• Follow Us on

Home အမျိုးသမီးရာပေါင်းများစွာကို လိင်စော်ကားမှုများပြုလုပ်ခဲ့သည့် တူရကီမွတ်ဆလင်တရားဟောဆရာ ထောင်အနှစ် ၁၀၀၀ ကျော်ကျခံရ

အမျိုးသမီးရာပေါင်းများစွာကို လိင်စော်ကားမှုများပြုလုပ်ခဲ့သည့် တူရကီမွတ်ဆလင်တရားဟောဆရာ ထောင်အနှစ် ၁၀၀၀ ကျော်ကျခံရ

Share this post

အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တီဗွီတွင် အဝတ်အစားမလုံမလဲအမျိုးသမီးများ ခြံရံနေသည့်တူရကီမွတ်ဆလင်တရားဟောဆရာတယောက်ကို လိင်မှုခင်းများဖြင့် ထောင်ဒဏ်နှစ် ၁၀၀၀ ကျော်ကျခံရန် ပြီးခဲ့သည့်တနင်္လာနေ့တွင် အမိန့်ချလိုက်သည်။

ခွဲစိတ်အလှပြုပြင်မှုများပြုလုပ်ထားကာ သူကကြောင်ပေါက်လေးများဟုခေါ်သည့် အမျိုးသမီးများက တီဗွီစတူ ဒီယိုတွင် သူ့ကိုလှည့်ပတ်ကခုန်နေကြချိန်တွင် အက်နန် အော့တာသည် ရှေးရိုးစွဲအမြင်များကို ဟောပြောခဲ့ သည်။

သူ၏အဖွဲ့ကို ဖြိုခွင်းမှုတစိတ်တပိုင်းအနေဖြင့် အသက် ၆၄ နှစ်ရှိနေသည့် သူ့ကို ၂၀၁၈ ခုနှစ်တွင် အစ္စတန်ဘူ လ်ရဲတပ်ဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာမှုခင်းများဌာနခွဲက ထိန်းသိမ်းခဲ့သည်။

လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ အသက်မပြည့်သေးသူများကို လိင်အလွဲသုံးစားမှု၊ လိမ်လည်မှုနှင့် နိုင်ငံရေးနှင့် စစ် ရေးသူလျှိုလုပ်မှုများဖြင့် ထောင် ၁၀၇၅ နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့သည်ဟု တူရကီရှိ NTV ရုပ်သံလွှင့်ဌာနက သတင်းဖော်ပြသည်။

သူ့တွင် ရည်းစား ၁၀၀၀ နီးပါးရှိကြောင်း တရားသူကြီးကို ဒီဇင်ဘာတွင် အော့တာကဝန်ခံသည်။

၁၉၉၀ ပြည့်နှစ်များတွင် သူဦးဆောင်သောမွတ်ဆလင်ဘာသာရေးဂိုဏ်းခွဲတခုက လိင်အရှုပ်တော်ပုံအများ အပြားတွင်ပါဝင်ခဲ့ပြီးနောက် လူအများအာရုံစိုက်မိလာသည်။

သူ၏အွန်လိုင်းရုပ်သံ A9 television ကလည်း ၂၀၁၁ ခုနှစ်တွင် တူရကီဘာသာရေးခေါင်းဆောင်များ ကန့် ကွက်နေသည့်ကြားမှ စတင်အသံလွှင့်ခဲ့သည်။

သူနှင့် အခြားအမျိုးသမီးများကို အော့တာက ထပ်ကာထပ်ကာ လိင်ပိုင်းဆိုင်ရာအလွဲပြုကျင့်ခဲ့ကြောင်း တရား လိုအမျိုးသမီးတယောက်က တရားခွင်တွင်ပြောသည်။

သူအဓမ္မကျင့်ခဲ့သည့်အမျိုးသမီးအချို့ကို သန္ဓေတားဆေးများအတင်းအကြပ်သောက်ခိုင်းခဲ့သည်ဟုလည်း ထွက်ဆိုသည်။

သူ၏အိမ်တွင်တွေ့ခဲ့သည့် သန္ဓေတားဆေး ၆၉၀၀၀ ခန့်နှင့်ပတ်သက်၍ ရဲကမေးမြန်းရာတွင် ထိုဆေးများသည် အရေပြားဖောက်ပြန်မှုများနှင့် အမျိုးသမီးသဘာဝပုံမှန်မဖြစ်မှုများကိုကုသရာတွင်သုံးကြောင်း အော့တာက ဖြေကြားသည်။

Ref : Turkish TV preacher jailed for 1,000 years for sex crimes

#PeopleMedia

(unicode)
…………………………………………………………………












Ref : Turkish TV preacher jailed for 1,000 years for sex crimes

#PeopleMedia


Share this post