• Follow Us on

Home အမ်ိဳးသမီးသံုးပစၥည္းမ်ားကိုအခမဲ့ေပးသည့္ ကမာၻ႔ပထမဆံုးႏိုင္ငံ စေကာ့တလန္ျဖစ္လာ

အမ်ိဳးသမီးသံုးပစၥည္းမ်ားကိုအခမဲ့ေပးသည့္ ကမာၻ႔ပထမဆံုးႏိုင္ငံ စေကာ့တလန္ျဖစ္လာ

Share this post

လန္ဒန္၊ ႏို၀င္ဘာ ၂၅

အမ်ိဳးသမီးသံုးပစၥည္းမ်ားကို အားလံုးအခမဲ့ေပးသည့္ကမာၻ႔ပထမဆံုးႏိုင္ငံက စေကာ့တလန္ႏိုင္ငံျဖစ္လာသည္။

အဂၤါေန႔တြင္ စေကာ့တလန္လႊတ္ေတာ္က ဥပေဒတရပ္ကို တညီတၫြတ္တည္းအတည္ျပဳေပးသည္။

လက္႐ွိအခ်ိန္တြင္ ေဒသအာဏာပိုင္မ်ားအေနျဖင့္ လိုအပ္သည့္အမ်ိဳးသမီးတိုင္းကို လစဥ္သံုးပစၥည္းမ်ားအခမဲ့ ေပးရန္ ဥပေဒအရတာ၀န္႐ွိေနသည္။

လစဥ္သံုးပစၥည္းမ်ားမ၀ယ္ႏိုင္ေသာ ဆင္းရဲသည့္အမ်ိဳးသမီးမ်ားအတြက္ရည္႐ြယ္ၿပီး ေလဘာပါတီအမတ္အ မ်ိဳးသမီး မိုနီကာ လန္ႏြန္က အဆိုတင္ခဲ့ျခင္းျဖစ္သည္။

မစၥလန္ႏြန္က ၂၀၁၆ ခုႏွစ္ကတည္းက ဥပေဒအတြက္ စည္း႐ံုးလႈံ႔ေဆာ္မႈမ်ားလုပ္ခဲ့သည္။

၅ ရက္မွ်ၾကာသည့္ကာလအတြင္း ထိုပစၥည္းမ်ားအတြက္ ေပါင္ေငြ ၈ ေပါင္မွ်ကုန္က်ၿပီး ကုန္က်စရိတ္အတြက္ အမ်ိဳးသမီးအခ်ိဳ႕႐ုန္းကုန္ေနရသည္။

စေကာ့တလန္မွလူငယ္ ၂၀၀၀ ေက်ာ္ကိုစာရင္းေကာက္ယူရာ ေက်ာင္း၊ ေကာလိပ္သို႔ တကၠသိုလ္တက္ေနသည့္ စေကာ့တလန္မွအမ်ိဳးသမီးငယ္ ၄ ေယာက္တြင္ တေယာက္သည္ ထိုပစၥည္းမ်ာ၀ယ္ရန္ ႐ုန္းကန္ေနရသည္။

Ref : Period poverty: Scotland first in world to make period products free

#PeopleMedia

(unicode)
အမျိုးသမီးသုံးပစ္စည်းများကိုအခမဲ့ပေးသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ စကော့တလန်ဖြစ်လာ
…………………………………………….

လန်ဒန်၊ နိုဝင်ဘာ ၂၅

အမျိုးသမီးသုံးပစ္စည်းများကို အားလုံးအခမဲ့ပေးသည့်ကမ္ဘာ့ပထမဆုံးနိုင်ငံက စကော့တလန်နိုင်ငံဖြစ်လာသည်။

အင်္ဂါနေ့တွင် စကော့တလန်လွှတ်တော်က ဥပဒေတရပ်ကို တညီတညွတ်တည်းအတည်ပြုပေးသည်။

လက်ရှိအချိန်တွင် ဒေသအာဏာပိုင်များအနေဖြင့် လိုအပ်သည့်အမျိုးသမီးတိုင်းကို လစဉ်သုံးပစ္စည်းများအခမဲ့ ပေးရန် ဥပဒေအရတာဝန်ရှိနေသည်။

လစဉ်သုံးပစ္စည်းများမဝယ်နိုင်သော ဆင်းရဲသည့်အမျိုးသမီးများအတွက်ရည်ရွယ်ပြီး လေဘာပါတီအမတ်အ မျိုးသမီး မိုနီကာ လန်နွန်က အဆိုတင်ခဲ့ခြင်းဖြစ်သည်။

မစ္စလန်နွန်က ၂၀၁၆ ခုနှစ်ကတည်းက ဥပဒေအတွက် စည်းရုံးလှုံ့ဆော်မှုများလုပ်ခဲ့သည်။

၅ ရက်မျှကြာသည့်ကာလအတွင်း ထိုပစ္စည်းများအတွက် ပေါင်ငွေ ၈ ပေါင်မျှကုန်ကျပြီး ကုန်ကျစရိတ်အတွက် အမျိုးသမီးအချို့ရုန်းကုန်နေရသည်။

စကော့တလန်မှလူငယ် ၂၀၀၀ ကျော်ကိုစာရင်းကောက်ယူရာ ကျောင်း၊ ကောလိပ်သို့ တက္ကသိုလ်တက်နေသည့် စကော့တလန်မှအမျိုးသမီးငယ် ၄ ယောက်တွင် တယောက်သည် ထိုပစ္စည်းမျာဝယ်ရန် ရုန်းကန်နေရသည်။

Ref : Period poverty: Scotland first in world to make period products free

#PeopleMedia


Share this post