြို့၏ တောင်ဘက် ၁ မိုင်ခန့်အကွာ ကားလမ်း၏ လက်ယာဘက် ၃ ပေခန့်အကွာ၌ AA အဖွဲ့ ထောင်ထားသည့် အလျား ၁၅ လက်မ၊ အနံ ၈ လက်မ၊ အကျယ် ၄ ဒသမ ၅ လက်မ၊ အမြင့် ၁၀ လက်မခန့်ရှိ ဇလားပုံသဏ္ဌာန် ဒေသန္တရရီမုကားမိုင်း တစ်လုံးတွေ့ရှိသဖြင့် တပ်မတော်မှ ရှင်းလင်းနိုင်ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက် နေစဉ် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရလျက်ရှိသည်။

#PeopleMedia #Peace


Share this post