• Follow Us on
Latest News

Home အမ်ိဳးသားညီၫြတ္ေရးကိုေဖာ္ေဆာင္သည့္အေနျဖင့္ ၫြန္႔ေပါင္းအစိုးရ ကို ပိုသေဘာက်ႏွစ္သက္ေၾကာင္း ျပည္ သူ႔ပါတီဒုဥကၠ႒ ဦးမင္းေဇ ယ်မွတ္ခ်က္ျပဳေျပာၾကား

အမ်ိဳးသားညီၫြတ္ေရးကိုေဖာ္ေဆာင္သည့္အေနျဖင့္ ၫြန္႔ေပါင္းအစိုးရ ကို ပိုသေဘာက်ႏွစ္သက္ေၾကာင္း ျပည္ သူ႔ပါတီဒုဥကၠ႒ ဦးမင္းေဇ ယ်မွတ္ခ်က္ျပဳေျပာၾကား

Share this post

အမ်ိဳးသားညီၫြတ္ေရးကိုေဖာ္ေဆာင္သည့္အေနျဖင့္ ၫြန္႔ေပါင္းအစိုးရကို ပိုသေဘာက်ႏွစ္သက္ေၾကာင္း ျပည္ သူ႔ပါတီဒုဥကၠဌ ဦးမင္းေဇယ်က ေျပာၾကားလိုက္သည္။

၂၀၂၀ ေရြးေကာက္ပြဲႏွင့္ ပတ္သက္၍ ဇူလိုင္ ၂၁ ရက္ people media က ဆက္သြယ္ေမးျမန္းရာတြင္ ျပည္သူ႔ ပါတီဒုဥကၠ႒ ဦးမင္းေဇယ်ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“၂၀၂၀ ေရြးေကာက္ပြဲကေတာ့ အဓိကအားေကာင္းတဲ့ပါတီႀကီးေတြနဲ႔ ကြ်န္ေတာ္တို႔ပါတီက ယွဥ္ၿပဳိင္ရဖို႔ရွိတာ ေပါ့။ ၂၀၂၀ အလြန္အစိုးရကေတာ့ ၫြန္႔ေပါင္းဆိုတာထက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရဆိုတဲ့စကားလုံးကို ကြ်န္ေတာ္တို႔ကသုံးတယ္။ ဒါကိုေယဘုယ် လူေတြက ၫြန္႔ေပါင္းအစိုးရလို႔ေျပာတာေပါ့။ ေျပာခ်င္တာကေတာ့ အစိုးရတစ္ရပ္ဖြဲ႔စည္းတဲ့အခါမွာ ဘယ္ေလာက္ပဲတစ္ပါတီတည္းက မဲအျပတ္အသတ္ႏိုင္ႏိုင္ဘယ္ေလာက္ပဲ တစ္ပါတီထဲက အစိုးရဖြဲ႔စည္းႏိုင္ ဖြဲ႔စည္းႏိုင္။ အားေကာင္းခိုင္မာတဲ့ အစိုးရတစ္ရပ္ျဖစ္ဖို႔ဆိုရင္ အမ်ိဳးသားညီ ၫြတ္ေရးကို ေဖာ္ေဆာင္တဲ့အေနနဲ႔ေရာ အရည္အခ်င္းရွိတဲ့လူေတာ္လူေကာင္းေတြပါလာႏိုင္တယ္ဆိုတဲ့ သေဘာအရေရာ ကြ်န္ေတာ္တို႔က ၂၀၂၀ အလြန္မွာ ဒီလိုဖြဲ႕ရင္ ပိုေကာင္းမယ္ဆိုတဲ့သေဘာထားရွိတယ္”ဟု ၎ကေျပာသည္။

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ NLD ဒုဥကၠဌ ၂ ေဒါက္တာေဇာ္ျမင့္ေမာင္မွ သတင္းမီဒီယာ မ်ားသို႔ ေျပာၾကားထားရာတြင္ ၫြန္႔ေပါင္းအစိုးရဖြဲ႔ရန္ စိတ္ကူးပင္မရွိေၾကာင္းဆိုထားသည္။

အဆိုပါေျပာစကားအေပၚ SNLD မွ ဦးစိုင္းၫြန္႔လြင္မွဆိုရာတြင္ ၎စကားသည္တိုင္းရင္းသားပါတီမ်ားအေပၚ မေျပာသင့္သည့္စကားျဖစ္ၿပီး ၎ေျပာစကားကိုမေမ့ရန္လိုအပ္ေၾကာင္း သတင္းမီဒီယာတြင္ေျပာၾကားထား သည္။

ျပည္သူ႔ပါတီအေနျဖင့္ ၂၀၂၀ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း တင္သြင္းမႈေလွ်ာက္လႊာ ၁၅၀ ကို လက္ခံထားရွိၿပီး စီစစ္ေနေၾကာင္း၊ ေရြးေကာက္ပြဲတြင္တိုင္းေဒသႀကီးမ်ားကို အားကိုးအားထားျပဳယွဥ္ၿပဳိင္သြား မည္ျဖစ္ေၾကာင္း ဦးမင္းေဇယ်ကေျပာသည္။

#PeopleMedia

(unicode)
အမျိုးသားညီညွတ်ရေးကိုဖော်ဆောင်သည့်အနေဖြင့် ညွန့်ပေါင်းအစိုးရ ကို ပိုသဘောကျနှစ်သက်ကြောင်း ပြည် သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေ ယျမှတ်ချက်ပြုပြောကြား ……………………………………………………

အမျိုးသားညီညွတ်ရေးကိုဖော်ဆောင်သည့်အနေဖြင့် ညွန့်ပေါင်းအစိုးရကို ပိုသဘောကျနှစ်သက်ကြောင်း ပြည် သူ့ပါတီဒုဥက္ကဌ ဦးမင်းဇေယျက ပြောကြားလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဇူလိုင် ၂၁ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် ပြည်သူ့ ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျကပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၀ ရွေးကောက်ပွဲကတော့ အဓိကအားကောင်းတဲ့ပါတီကြီးတွေနဲ့ ကျွန်တော်တို့ပါတီက ယှဉ်ပြိုင်ရဖို့ရှိတာ ပေါ့။ ၂၀၂၀ အလွန်အစိုးရကတော့ ညွန့်ပေါင်းဆိုတာထက် အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့စကားလုံးကို ကျွန်တော်တို့ကသုံးတယ်။ ဒါကိုယေဘုယျ လူတွေက ညွန့်ပေါင်းအစိုးရလို့ပြောတာပေါ့။ ပြောချင်တာကတော့ အစိုးရတစ်ရပ်ဖွဲ့စည်းတဲ့အခါမှာ ဘယ်လောက်ပဲတစ်ပါတီတည်းက မဲအပြတ်အသတ်နိုင်နိုင်ဘယ်လောက်ပဲ တစ်ပါတီထဲက အစိုးရဖွဲ့စည်းနိုင် ဖွဲ့စည်းနိုင်။ အားကောင်းခိုင်မာတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ဆိုရင် အမျိုးသားညီ ညွတ်ရေးကို ဖော်ဆောင်တဲ့အနေနဲ့ရော အရည်အချင်းရှိတဲ့လူတော်လူကောင်းတွေပါလာနိုင်တယ်ဆိုတဲ့ သဘောအရရော ကျွန်တော်တို့က ၂၀၂၀ အလွန်မှာ ဒီလိုဖွဲ့ရင် ပိုကောင်းမယ်ဆိုတဲ့သဘောထားရှိတယ်”ဟု ၎င်းကပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ NLD ဒုဥက္ကဌ ၂ ဒေါက်တာဇော်မြင့်မောင်မှ သတင်းမီဒီယာ များသို့ ပြောကြားထားရာတွင် ညွန့်ပေါင်းအစိုးရဖွဲ့ရန် စိတ်ကူးပင်မရှိကြောင်းဆိုထားသည်။

အဆိုပါပြောစကားအပေါ် SNLD မှ ဦးစိုင်းညွန့်လွင်မှဆိုရာတွင် ၎င်းစကားသည်တိုင်းရင်းသားပါတီများအပေါ် မပြောသင့်သည့်စကားဖြစ်ပြီး ၎င်းပြောစကားကိုမမေ့ရန်လိုအပ်ကြောင်း သတင်းမီဒီယာတွင်ပြောကြားထား သည်။

ပြည်သူ့ပါတီအနေဖြင့် ၂၀၂၀ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တင်သွင်းမှုလျှောက်လွှာ ၁၅၀ ကို လက်ခံထားရှိပြီး စီစစ်နေကြောင်း၊ ရွေးကောက်ပွဲတွင်တိုင်းဒေသကြီးများကို အားကိုးအားထားပြုယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ဦးမင်းဇေယျကပြောသည်။

#PeopleMedia


Share this post