• Follow Us on

Home အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သူ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံရ

အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သူ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ (People Media)

 

အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ စံပြကျေးရွာနေ ဒေါ်မေးဟိတ်က ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့နယ်နေ ချွေးမဖြစ်သူ မ xxx၊ ၂၁ နှစ်ကို တရုတ်လူမျိုးတစ်ဦးထံမှ ယွမ် (၃၀၀၀၀) ချေးယူထားသဖြင့် အလုပ်လုပ်၍ ဆပ်ပေးရန် ပြောဆို စည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့သည်။

 

ထို့နောက် ကွမ်းလုံမြို့မရဲစခန်း(ပ) ၂၁/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေး ဖွင့်ခဲ့ပြီး လားရှိုးခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်တွင် တရားခံ ဒေါ်မေးဟိတ်ကို လူကုန် ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။

 

#PeopleMedia #လူကုန်တား

 

(unicode)


…………………………………………………………….

 


 


 


 


 



Share this post