• Follow Us on

Home အမျိုးသမီးတစ်ဦးအား KTV ဆိုင်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်း စေခဲ့သူ (၂) ဦးအား ထောင်ဒဏ် (၁၀) နှစ်စီချမှတ်

အမျိုးသမီးတစ်ဦးအား KTV ဆိုင်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်း စေခဲ့သူ (၂) ဦးအား ထောင်ဒဏ် (၁၀) နှစ်စီချမှတ်

Share this post

နေပြည်တော်၊ မတ် ၃

 

အမျိုးသမီးတစ်ဦးအား KTV ဆိုင်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်း စေခဲ့သူ (၂) ဦးအား ထောင်ဒဏ် (၁၀) နှစ်စီချမှတ်လိုက်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မြိတ်တောင်ရပ်ကွက်နေ ညီညီစံ(ခ)သားညီနှင့် ဇော်မင်း နိုင်တို့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နေ မ….(၂၄) နှစ်အား မြိတ်မြို့ရှိ KTV ဆိုင်တွင် အရက်ရောင်းပြီး အခန်းတစ်ခါဝင်ပါက ငွေကျပ် ၁၀၀၀ နှင့် မုန့်ဖိုးများရကြောင်း ပြောဆိုစည်းရုံး၍ KTV သို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

 

KTV သို့ ပို့ဆောင်ပြီးနောက် မ….အား လွတ်လပ်စွာ သွားလာခွင့်မပေးဘဲ ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မြိတ်မြို့မရဲစခန်း (ပ) ၁၁၄၂/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြိတ်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ ခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် တရားခံ ညီညီစံ (ခ) သားညီနှင့် ဇော်မင်းနိုင်တို့အား လူကုန်ကူးမှု တားဆီးကာ ကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 

#PeopleMedia


Share this post